Friday, October 11, 2013

သူငယ်တန်း Apple ဖတ်စာ

"Easy iDevice Guide" လို့ အမည်ပေးထားတဲ့ ကျွန်တော့်ရဲ့ စာအုပ်လေးကို ဒီနေ့မနက်ပဲ အချောသတ်နိုင်ခဲ့ပါတယ်...

ဒီစာအုပ်လေးက အခုမှ iDevice ကို စသုံးမယ့် သူတွေအတွက် အထူးရည်ရွယ်ထားပါတယ်။ ဒါကြောင့်လည်း စာအုပ်ရဲ့ အမည်ကို "မူလတန်း Apple ဖတ်စာ" လို့ အမည်ပေးထားတာပါ။ စာမျက်နှာ (၁၂၉) မျက်နှာပါရှိပြီး အခြေခံအသုံးပြုနည်းများ၊ Jailbreak, Unlock နှင့် သက်ဆိုင်သော သိရှိထားသင့်သည့် အကြောင်းအရာများကို အရှင်းလင်းဆုံးဖြစ်အောင် ရေးသားထားပါသည်..


ဒီစာအုပ်ကို ရေးလက်စနဲ့ ရပ်ထားခဲ့တာ ကြာပါပြီ၊ လွန်ခဲ့တဲ့ နှစ်လလောက်ကမှ ပြန်ပြီး ဆက်ရေးဖြစ်တာပါ။ တစ်ကယ်ဆက်ရေးတော့ ရေးစရာတွေက အများကြီးရှိနေပါတယ်၊ ဒါပေမယ့် အကုန်လုံးကို တစ်ပြိုင်တည်း ရေးဖို့ဆိုတာ အချိန်ယူရပါလိမ့်ဦးမည်။
ယနေ့ခေတ်မှာ နည်းပညာဟာ ပုတ်သိုးလွယ်တဲ့ ပစ္စည်းတစ်မျိုး ဖြစ်တာကြောင့် မြန်မြန်ရေးပြီး မြန်မြန် လိုအပ်နေတဲ့သူတွေ လက်ထဲ ထည့်ပေးလိုက်ချင်တာပါ။ အမှန်က iOS 7 မထွက်ခင် ပြီးအောင် ရေးမယ်လို့ စိတ်ကူးခဲ့ပေမယ့် အလုပ်တစ်ဖက်နဲ့မို့ အပြီးမသတ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် iOS 7 အတွက် Jailbreak မထွက်ခင် အချိန်မီ အချောသတ်လိုက်ရပါတယ်... နည်းပညာက တစ်ဖြည်းဖြည်းခြင်း ပြောင်းလဲနေပါပြီ၊ ကိုယ်ရေးထားတဲ့ information တွေ မပုတ်ခင် ခပ်မြန်မြန်ပဲ စာသုံးကြစေလိုပါတယ်။

>> Download "Easy iDevice Guid" eBook (PDF) >> Download "Easy iDevice Guid" eBook (ePub)



အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

21 comments :

  1. ဒေါင်းသွားပီအကိုရေ
    ကျေးဇူးပဲနော်

    ReplyDelete
  2. ယနေ့ခေတ်မှာ နည်းပညာဟာ ပုတ်သိုးလွယ်တဲ့ ပစ္စည်းတစ်မျိုး ဖြစ်တာကြောင့် မြန်မြန်ရေးပြီး မြန်မြန် လိုအပ်နေတဲ့သူတွေ လက်ထဲ ထည့်ပေးလိုက်ချင်တာပါ။

    ReplyDelete
  3. Massively Impress ! Bro

    ReplyDelete
  4. အကိုမုးသကြား cydia က error ပြနေတယ်။refresh လုပ်လဲမရဘူး

    ReplyDelete
  5. ကူညီပါဦး အကို

    ReplyDelete
    Replies
    1. ပြည့်ပြည့်စုံစုံလေး သိပါရစေ..
      http://www.moethagyar.info/2013/08/cydia-crash.html

      Delete
  6. ရယူခြင်း ဆိုတာ တော်တော်လွယ်ပါတယ်။စွန့် လွှတ်ခြင်း ပေးဆပ်ခြင်း ဆိုတဲ့  အကြေင်းအရာ ကတော့
    " မဟာပုရိသ" တို့ ရဲ့ အလုပ်ပါ.......။

