Thursday, September 20, 2012

How to Jailbreak iOS 6

iOS 6 ကို Apple က update ပေးလိုက်ပါပြီ အသစ် အသစ်ကို တောင့်တကြတဲ့ ကျွန်တော့် မိတ်ဆွေအချို့ လဲ ခုလောက်ဆိုရင် update လုပ်ပြီးကြရောပေါ့။ ယခု တင်ပြမယ့် နည်းကတော့ iOS 6 အတွက် ပထမဦးဆုံး အမှန်တစ်ကယ် Jailbreak လုပ်နိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်... ဒါပေမယ့် သတိထားစရာ အချို့ တော့ ရှိနေပါတယ်...  

Jailbreak မလုပ်မီ သတိထားသင့်သည့် အချက်များကတော့ ယခုတင်ပြမည့် နည်းလမ်းသည် A4 Device ဖြစ်သော iPhone 4 တွင် အလုပ်လုပ်ပြီး iPhone 5, iPhone 4S, iPad 3, iPad 2 တို့ တွင် မစွမ်းဆောင်နိုင်ပါ။ ဒါ့အပြင် ယခု jailbreak နည်းလမ်းသည် Tethered နည်းလမ်းဖြစ်ပြီး Cydia အလိုအလျှောက် install မဖြစ်ပဲ သီးသန့်  manual အနေနဲ့  ထည့်သွင်းပေးရမှာ ဖြစ်လို့  Windows သမားများ အဆင်ပြေနိုင်မှာ မဟုတ်သေးပါဘူး။ 

လုပ်ငန်း မစတင်မီ လိုအပ်သည်များကို Download ရယူထားပြီး လုပ်ငန်းစဉ် အဆင့်များကို နားလည်အောင် ဦးစွာအရင် ဖတ်ရှုပြီးမှ လုပ်ဆောင်ပါ။ 

>> Update iTunes 
>> iOS 6 Restore IPSW (iPhone 4 GSM) 
>> RedSn0w 0.9.15 Beta2 (Mac , Windows)
>> RedSn0w 0.9.15 Beta1 (Mac , Windows)
>> RedSn0w 0.9.14 Beta2 (Mac , Windows)
>> RedSn0w 0.9.14 Beta1 (Mac , Windows)
>> RedSn0w 0.9.13Dev4 (Mac , Windows)   

လုပ်ငန်းစဉ် 

အဆင့် ၁) 

Device ကို iTunes မှတစ်ဆင့် iOS 6 ကို update လုပ်ပါ။ 

အဆင့် ၂) 

Device ကို DFU mode သို့ ပြောင်းရန် အောက်ပါအတိုင်း လုပ်ဆောင်ပါ... 
- iDevice ကို computer နဲ့ ချိပ်ဆက်ပါ။ 
- iDevice ကို Power OFF ပါ။ 
- Power + Home button ကို တွဲလျှက် ၁၀စက္ကန့်  နှိပ်ထားပါ။ 
- Power button ကို လွှတ်လိုက်ပါ Home button ကိုတော့ PC မှ အချက်ပေးသံ ထွက်လာသည်အထိ ဆက်လက်ဖိထားပါ ( ၁၀စက္ကန့် မျှ)။ Black screen သာပေါ်နေပါမည်။ 
- အချိန်အနည်းငယ် အကြာမှာ iTunes က Device ကို Detect သိပါလိမ့်မည်။ 

အဆင့် ၃) 

RedSn0w ကို Run ပြီး Extras -> Select IPSW တွင် iOS 6 Restore IPSW (အပေါ်တွင် download လုပ်ခဲ့သော) ကို ရွေးပေးလိုက်ပါ။ 


RedSn0w က firmware ကို identify လုပ်ပါလိမ့်မည်။ ထို့ နောက် Back ကို ပြန်နှိပ်ပါ။ 



အဆင့် ၄) 

Jailbreak button ကိုနှိပ်ပါ။ Install SSH ဟူသော အကွက်ကို အမှန်ခြစ်ပေးပါ ပြီးရင် Next နှိပ်ပါ။ 



အဆင့် ၅) 

အခုဆိုရင် သင့် Device ကို jailbreak လုပ်နေပါပြီ၊ အောက်ပါ အတိုင်း message တွေ့  ရပါလိမ့်မည်။ ပြီးသွားပါက သင့်ရဲ့  Home screen ကို မြင်တွေ့ ရပါလိမ့်မည်။ 



