Monday, September 24, 2012

iOS 6.0 အတွက် Cydia Tweaks စာရင်းများ


iOS 6.0 အတွက် Official Jailbreak မထွက်လာသေးပါဘူး၊ ဒါပေမယ့် iPhone 5 မထွက်ခင် ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက A4 device ဖြစ်တဲ့ iPhone 4 iOS 6.0 ကို Tethered jailbreak လုပ်တဲ့ နည်းလမ်းလေး တင်ပြပေးခဲ့ပါတယ်။ အားလုံးသိတဲ့ အတိုင်း အဲဒီနည်းလေးဟာ ပြီးပြည့်စုံတဲ့ jailbreak မဟုတ်လို့  Cydia ကို manual install ပြန်လုပ်ရန် လိုအပ်ပါတယ်...


ဒါကြောင့် ဒီနည်းနဲ့  Jailbreak လုပ်ကြဖို့  အားမပေးခဲ့ပါဘူး ဒါပေမယ့် jailbreak လုပ်ပြီးကြတဲ့သူတွေက လုပ်နှင့် ပြီးကြမှာပါ။ ယခုတစ်ခါ အသိပေးလိုတာက Jailbreak လုပ်ပြီး Cydia Tweaks တွေကို နှစ်သက်စွာ သုံးနေကြတဲ့ မိတ်ဆွေများအတွက် iOS 6.0 နဲ့  အဆင်ပြေမယ့်၊ အဆင်မပြေမယ့် Tweaks စာရင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်...



အထက်ပါပုံမှာ နမူနာ ပြပေးထားခြင်းဖြစ်ပြီး အပြည့်အစုံကို Google Doc အနေနှင့် ဤနေရာတွင် သွားရောက် လေ့လာနိုင်ပါတယ်။
အထက်ပါ စာရင်းတွင် မပါဝင်သေးသော iOS 6.0 နှင့် အဆင်မပြေသော Tweaks တွေကို ထပ်မံတွေ့  ရှိပါက ထပ်မံ စားရင်းသွင်းပေးနိုင်ပါတယ်။


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

Facebook Comments

0 comments :

Post a Comment