Apple က သူ့ ရဲ့  iPhone 5 ကို မိတ်ဆက်ခြင်းနဲ့  အတူ ယခင် မော်ဒယ် အဟောင်းများဖြစ်တဲ့ iPhone 4, 4S တို့ ကိုပါ ဈေးလျှော့ပေးခဲ့ပါတယ်။ iPhone 5 ကို $199 (16GB), $299 (32GB), $399(64GB) နဲ့  ဈေးဖွင့်ပေးခဲ့ပြီး iPhone 4S (16GB) ကို $99 ၊ iPhone 4 (8GB) ကိုတော့ FREE အနေနဲ့  သတ်မှတ်လိုက်ပါတယ်...
အထက်ပါ ဈေးနှုန်းများကတော့ US မှာရှိတဲ့ Carrier Service များနဲ့  စာချုပ် (contract) ပြီး သုံးစွဲခွင့်ရမယ့် ဈေးနှုန်းများဖြစ်ပါတယ်။ စင်ကာပူ အပါအဝင် အခြားနိုင်ငံများမှာတော့ ဘယ်လို Offer မျိုးတက်လာမလဲ ဆိုတာကို စောင့်ကြည့်ရပါလိမ့်မယ်။ iPhone 4S ဟာ ပေါ်လာတာ ဘာမှမကြာသေးလို့  still new လို့  ပြောမယ် ဆိုရင်တောင် ပြောလို့ ရပါသေးတယ်။ iPhone 3G, 3GS တို့ ကတော့ စာရင်းမရှိတော့ပါဘူး.....
ဒီတော့ Apple ရဲ့  လုပ်ကွက်က $99 (သို့ ) Free နဲ့  iPhone 4S, 4 ကိုင်မလား အလားတူ (သို့ ) ပိုမိုသော အလိုက်မျိုးပေးပြီး Android ကိုင်မလား ဆိုတာ user တွေကို စဉ်းစားခိုင်းလိုက်တယ်လို့  မြင်မိပါတယ်။
ကဲ.... မိတ်ဆွေ ဆိုရင်ရော ဘာရွေးချယ်မလဲ.....?
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
မိုးသိကြား
iPhone 4 Japan Lock က...... Official Lock ဖြစ်ဖို့ အလားအလာ ရှိနိုင်လား ကိုမိုးသကြား ခင်ဗျား
ReplyDeleteJapan က Carrier company က offer လုပ်ရင်တော့ ဖြစ်ဖို့  အလားအလာ ရှိပါတယ်၊ သို့ မဟုတ် ဆက်သွယ်ပြီး Official Unlock လုပ်ပေးနိုင်မလား ဆွေးနွေးကြည့်ပေါ့
DeleteiPhone are FOREVER
ReplyDelete