အအိပ်ဆတ်တဲ့ သူတွေ အတွက် ကတော့ "ချိုးချိုး ချွတ်ချွတ်" ဆိုတာနဲ့  နိုးတော့တာပါပဲ၊ နိုးသွားရင်လဲ ပြန်အိပ်ပျော်ဖို့  ကြိုးစားရပါတယ်... Smart phone သုံးပြီး Facebook ကို တောက်လျှောက် SingIn ဝင်ထားတတ်ကြတဲ့ မိတ်ဆွေတွေ၊ ညသန်းခေါင် အိပ်ကောင်းနေခါမှ "ကလင် ကလွမ်" အသံတွေနဲ့  Notification တွေ (အထူးသဖြင့် ဖုန်းမှာဝင်လာတာတွေ) ကြောင့် လန့် နိုးသွားတတ်တာမျိုးတွေ ကြုံဖူးကြမှာပါ။ အဲဒီအခါကျမှ (Silent / Mute / SignOut / 3G Off) အဲဒီအထဲက တစ်ခုခု ကို အိပ်ချင်မူးတူးနဲ့  လုပ်ဖူးကြပါလိမ့်မယ်။ Notification feature ဟာ Update တွေကို အမြဲသတင်းပေးနေတဲ့ အတွက် အလွန်ကောင်းမွန်ပါတယ် ဒါပေမယ့် အခုလို အိပ်ကောင်းတုန်း အချိန်ဆိုရင်တော့ အကြီးမားဆုံး အနှောက်ယှက် တစ်ခုပါပဲ... အဲဒီပြဿနာတွေ ဖြေရှင်းနိုင်ဖို့  အတွက် Do Not Disturb ဆိုတဲ့ feature လေး iOS 6 မှာ ထည့်ပေးထားပါတယ်.... Do Not Disturb feature အလုပ်လုပ်ပုံကတော့ သူ့ ကို "ON" ထားလိုက်တဲ့ အခါမှာ Notifications တွေ Phone Call တွေ ဘယ်လိုပင် လာလာ ဖုန်းက ဘာအသံမှ မပေးတော့ပဲ Silent / Sleep mode အနေနဲ့ ပဲ ရှိနေပါတယ်။ သို့ ပေမယ့် ဝင်လာတဲ့ Call တွေကို Miss Call အဖြစ် သိမ်းထားပေးပါတယ်။ သာမန် Silent mode မှာဆိုရင် Notifications, Call, Message တွေ ဝင်လာရင် အသံမကြားရပေမယ့် Phone မှာ မီးလင်းလာပြီး Vibrate ဖြစ်နေတတ်ပါတယ်။ ဒီလိုဆိုရင် အရေးကြီးဖုန်းတွေ လွတ်ကုန်မှာပေါ့လို့  စိုးရိမ်စရာရှိပါတယ် အဲဒီအတွက်တော့ မပူပါနဲ့  "Do Not Disturb" ကို Schedule သတ်မှတ်ပြီး Customize လုပ်ပေးထားနိုင်ပါတယ်... Setting -> Notiications -> Do Not Disturb မှာ မိမိ စိတ်ကြိုက် ဘယ်အချိန်ကနေ ဘယ်အချိန်ထိ "လာမရှုပ်ကြနဲ့ " လို့  သတ်မှတ်ပေးထားနိုင်ပါတယ်၊ ဒီလိုသတ်မှတ်လိုက်ရင် နေ့ တိုင်း အဲဒီ အချိန်တွေမှာ "DND" က သက်ဝင်လှုပ်ရှားနေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိအတွက် အရေးကြီးတဲ့ Call တွေ မလွတ်အောင် သူတို့ ရဲ့  Contacts တွေကို Group ဖွဲ့ ထားခြင်း၊ Favorites ထဲမှာ စုထားပေးပြီး "Allow Calls From" မှာ ရွေးပေးထားလိုက်ရင် ဖုန်းတွေ မလွတ်တော့ပါဘူး။ "Repeat Calls" ကို "ON" ပေးထားခြင်းက မိမိသတ်မှတ်ထားသူ က ခေါ်ဆိုလာ၍ ဖုန်းပြောနေစဉ် သုံးမိနစ် အတွင်းမှာ Second Call အနေနဲ့  မိမိကို ဆက်သွယ်လိုသော အခြားမည်သူမဆို၏ Incoming Call များကို လက်ခံနိုင်မှာ ဖြစ်ပါတယ်။ (ကိုယ်ကြိုက်တဲ့ ကောင်မလေးနဲ့  ဖုန်းပြောနေတုန်းမှာ ဖုန်းခေါ်လို့  မရမချင်း တစ်ချိန်လုံး တောက်လျှောက်ခေါ်နေတဲ့ ကိုယ်မကြိုက်တဲ့ ကောင်မလေး Call က တိုက်တိုက်ဆိုင်ဆိုင် အဲဒီအချိန် Second Call ဝင်လာရင်တော့ ကိုယ့်ထိုက်နဲ့  ကိုယ်ကံပဲနော်) Mac OS X မှာ "Do Not Disturb" ကို Schedule မသတ်မှတ်ထားပဲ Manual "ON" ထားသော်လည်း နောက်တစ်ရက် ကူးသွားရင် Auto "OFF" ဖြစ်သွားတတ်ပေမယ့် Mobile iOS မှာတော့ Manual "OFF" ပြန်လုပ်မှ ရမယ်ဆိုတာ သတိထားစေချင်ပါတယ်။ နောက်ထပ် အရေးကြီးတာတစ်ခုက "Alam" ပေးတတ်တဲ့ သူများ "Do Not Disturb" ကို Schedule တွင် သတ်မှတ်ထားသောအချိန်ကို "Alam" မည်မယ့်အချိန်ထက် အနည်းငယ် စောပြီး "OFF" အောင်သတ်မှတ်ပါ (ဥပမာ Alam က 6:00 Am ဆိုရင် DND Schedule မှာ 10:00 Pm to 5:58 Am) လို့  သတ်မှတ်ပါ နို့ ပါက Alam မည်နိုင်လိမ့်မည် မဟုတ်ပါ။ iOS 6 မှာ "Do Not Disturb" (DND) နဲ့  အိပ်ရေး ဝ ဝ အိပ်နိုင်ကြပါစေ...... အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ် မိုးသိကြား
0 comments :
Post a Comment