ဒါဟာ Tethered jailbreak ရဲ့  ပထမပိုင်း အဆင့် ဖြစ်ပါတယ်။ 

အဆင့် ၆) 

Jailbreak ဒုတိယပိုင်း ကို ဆက်လက်လုပ်ဆောင်ရန် သင့် Device ကို DFU mode သို့  ပြန်ဝင်ပါဦး။ 

အဆင့် ၇) 

RedSn0w ကို ပြန်ဖွင့်၍ "Jailbreak" ကိုနှိပ်ပါ။ ယခုတစ်ခါတွင်တော့ "Just Boot" ကိုနှိပ်ပါ။ သင်၏ iPhone screen တွင် နာနတ်သီးပုံလေး ပေါ်လာပြီး အလိုလျှောက် လုပ်ဆောင်သွားပါလိမ့်မည်။


အားလုံးပြီးစီးသွားပါက သင့် Device ကို Tethered jailbreak လုပ်ဆောင်ခြင်း ပြီးမြောက်ပါပြီ သို့ သော် Home Screen တွင်တော့ Cydia icon လေးကို ရှာတွေ့  မည် မဟုတ်ပါ။ Cydia Install လုပ်ရန် အောက်ပါ အဆင့်များကို ဆက်လက် လုပ်ဆောင်ပါ။ 

Cydia Installation 

အဆင့် ၁) 

Device ၏ Home screen မှ Settings -> Wi-Fi သို့ သွားပြီး "DHCP" အောက်ရှိ IP Address ကို မှတ်သားထားပါ။ 


အဆင့် ၂) 

သင့်၏ computer (Mac) ကို သင့် iPhone WiFi အသုံးပြုထားသော network connection နှင့်ပင် ချိပ်ဆက်ထားပါ။ 

အဆင့် ၃) 

Mac တွင် ပါသော Terminal App ကို Run ပြီး... ssh root@00.0.0.00 (မှတ်သားခဲ့သော IP Address) ကိုရိုက်ပါ။ 



အဆင့် ၄) 

စက္ကန့် အနည်းငယ် အတွင်းမှာ သင့် PC နဲ့  Device ချိပ်ဆက်ရန် password တောင်းလာပါမည်။ password အနေနဲ့  alpine ဟု ရိုက်ထည့်ပါ။ 

အဆင့် ၅) 

 ချိပ်ဆက်သွားပါက အောက်ပါ script ကို copy / paste လုပ်ပေးလိုက်ပါ။ 

wget -q -O /tmp/cyinstall.sh http://downloads.kr1sis.net/cyinstall.sh && chmod 755 /tmp/cyinstall.sh &&/tmp/cyinstall.sh 



အဆင့် ၆) 

အချိန်အနည်းငယ် အတွင်းမှာ လုပ်ဆောင်မှုများ ပြီးဆုံးသွားပြီး Device Reboot တက်လာသောအခါ Cydia install လုပ်ပြီးတာကို တွေ့ မြင်ရပါလိမ့်မည်။ Terminal တွင် permission error ပြလာနိုင်ပါသည် သို့ သော် ကိစ္စမရှိ ဒီအတိုင်း ထားလိုက်ပါ။ 



 
အခုဆိုရင် သင့် iPhone 4 iOS 6 ကို အောင်မြင်စွာ Tethered jailbreak လုပ်နိုင်သွားပါပြီ... 

 

Credit to : iDownloadBlog  

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....  

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

 မိုးသိကြား

18 comments :

  1. iOS 6ကမြန်မာစာရပြီလား။ကိုမိုးသကြားmicro sim to nano simကောဖြတ်လိုရပြီလားအကိုသိရင်စာပြန်ရေးပေးပါ

    ReplyDelete
    Replies
    1. မက်ခရို က နေ နာနိုကို ဖြတ်ရတာ တအားကို လွယ်ပါတယ်။ နာနို စင်းကဒ် မရှိခဲ့ဘူးဆိုရင်တော့ ပရင့်ထုတ်ပြီး အတိုင်းအတာအလိုက်ဖြတ်ပါ။ ရှိခဲ့တယ် ဆိုရင် နာနိုစင်းကဒ်ကို ပုံဆွဲပြီး အဲဒီ အရာအတိုင်း ဖြတ်လိုက်ရင် ရပါတယ်။ တော်တော်များများကို ဖြတ်ပေးပြီးပါပြီ။ ကိုယ်တိုင်လည်း သုံးနေပါတယ်။ အားလုံး အိုကေပါတယ်။

      http://www.redmondpie.com/how-to-convert-micro-sim-to-nano-sim-for-iphone-5/

      Delete
    2.့ မြန်မာစာကိုတော့ မြန်မာဖရီးဘရော်ဇာကို သုံးနေပါတယ်။ ရိုက်တော့ မရိုက်ပါဘူး။

