မကြာသေးမီ ရက်ပိုင်း အတွင်း Apple က iPhone 5 ကို မိတ်ဆက်ခဲ့ပြီးနောက် လာမယ့် 21 September မှာ သုံးစွဲသူတွေ လက်ထဲ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီတော့ iOS 6 နဲ့ အတူ ထွက်လာမယ့် iPhone 5 အတွက် Jailbreak လုပ်နိုင်ဖို့  အလားအလာရှိရဲ့ လားဆိုတာ မေးခွန်းတစ်ခုလို ဖြစ်နေပါတယ်။
ဒါတွင်မက နောက်ထပ် update ဖြစ်လာနိုင်မယ့် iOS 6.0.1, iOS 6.1, iOS 6.1.2 အစရှိတဲ့ နောက်ဆက်တွဲတွေ အတွက် Jailbreak လုပ်နိုင်ဖို့ ရန် iOS 6 jailbreak လုပ်နိုင်မှု အပေါ် အများကြီး မူတည်နေပါတယ်။
Jailbreak လုပ်ပြီး သုံးနေကြသူများအတွက် ကတော့ ဖုန်းအသစ်ကို ဗူးဖေါက်လိုက်တာနဲ့  တစ်ပြိုင်နက် Jailbreak လုပ်ဖို့ ပဲ စဉ်းစားမိကြမှာပါပဲ။ လောလောဆယ် အခြေနေနဲ့  ထွက်ပြီး အချိန်အနည်းငယ်ကြာသည် အထိတော့ iPhone 5 ကိုချက်ခြင်း Jailbreak လုပ်နိုင်မယ့် အနေအထားတော့ မရှိသေးပါဘူး။
ဘာကြောင့်လဲ ဆိုတာ အခြေအနေကို ပြန်သုံးသပ်ကြည့်ရင် သိနိုင်ပါတယ်၊ အားလုံးသိပြီးကြတဲ့အတိုင်း iPhone 4S ကို မနှစ် October မှာ A5 Chip အသစ်နဲ့  ထွက်လာပါတယ်၊ တစ်ကယ်တမ်း Jailbreak လုပ်နိုင်တာ ကတော့ January လ ကြမှ iOS 5.0.1 ကို စတင်နိုင်တာပါ။ ဒီတော့ 4S ထွက်လာတဲ့ အချိန်နဲ့  Jailbreak လုပ်နိုင်တဲ့ အချိန် ကြားမှာ သုံးလလောက် ကြာမြင့်ခဲ့ပါတယ်၊ ဒါတောင် Pod2G နဲ့  အခြား ပညာရှင်တွေ ပေါင်းစည်းပြီး မနေမနား ကြိုးစားခဲ့လို့  ဒါလောက် အချိန်အတွင်းမှာ ထွက်လာနိုင်ခဲ့တာပါ။
Jailbreak Tool တစ်ခု ရက်ပိုင်းအတွင်း၊ လပိုင်းအတွင် ထွက်နိုင်ဖို့  ဆိုတာ processor ပေါ်မှာလည်း အများကြီး မူတည်နေပါတယ်။ အခုတစ်ခါ ထွက်လာမယ့် iPhone 5 ဟာ A6 Chip အသစ်ကို သုံးထားပါတယ်၊ Apple ကလည်း သူရဲ့  လုံခြုံမှု စနစ်ကို အမြဲ တိုးမြှင့် လုပ်ဆောင်နေတဲ့ အတွက် အထိုက်လျှောက် အချိန်တစ်ခု ယူရဖွယ်ရှိပါတယ်။
Jailbreak လုပ်တယ်ဆိုတာ တစ်ကယ်တမ်း Tool တစ်ခု အနေနဲ့  ထွက်လာမှသာ user တွေ ကလစ်တစ်ချက် နှိပ်ရုံနဲ့  Jailbreak ဖြစ်သွားနိုင်သော်လည်း အဲဒီအဆင့်ထိ ရောက်ဖို့ ရာ ကျွန်တော်တို့  မသိနိုင်တဲ့ အခြေနေတွေကို အများကြီးဖြတ်ကျော်ရပါတယ်။
Apple က security တွေ ဘယ်လောက်ပဲ မြှင့်မြှင့် Jailbreak အဖွဲ့ အစည်းကလည်း ရအောင် လိုက်ဖောက်လိမ့်မယ် ဆိုတာ ယုံကြည်နေပါတယ်။ တစ်ခုတော့ ရှိပါတယ် ချက်ခြင်းကြီးဆိုတာ ကတော့ မဖြစ်နိုင်သေးပါဘူး...
အဲ... ပြောနိုင်တာ တစ်ခုတော့ရှိတယ် "မကြာမီ လာမည်...... မျှော်"...... ပေါ့
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်
မိုးသိကြား
0 comments :
Post a Comment