ပြင်သစ်နိုင်ငံ Apple Store ကို လက်နက်ကိုင်ဆောင်ထားသော လူတစ်စုမှ ဝင်ရောက် စီးနင်းဓါးပြတိုက်က်မှု နှစ်သစ်ကူး အကြိုည New Year Eve တွင် Paris ရှိ Apple Store တည်ရှိရာ Opera District ၌ ဖြစ်ပွားခဲ့ပါသည်။ Apple Store ပိတ်ပြီး သုံးနာရီခန့် အကြာ ည ၉:၀၀ နာရီခန့် တွင် မျက်နှာဖုံးစွပ်ထားသော လက်နက်ကိုင်သူများ အစောင့်များ ပြန်သွားချိန်တွင် Store ၏ အနောက်ပေါက်မှ ဝင်ရောက်ခဲ့ပါတယ်။ Store တွင် ခင်းကျင်းထားတဲ့ iPhone, iPad တို့ ကို စိတ်မဝင်စားပဲ ပစ္စည်များ အလုံးရင်းနဲ့  ထားရှိသော သေတ္တာများထံ တိုက်ရိုက် ဦးတည်ခဲ့ကြပါတယ်။ သေတ္တာမျာကို Store ၏ အနီးနာတွင် အသင့်စောင့်ဆိုင်းနေသော Truck ကားနှင့် တင်ဆောင် လွတ်မြောက်ခဲ့ပါတယ်။
Apple Store မှ အစောင့်တစ်ဦး ဒဏ်ရာ အနည်းငယ် ရရှိခဲ့ပြီး အခိုးခံခဲ့ရသည့် ပစ္စည်းတန်ဖိုးမှာ ယူရိုတစ်သန်း (£780,000) ခန့် ရှိမည်ဟု ခန့် မှန်းရသော်လည်း အတည်မပြုနိုင်သေးပါ၊၊
ယခုဖြစ်စဉ်တွင် ပါဝင်သူမှာ လေးငါးယောက် ရှိနိုင်ပြီး Apple Store တည်ရှိရာ Opera District မှာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ များ မပြတ် ကင်းလှည့်နေတဲ့ Champs Elysées နဲ့  အလွန်နီးကပ်တာကြောင့် သာမန်အားဖြင့် လွတ်နိုင်ဖို့  ခက်ခဲပြီး၊ အခုလို လွတ်မြောက်သွားတယ် ဆိုတာ ကြိုတင်အကွက်ချ စီစဉ်မှုကြောင့်ဟု ပြင်သစ် ရဲအရာရှိတစ်ဦးဖြစ်သူ Christophe Crépin က ပြောဆိုပါတယ်။
အခြားရဲဌါန၏ အဆိုအရ အခင်းဖြစ်ပွားချိန်တွင် လုံခြုံရေး ရဲအဖွဲ့ များကို ပရိဿတ် သုံးသိန်းခန့်  ဆင်နွှဲနေသော နှစ်သစ်ကူးပွဲရှိရာသို့  ပြောင်းရွှေ့  တာဝန်ပေးထားသောကြောင့် ထိုနေရာတွင် လုံခြုံရေး မရှိသလောက် အားနည်းနေကြောင်း ပြောကြားသွားပါတယ်၊၊
စုံစမ်း စစ်ဆေးမှုများအား ဆက်လက် ဆောင်ရွက်လျှက်ရှိ... Credit to : ****** အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ် မိုးသိကြား
0 comments :
Post a Comment