      Delete
    3. ရိုက်ဖို့ အတွက် တအားကိုမှ သုံးချင်ရင်တော့ ဇော်ဂျီဖရီး ကီးဘုတ်ရှိပါတယ်။ ကော်ပီ ပေ့စ်လုပ်ပြီး သုံးယုံပါပဲ

      Delete
    4. iOS 6 MMKeyboard available now....go n c this page...http://www.saturngod.net/

      Delete
    5. OFFICIAL New Jailbreak 6.0 iOS 6 Final iPhone 4, 3GS, iPod Touch 4g... also can do now....go n c this link.....http://www.insanelyios.com/videos/

      Delete
  2. ကိုမိုး ရေ ..အားတော့ နာပါတယ်ဗျာ အကူအညီတောင်းရမှာ ..ကျွှန်တော့်ရဲ့ iphone 4 ကို update လုပ်လိုက်တာ ios 6 ဖြစ်သွားတယ်ဗျာ ...jailbreak နဲ့ပတ်သက်လို့ ကျွှန်တော်က အခုမှ လေ့လာနေတာဆိုတော့ ကျွှန်တော့် အတွက်တော်တော်
    ခက်ခဲသွားတယ်...ဖြစ်နိုင်ရင် ကျွှန်တော့်ရဲ့ iphoe 4 ကို ios 5.1.1. downgrade ပြန်ဆင်းချင်လို့ ကူညီပါအုံး
    ကိုမိုးရေ...
    အစဉ်အမြဲ အားပေးနေသော
    ကိုမိုးရဲ့ ပရိတ်သတ်

    ReplyDelete
  3. ကိုမိုး ရေး အားပေးသွားပါတယ် နော် ......
    ကိုမိုး အမြဲတမ်းအောင်မြင်နိုင်ပါစေ

    ReplyDelete
  4. Menu bar ထဲက Downgrade မှာ ရှာဖတ်ကြည့်နိုင်ပါတယ်...

    ReplyDelete
  5. ကိုဥက္ကာဖြိုးရေ ... လုပ်လက်စနဲ့မထူးပါဘူး .... ဆက်လုပ်လိုက်ပါ ... အကိုခက်ခဲမယ်ဆိုရင် ... Terminal ပိုင်းမှာစခက်ခဲလိမ့်မယ် .... အဲဒီအချိန်ကျရင် window မှာ Putty ဆိုတဲ့ software လေးဒေါင်းလိုက်ပါ .... ပီးရင် အပေါ်မှာပြထားတဲ့အတိုင်း IP ကိုထည့် ပီးရင် Port မှာ 22 လို့ရိုက်ပီး Open လုပ်လိုက်ပါ .... အဲဒါဆိုရင် Login as: ဆိုပီး cmd ပေါ်လာပါလိမ့်မယ် .... အဲဒီမှာ root လို့ပဲရိုက်လိုက်ပါ enter ခေါက်ပါ .... password ဆိုပီး cmd မှာ တောင်းလာပါလိမ့်မယ် ... alpine ဆိုတာရိုက်ပီး enter ခေါက်လိုက်ပါ (မှတ်ချက်-alpine ရိုက်လျှင်ပေါ်မည်မဟုတ်ပါ ... သေချာရိုက်၍ enter ခေါက်ပါ) ....cmd မှာ စာနာက်တစ်ကြောင်းပ်ါလာလျှင် စာနောက်တွင် ကိုမိုးသိကြားဖေါ်ပြထားသော ... wget -q -O /tmp/cyinstall.sh http://downloads.kr1sis.net/cyinstall.sh && chmod 755 /tmp/cyinstall.sh &&/tmp/cyinstall.sh ကို copy/paste လုပ်၍ ခေတ္တဆောင့်ပါ .... အချိန်အနည်းငယ်ကြာလျှင် ပီးသွားပါပီ .... အားလုံး အဆင်ပြေပါစေခင်ဗျာ ......

