Sunday, September 23, 2012

iPhone 5 ကို Jailbreak လုပ်နိုင်ပြီ...

iPhone 5 (iOS 6.0) ကို ပထမဦးဆုံး စတင် ထုတ်ပေးလိုက်တဲ့ နေ့ မှာပဲ အောင်မြင်စွာ Jailbreak လုပ်နိုင်ပြီ ဖြစ်ကြောင်း jailbreak developer တစ်ဦး ဖြစ်သူ "Grant Paul (chpwn)" က Cydia install လုပ်ပြီးသား ဖြစ်တဲ့ iPhone 5 ရဲ့  screen shot နှင့် တစ်ကွ အသိပေးလိုက်ပါတယ်။


ဒါဟာ အလွန် အံ့သြ ဝမ်းသာစရာ သတင်းတစ်ခု ဖြစ်ပါတယ်၊ ကျွန်တော်တို့  အနေနဲ့  iPhone 5 အတွက် Jailbreak ရဖို့  လအနည်းငယ် ကြာအောင် စောင့်ကြရလိမ့်မယ်လို့  ခန့် မှန်း ထားခဲ့ကြတာပါ။ အခုတော့ iPhone 5 ဟာ ထွက်ပြီးလို့  ၂၄ နာရီ မပြည့်ခင်မှာပဲ အောင်မြင်စွာ Jailbreak လုပ်နိုင်ခဲ့ပါပြီ။ အားလုံး အတွက် Jailbreak Tool အသစ်တစ်ခု ဒီရက်ပိုင်း အတွင်း ထွက်လာမယ်လို့  မျှော်လင့်ရပါတယ်။
iOS 6.0 ကို တင်မိလို့  ပြဿနာတက်နေသူများ iOS 5.1.1 ကို ပြန်မဆင်းပဲ ခေတ္တစောင့်ကြစေလိုပါတယ်...

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

7 comments :

  1. Good news....we r awating with iphone5. :)

    ReplyDelete
  2. iPhone 5 ကို jailbreak လုပ်နိုင်ပြီးလား ?

    ReplyDelete
  3. iPhone 4 iOS 6 ကို jailbreak လုပ်ချင်လိုပါ ကွန်ပျူတာ ဝင်းဒိုး7 အတွက်ပါရှိရင်တင်ပေးပါအုံး ခင်ဗျာ

    ReplyDelete
    Replies
    1. see this page...http://www.moethagyar.info/2012/10/ios-6-jailbreak-update.html

      Delete
  4. iPhone 4 iOS 6 ကို jailbreak လုပ်ချင်လိုပါ ကွန်ပျူတာ ဝင်းဒိုး7 အတွက်ပါရှိရင်တင်ပေးပါအုံး ခင်ဗျာ

    ReplyDelete
  5. iPhone 4s iOS 6 ကို jailbreak လုပ်ချင်လိုပါ ကွန်ပျူတာ ဝင်းဒိုး7 အတွက်ပါရှိရင်တင်ပေးပါခင်ဗျာ...

    ReplyDelete
    Replies
    1. sorry 4 u...now can't jailbreak with ur idevice.

      Delete