iPhone, iPad, iPadTouch တို့ မှာ Default အနေနဲ့  ပါဝင်တဲ့ Message, Mail, Remainders, Notes အစရှိတဲ့ App တွေက အလွန် အသုံးဝင်လှပါတယ်၊ ဒါပေမယ့် တစ်ခါတစ်ရံမှာ ကျွန်တော်တို့ ရဲ့  iDevice တွေကို မပေးလို့  မဖြစ်တဲ့ ပုဂ္ဂိုလ်တွေကို ခဏတစ်ဖြုတ် ပေးသုံးလိုက်ရတာမျိုး ကြုံဖူးကြမှာပါ။ အဲဒီလို ပေးသုံးလိုက်ပြီ ဆိုထဲက မိမိရဲ့  "PassCode" ကို ဖွင့်ပေးလိုက်ရပြီပေါ့၊ တစ်ချိန်ထဲမှာ ကိုယ့်ရဲ့  SMS, Mail, Notes စသည်တို့ မှာ Privacy အကြောင်းအရာလေးများ ပေးပို့  ရေးမှတ်ထားခဲ့လို့  ဖွင့်ဖတ်မိသွားရင် ဆိုတဲ့ ပူပင်မှုမျိုး ဖြစ်ကောင်းဖြစ်ဖူးကြပါလိမ့်မယ်.... လူတိုင်းမှာ Privacy ဆိုတာ ရှိသင့်ပါတယ် မြန်မာ့ဓလေ့အရ လင်မယားချင်း Privacy မရှိလို့  ပြဿနာ အကြီးအကျယ် တက်ရတာတွေ မနည်းပါဘူး... အခုလို ပြောရင်းနဲ့  မဆိုင်တာတွေ ရောက်သွားမှာလည်း စိုးရိမ်ရပါတယ် ဒါပေမယ့် နည်းနည်းလေးတော့ ပြောပါရစေ... Privacy ဆိုတာ Secret နဲ့  မတူပါဘူး၊ မိမိနှင့်သာ သက်ဆိုင်တဲ့ ကိုယ်ရေးကိုယ်တာကို Privacy လို့  ဆိုလိုချင်တာပါ၊ ဥပမာ ကျွန်တော့်ရဲ့  "မိုးသိကြား" Admin Password, အလုပ်မှာ သုံးတဲ့ User Name, Password တို့ ကို ကျွန်တော့် မိဘ၊ အိမ်သူ တို့ အား ပြောပြ အသိပေးထားဖို့  မလိုပါဘူး ဒါဟာ ကျွန်တော်ရဲ့  Privacy ပါ။ ဒီလိုပါပဲ လုပ်ငန်းနဲ့  ပက်သက်တဲ့ အခြား အခြားသော ကိုယ်ရေးကိုယ်တာလေးတွေကို မိမိ iDevice မှာ မှတ်ထားလို့  ခတ္တငှါးမိလိုက်ရင် ဖင်တစ်ကြွ ကြွ နဲ့  ပြန်ပေးတော့လေ ဆိုတဲ့ အဖြစ်မျိုး ဖြစ်တတ်ပါတယ်။ ကျွန်တော် အခု တင်ပြပေးမယ့် App လေးက Cydia App လေးဖြစ်လို့  Jailbreak လုပ်ထားတဲ့ iDevice များမှာသာ အသုံးပြုလို့  ရပါလိမ့်မယ်။ App Store မှာ ရနိုင်တဲ့ Password App တွေထက် အများကြီး ကောင်းမွန် အားသာပါတယ်။ "iProtect" လို့  အမည်ရတဲ့ App လေးက မိမိ iDevice မှာ ရှိနေတဲ့ App တွေကို စိတ်ကြိုက် ရွေးချယ်ပြီး "Password" ခံထားပေးလို့  ရပါတယ်၊ ဥပမာ Mail ကို သတ်မှတ်ပေးလိုက်ရင် အခြား App တွေ စိတ်ကြိုက် ဖွင့်နိုင်ပေမယ့် Mail ကို ဖွင့်ရင်တော့ "Password" တောင်းလာပါလိမ့်မယ် ဒီနည်းနဲ့  Privacy ကို သတ်မှတ် နိုင်ပြီး စိတ်ချလက်ချ ပေးသုံးနိုင်ပါလိမ့်မယ်။ Cydia Store မှာ $8.99 နဲ့  ရောင်းချပေးနေပေမယ့် ကျွန်တော်က FREE ရယူနိုင်ရန် တင်ပြပေးပါ့မယ်။ အဆင့် ၁) Cydia -> Sources -> Edit -> Add -> http://repo.biteyourapple.net/ ဆိုတဲ့ Repo လေး သွင်းပေးလိုက်ပါ။ အဆင့် ၂) Cydia -> Sources -> BiteYourApple ထဲမှာ "iProtect" လို့ ရှာပြီး Install လုပ်ပေးလိုက်ပါ။ အဆင့် ၃) Home Screen မှာ "iProtect" ကို နှိပ်ပြီး Password သတ်မှတ်ပါ။ ထို့ နောက် "Register" ကို နှိပ်ပြီး "Activate Now" ကို နှိပ်လိုက်ပါက Register version ဖြစ်သွားပါပြီ။ အသုံးပြုပုံကတော့ "Locking Applications" မှာ မိမိ Password သတ်မှတ်ချင်တဲ့ App တွေကို ရွေးပေးပြီး "Save" လိုက်ရုံပါပဲ။ "Enable" ကို "ON" ထားဖို့  မမေ့ပါနဲ့ .... ကဲ... စိတ်ချလက်ချ သုံးနိုင်ကြပါပြီ..... အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ် မိုးသိကြား
ကျေးဇူးပဲ
ReplyDeleteကိုမိုးသိကြား
ကိုမိုး iPhone 4 မှာ message ပိုလို့ ရပြီ
MMS ပို လိုမရ ဘူး အကို
Picture message ပိုနည်းလေး တင်ပေးပါအုန်း