    ReplyDelete
  6. ကိုမိုးသိကြားရေ ဒီခေါင်းစဉ်နဲ့မဆိုင်ပေမယ့် ကျွန်တော်သိချင်တာလေးရှိလို့မေးပါရစေ။ ကျွန်တော့်သုံးတာ iphone 4 5.1.1 jailbroken ပါ။ မနေ့ကစပြီး ကျွန်တော့်ဖုံးက အ၀င်ဖုံးပဲဖြစ်ဖြစ် အထွက်ဖုံးပဲဖြစ်ဖြစ် ကျွန်တော်ပြောတာကိုသူတို့မကြားရပဲ သူတို့ပြောတာကိုကျွန်တော်ပဲ ကြားရတော့တယ်။ ဒါပေမယ့် viber လိုမျိုး အင်တာနက် call တွေခေါ်ရင်တော့ နှစ်ဘက်လုံးအဆင်ပြေတယ်။ system ထဲမှာလိုက်ပြီးကြည့်တော့လည်း ဘာမှမထူးဘူး။ ဒါနဲ့ iOS 6 ကို update လုပ်လိုက်လဲ အရင်အတိုင်းပဲဖြစ်နေတယ်။ ဒါနဲ့ ဖုံးပြင်တဲ့ဆိုင်တွေကို သွားပြတော့ သူတို့ကပြောတာက ပြင်ကြည့်မယ် ၊ ရမယ်မရဘူးမသေချာဘူးတဲ့။ ရရင်လည်း ခဏပဲတဲ့။ ကျွန်တော်က စင်ကာပူကပါ။ တတ်နိုင်ရင် ကျေးဇူးပြုပြီး ကူညီပေးပါဦးခင်ဗျာ။

    ReplyDelete
    Replies
    1. ကိုစိုင်း အခြား Carrier SIM နဲ့ ရောစမ်းကြည့်သေးလား ကျွန်တော် ထင်တာ ပြောရရင် Carrier နဲ့ ပဲဆိုင်လိမ့်မယ်၊ လောလောဆယ် SingTel ကတော့ တော်တော် ဆိုးနေတယ်....

      Delete
    2. ကိုမိုသိကြားရေ ပြန်ဖြေပေးတဲ့အတွက် ကျေးဇူးပါ။ ကျွန်တော် carrier က M1 ပါ။ ကိုမိုးသိကြားပြောလို့ singtel နဲ့ကော starhub နဲ့ပါစမ်းပြီးပြီ။ မရပါဘူးဗျာ။ ဒါနဲ့ပဲ M1 သွားပြီး iphone 5 trade-in လုပ်လိုက်ပါပြီ။ Anyway thanks you so much for ur bolg ..
      ရှေ့ဆက်အောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ် ကိုမိုးသိကြားရေ။

      Delete
    3. ဟားဟား အရမ်းခက်တာပဲ... ခွိခွိ...။ iphone 4 ကို iphone 5 နဲ့ Trade-in လုပ်ဖို့ အရေး Carrier တွေတော်တော်များများနဲ့ စမ်းသပ်ရသေးတယ်နော်.... ရှယ်ပဲ... ဘယ်သူမှတောင် သိမှာမဟုတ်ဘူး ဒီ နည်းပညာ...။ :D

      Delete
  7. ကိုမိုးရေ..
    ကျွှန်တော် ဖတ်ပြီးစမ်းကြည့်လိုက်တာ error 3194 တက်လာပါတယ်...အဲဒါလည်း error bar မှာဖတ်ပြီး
    3194 ကို ကိုမိုးပြောသလို ဆက်လုပ်ကြည့်ပါတယ် Tiny Umbrella က ကျွှန်တော့်ရဲ့ စက်မှာ java message box တစ်
    ခုကျလာပြီး အလုပ်ဆက်မလုပ်ပါဘူး...host file လမ်းကြောင်းကိုစစ်ပြန်တော့လည်း အစ်ကိုပြောထားတဲ့ gs.apple.com.
    ဆိုတဲ့ စာကြောင်းက မရှိဘူးဖြစ်နေတယ် ..အဲဒါနဲ့ ကျွှန်တော် rstore ပြန်လုပ်လိုက်တဲ့ အခါကျတော့ ဖုန်းပြန်ပွင့်လာပြီး screen ကတုန်နေတယ်အစ်ကိုရေ....အဲဒါ တစ်ခြားနည်းလမ်းလေးများရှိရင် ကူညီပါအုံး ကိုမိုးရေ....
    အမြဲလေးစားလျှက်
    ကိုမိုးရဲ့ ပရိတ်သက်
ှိ

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
  9. ko moe yay.iphone 4s jailbreak ya yin pyaw par own....

    ReplyDelete