Friday, September 28, 2012

ကိုတတ်ပါ့ "မိုးသိကြား"

မနေ့ က အလုပ်များနေတဲ့ အချိန်မှာ ကျွန်တော့်ထံ ဖုန်းဝင်လာလို့  ကြည့်လိုက်တော့ လုပ်ဖော်ကိုင်ဖက်ထဲက အစ်ကိုတစ်ယောက် ဖုန်းဖြစ်နေတာနဲ့  ကောက်ကိုင်လိုက်တယ်၊ ညနေစာ မုန့် ဟင်းခါးချက်ထားလို့  လာစားဖို့  လှမ်းဖိတ်တာ ဖြစ်နေလို့  အတိုင်းမသိ ဝမ်းသာ သွားတယ်၊ မုန့် ဟင်းခါး မစားရတာ ကြာပြီမို့ လားး...

ဒီလိုနဲ့  ညနေ ကျတော့ တစ်ခါထည်း သူ့ အိမ်သွားလိုက်တာပေါ့၊ ဗိုက်ကလည်း ဆာနေတော့ အဝဆွဲလိုက်မယ်ဆိုပြီး အားခဲသွားတာပေါ့။ ဒါနဲ့ သူအိမ်လဲရောက်ရော သူက ဆီးပြီးမေးတော့တာပဲ "မလာစဖူး အလာထူးလှချေလား" တဲ့.... ကျွန်တော်က "ဘယ်လိုလဲ ကျက်ပြီလား၊ ဒီမှာ ဗိုက်ဆာနေပြီ" ဆိုတော့ "ဟေ... ဘယ်သူ ဘာချက်လို့ တုန်းဟ" ဆိုတော့ ကျွန်တော်က "ဟာ... အစ်ကိုနောက်နေတာလား၊ အစ်ကိုပဲ ညနေ မုန့် ဟင်းခါးလားစား ဆိုလို့  ကျွန်တော်လာတာလေ" ဆိုတော့ "မင်းကို ဘယ်သူ ကြပ်လိုက်ပြန်ပြီလဲ၊ ငါတောင် ဘာမှ မချက်ရသေးဘူးတဲ့"
ကျွန်တော် သံသယရှိသွားတယ် တစ်ခုခုတော့ လွဲနေပြီဆိုတာ၊ သူက တော်ရုံ စတတ် နောက်တတ်သူ မဟုတ်ပါ။

"အစ်ကို ကိုယ်တိုင် ခေါ်ထားတာလေ" ဆိုပြီး ကျွန်တော့ ဖုန်းရဲ့  Call History ကိုဖွင့်ပြီး ညနေ ၃:၄၅ လောက်မှာ သူ့ နံပါတ်နဲ့  ခေါ်ထားတာကို ပြလိုက်တယ်။ "ဟ...ကောင်ရ ငါလဲ မခေါ်ရပါလား" ဆိုပြီး သူ့  Call History ပြန်ဖွင့် ပြတော့ ကျွန်တော့်ဆီ ခေါ်တာလုံးဝ မတွေ့ ရပါဘူးးး.....

ကျွန်တော် သူနဲ့  အပြန်အလှန် မငြင်းတော့ပါဘူး ကျွန်တော် ခံလိုက်ရပြီဆိုတာ သိလိုက်ပါတော့တယ်၊ ဒါနဲ့  သူ့ ကို နှုတ်ဆက်ပြီး ပြန်လာခဲ့ပါတယ်၊ သူကတောင် စိတ်မကောင်းဖြစ်ပြီး ထမင်းလိုက်ကျွေးမယ်ပြောပါသေးတယ် ဒါပေမယ့် ကျွန်တော် မစားဖြစ်တော့ပါဘူး အကြီးကြီး ရင်ခံသွားပြီလေ....

နောက်နေ့  မနက်ကျတော့ လုံးဝ မဆုံတာကြာပြီဖြစ်တဲ့ (အပြင်မှာ မဆုံဖြစ်ပေမယ့် ဖုန်းနဲ့  ပက်သက်ရင် ခဏခဏ လှမ်းမေးတတ်တဲ့) ညီငယ်တစ်ယောက် ဖုန်းဆက်လာပါတယ်။ "အစ်ကို့ ကို မနေ့ က နောက်လိုက်တာ Sorry နော်" လို့  ပြောလိုက်တော့ ဒင်းလက်ချက်ဆိုတာ သိလိုက်ပြီးးး....

ခံလိုက်ရတာလဲ မပြောနဲ့ တော့လေ ကျွန်တော် iPhone Tweaks တွေနောက် မလိုက်တာ ကြာပြီလေ ခဏခဏ ဒုက္ခပေးတတ်လွန်းလို့ ။ ဒါပေမယ့် အခု Tweak လေးကတော့ ဖုန်းကို ဒုက္ခမပေးပါဘူး အခြားသူကိုတော့ ဒုက္ခပေးချင်ရင်တော့ ပေးလို့ ရတယ်...

"iVoice Changer" လို့  အမည်ရပါတယ်၊ Cydia -> Search -> iVoice Changer လို့  ရိုက်ရှာလိုက်ရင် တွေ့ ရပါလိမ့်မယ်၊ BigBoss ရဲ့  App တစ်ခုဖြစ်ပါတယ်။





iVoice Changer ကိုသုံးပြီး မိမိခေါ်ဆိုလိုသူရဲ့  ဖုန်းမှာ ပေါ်စေချင်တဲ့ Caller ID ရဲ့  ဖုန်းနံပါတ်ကို ရိုက်ထည့်ပြီး ခေါ်ဆိုနိုင်ပြီး အသံပြောင်းအလဲပါ လုပ်နိုင်ပါတယ်....
အပျော်ပေါ့ဗျာ.....

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

7 comments :

  1. ခွိခွိခွိ လေတာပေါ့ လေတာပေါ့ မနောက်ကောင်း နောက်ကောင်း

    ReplyDelete
  2. စိတ်မကောင်းစရာတစ်ခုက မြန်မာ မရဘူးဗျ....ကိုမိုးရေ နည်းလမ်းလေးဘာလေး မရှိဘူးလားဗျာ....

    ReplyDelete
  3. ကျနော်သုံးလို့မရဘူး အကို...ခေါ်လို့ကိုမရတာ..ခေါ်လိုက်ရင် ခေါ်ဆိုတဲ့နံပါတ်မရှိဘူးလို့ဘဲပြောနေတာ.. နိုင်ငံကုဒ်ပါထည့်ပြီးခေါ်ကြည့်တယ်မရဝူး..

    ReplyDelete
  4. i cant call
    it appears country and not working
    why?
    pls explain

    ReplyDelete