Thursday, September 13, 2012

iPhone 5 ၏ ထူးခြားချက်များ

အားလုံးက မျှော်လင့် စောင့်စားနေခဲ့ကြတဲ့ iPhone 5 ကို September 12 ရက်နေ့ မှာ ထွက်ရှိလာခဲ့ပါပြီ၊ အများက ခန့် မှန်ထားကြတဲ့အတိုင်း ပိုမိုကြည်လင် ပြတ်သားသော 4 inch (1136 x 640) Retina display screen ၊ ပါးလွှာပေါ့ပါးသော အလူမီနီယံ ကိုယ်ထည်နဲ့  သေသပ် ခန့် ငြားလှပါတယ်။

iPhone 5 မှာ ကိုယ်ထည် ဒီဇိုင်း တစ်ခုလုံးက iPhone 4, 4S တို့ နဲ့  လုံးဝသီးသန့် စွာ အပြင်ပန်းတွင် ကွဲပြားမသွားသော်လည်း အခြားကွဲပြားခြားနားချက်များစွာ ရှိနေတာကို တွေ့ ရပါလိမ့်မယ်။


Display


iPhone 5 သည် 7.5 mm (အထူ)၊ 112 grams (အလေးချိန်) သာရှိ၍ iPhone 4S ထက် 18% ပိုမိုပါးလွှာပြီး 20% ပိုမိုပေါ့ပါးပါတယ်။ 4-inch Retina display (မျက်ကြည်လွှာကို သက်သာစေသော) ပါရှိပြီး Resolution ကတော့ (1136 x 640) ဖြစ်ပါတယ်။ Screen width ကတော့ iPhone 4S နဲ့  အတူတူပင်ဖြစ်ပြီး အနည်းငယ် ပိုမိုရှည်လျှားလာတာဖြစ်ပါတယ်။
ဒီအတွက် movie များကို TV မှာ widescreen အနေနဲ့  ပြန်လည်ကြည့်ရှုတဲ့အခါ အမည်းဘောင် (Letter Box) ပေါ်လာမှာ မဟုတ်တော့ပါဘူး။

Hardware

iPhone 5 ၏ အရှေ့ ပိုင်းမှာ iPhone 4S နှင့် ထူးထူးခြားခြား ကွာခြားမှု မရှိသော်လည်း အနောက်ဖက်ပိုင်းမှာတော့ ကွာခြားမှုရှိနေပါတယ်။ iphone 5 ရဲ့  အထက်ပိုင်းနဲ့ အောက်ဖက် အပိုင်းငယ်လေးတွေမှာ glass သုံးထားတဲ့ အတွက် ပိုမိုသစ်လွင် တောက်ပြောင်နေတာကို တွေ့ ရပါလိမ့်မယ်။


Buttom များကတော့ သူ့ နေရာနှင့်သူ အရင်အတိုင်းရှိနေပါတယ်။ ထူးခြားတာကတော့ iPhone 5 မှာ မိုက်ကရိုဖုန်း သုံးခုပါရှိလာပါတယ်၊ တစ်ခုက အရှေ့ ဘက်၊ တစ်ခုက အနောက်ဖက် နဲ့  တစ်ခုက အောက်ဖက်တို့ မှာ ဖြစ်ပါတယ်၊ အဲဒီ မိုက်ကရိုဖုန်းတွေက တစ်ဆင့် ပိုမိုကြည်လင်ပြတ်သားပြီး Noice လျှော့ချပေးနိုင်မယ့် Audio quality ကို ရရှိပါလိမ့်မယ်။


Lightning connector လို့  အမည်ပေးထားတဲ့ USB connector ကလည်း ယခင် 30 pin connector ထက် 80% ပိုမိုသေးငယ်သွားပြီး iPhone နှင့်ချိပ်ဆက်ရာတွင် ယခင် 30 pin connector တုန်းကလို Connector ပေါ်ရှိ အမှတ်သား ကိုကြည့်ပြီး အထက်အောက် (pin ရှိတဲ့ဖက်က အပေါ်) ဂရုပြု၍ ချိပ်ဆက်ဖို့  သတိထားရန် မလိုတော့ပဲ အဆင်ပြေသလို ချိပ်ဆက်လို့ ရနိုင်ပါပြီ။


iPhone 5 ရဲ့  နားကျပ် (EarPods) လေးကလည်း ပိုမိုချစ်စရာကောင်းပြီး Left & Right ကို ဒီဇိုင်း တစ်မျိုးစီ ပြောင်းလဲထားပါတယ်။


Internals


iPhone 5 တွင် အသုံးပြုထားသော A6 processor မှာ iPhone 4S, iPad 2, New iPad တို့ တွင် အသုံးပြုထားသော A5 processor တို့ ထက် နှစ်ဆပိုမို မြန်ဆန်သောကြောင့် App, web page, graphic စသည် အားလုံးတို့ ၏ လုပ်ဆောင်ချက်များမှာလည်း နှစ်ဆပိုမိုမြန်ဆန်လာပါသည်။


ထူးထူးခြားခြား အနေနဲ့  micro SIM ထက် 44% ပိုမိုသေးငယ်သော nano SIM ထည့်သွင်းထားပြီး 4G LTE နည်းပညာ ကိုပေါင်းစပ်ထားတဲ့ အတွက် Wireless အမြန်နှုန်း 100Mbps ရရှိမှာဖြစ်ပါတယ် (4G LTE support Carrier) (4G LTE, is a standard for wireless communication of high-speed data for mobile phones and data terminals). LTE support ကို Germany, UK, Australia, Japan, Canada, Hong Kong နှင့် Singapore တို့ မှာ ရရှိပါလိမ့်မည်။
Singapore အတွက် LTE ကို "SingTel" နဲ့  "M1" က ရရှိထားပါတယ်။

Camera


8MP (MegaPixel) iSight ကင်မရာက မြင်ကွင်းကျယ် Panorama photo တွေကို တစ်ချိန်ထဲမှာ ရိုက်ယူရနိုင်ပါတယ်။ ဒါ့အပြင် 1080pixal အရည်သွေးမြင့် HD video လည်းရိုက်ကူးနိုင်မှာ ဖြစ်ပါတယ် ပိုပြီးထူးခြားတာကတော့ face detection 10 ခုပါဝင်ပြီး video stabilizer ကလည်း ရိုက်ကူးစဉ် တုန်ခါမှုကို ထိန်းပေးနိုင်ပါလိမ့်မယ်။


ရိုက်ယူထားတဲ့ ဗွီဒီယိုကိုလည်း iPhone ထဲမှာတင် ပြန်လည် Edit လုပ်ယူနိုင်ပါတယ်။


Battery

iPhone 5 မှာ ထူးခြားတဲ့ စွမ်းဆောင်ချက်တွေ များစွာပါလာသလို Battery life ကိုလည်း တိုးမြှင့်ပေးထားပါတယ်။ LET Browsing (8 hours)၊ Talk Time (8 Hours)၊ Video Playback Time (10 hours) ရရှိမှာဖြစ်ပါတယ်။

Others


iPhone 5 ကို 16GB, 32GB, 64GB (Black / White) ရရှိနိုင်ပြီး iOS 6 နဲ့ အတူ ရောက်ရှိလာမှာဖြစ်ပါတယ်။ iOS 6 မှာ Map ကို 3D အနေနဲ့  ရရှိမှာ ဖြစ်ပြီး Siri ကလည်း မိမိသိလိုသမျှကို ဖြေကြားတာထက် ပိုမိုသော လုပ်ဆောင်ချက် အသစ်တွေ ပါဝင်လာမှာဖြစ်ပါတယ်။




iPhone 5 pre-order ကို 14th September မှာ စတင်လက်ခံပြီး 21st September မှာ စတင်ဖြန့် ဖြူးသွားမှာဖြစ်ပါတယ်။ ပထမအသုတ် အနေနဲ့  United States, Canada, UK, France, Germany, Australia, Japan, Hong Kong, Singapore တို့ ကို တင်ပို့ သွားမှာဖြစ်ပြီး September 28th နောက်ပိုင်းမှာ အခြားနိုင်ငံပေါင်း ၁၀၀ ကျော်ကို ဖြန့် ဖြူးသွားမှာဖြစ်ပါတယ်။



Credit Photos : Apple.com

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

မိုးသိကြား

8 comments :

  1. nano sim ကဒီမှာလုပ်လို.ရဘီလားထပ်ဖြတ်ရဦးမှာလားဖြတ်လို.ရောရသေးလား

    ReplyDelete
    Replies
    1. Nano SIM က ဖြတ်မယ်ဆိုရင် အလွန် အန္တရာယ်များပါတယ်၊ Micro ဖြတ်တုန်းကတောင် ကပ်သပ်ပြီး ဖြတ်ရတာဆိုတော့၊ မပူပါနဲ့  Cutter တွေတော့ ပေါ်လာဦးမှာပေါ့...

      Delete
  2. ကိုမိုးသိကြား
    ကျွန်တော်တစ်ခုမေးပါရစေ..iPad1,iPhone4G မှာ Jailbreak လုပ်ပြီး Source add ပြီး app သွင်းပါတယ်ခင်ဗျ..(With iTool on Windows)iOS 5.1.1
    App သွင်းလို့တော့ရပါတယ် ဒါပေမယ့် App ကိုဖွင့်ကြည့်တော့ မရဘူးဖြစ်နေတယ်..အကို .ကျွန်တော် အဲဒီ Problem ဖြစ်တာနှစ်ခါရှိပြီ.ကူညီပါဦး တင်ပေးသမျှအားလုံးအတွက်လည်းကျေးဇူးတင်ပါတယ်
    လေးစားလျှက်ပါ

    ReplyDelete
  3. Nano sim ကမြန်မာမှာသုံးလိုရပမလားကိုမိုးသကြားရေ

    ReplyDelete
  4. It is not sure to use Myanmar because Nano sim not only change the size , slightly thinner than Micro Sim and Normal Sim. Thickness 0.67 instead of 0.76mm.

    ReplyDelete
  5. Tele: Minister said that nano sim card can't use in Myanmar. Because Myanmar doesn't have nano Technology.

    ReplyDelete
  6. Iphone 5 CYDIA မြန်မြန်လေးတင်းပေး ပါနော် ဒီမှာမရောက်သေးလို့ ..................ကျေးဇူးတင်းလွှာ

    ReplyDelete