    ReplyDelete
  7. အကိုရေအရမ်းအဆင်ပြေတာဘဲဖုန်းနဲ့ဆွဲပြီးတော့
    ibook ထဲကိုတခါတည်းထည့်လို့ရတယ် ကျေးဇူးအများအများကြီး
    တင်ပါတယ်ခင်ဗျား

    ReplyDelete
  8. အကို ကျနော်တခုမေးချင်လို့ ခမျ...... ကျနော်က ဖုန်းထဲမှာ iCloud ဖွင့်ပီး backup လုပ်လိုက်ရင် ကျနော်ဖုန်းထဲက 5GB လျော့သွားလို့ 
    ကျနော့်ဖုန်းက 4s 16GB ပဲဆိုတော့ iCloud အတွက် 5GB နှုတ်လိုက်ရင် ဘယ်လောက်မှမကျန်တော့ဘူး.... free 5GB ပေးထားတယ်ဆိုတာ ဟုတ်လားခမျ...


    ကျေးဇူးပါနော်

    ReplyDelete
    Replies
    1. နားလည်မှုလွဲနေပြီထင်ပါတယ်၊ iCloud က သူရဲ့ Online Server မှာ ကိုယ့်အတွက် 5GB စာသိုလှောင်ခွင့်ပေးတာပါ။ ကိုယ့်ဖုန်းထဲမှာ နေရာလာယူတာ မဟုတ်ပါဘူး။ ဖန်းထဲက Data တွေ ဥပမာ Note တို့ photo စသည်ဖြင့်တို့ ကို iCloud နဲ့ သေချာ Backup လုပ်ပြီးရင် ဖုန်းထဲမှာ ဖျက်လိုက်ပေါ့ မဖျက်ရင်တော့ ဖုန်းထဲမှာ နေရာယူနေဦးမှာပဲလေ..

      Delete
  9. သဘောပေါက်ပီအကို. နောက်တခုက ကျနော်သိမ်းထားတဲ့ iCloud က data ကို ပြန်ယူမယ်ဆိုရင် ဖုန်းကနေပီးတိုက်ရိုက် ယူလို့ရလားခမျ. ဘယ်လိုပြန်ယူရလဲရှင်းပြပေးပါအုံး
    ကျေးဇူးပါအကိုမိုး
    လေးစားလျက်

    ReplyDelete
    Replies
    1. ဖုန်းမှာဆိုရင် ဥပမာ Notes ဆိုပါတော့ Note App ထဲကို ဝင်လိုက်ရင် iCloud ဆိုတာတွေ့လိမ့်မယ်၊ အဲဒါကိုဖွင့်ကြည့်ရင် ကိုယ်ရေးထားတဲ့ notes တွေအားလုံး တွေ့ရလိမ့်မယ်၊ connection ရှိဖို့ကတော့ ပြောစရာမလိုဘူးထင်ပါတယ်နော်.. Computer မှာဆိုရင် www.icloud.com ကို Apple ID နဲ့ ဝင်လိုက်ရင် အားလုံးတွေ့ရပါလိမ့်မယ်..

      Delete
    2. http://www.apple.com/icloud/setup/pc.html မှာ လည်းလေ့လာနိုင်ပါတယ်..

      Delete
  10. ကျေးဇူးပါအကို

    ReplyDelete
  11. ကျေးဇူးအထူးတင်ပါတယ် ကိုမိုး ကျွန်တော်က၀ါသနာပါပြီးသင်တန်းမတက်`နိုင်လို့ဒီလိုသင်ယူခွင့်ရတာအရမ်းဝမ်းသာပါတယ်..ကျွန်တော့်ရဲ့မြင်ဆရာ.သင်ဆရာကိုမိုးကျန်းမာပါစေ.ချမ်းသာပါစေ.ဒီထက်မကအောင်မြင်ပြီး ပညာများဖြန့်ဝေ`နိုင်ပါစေလို့ဆုတောင်းပါတယ်။

    ReplyDelete
  12. ကျေးဇူးပါဗျာ..

    ReplyDelete
  13. အကိုရေ ဖုန်းက iphone4S ပါ အကို့ဆိုဒ်ကရော myanmarmobileappstoreကရော game တွေ applicationတွေကို ဒေါင်းတာတော့ရတယ် ပြန်ပြီးinstall လုပ်တာ လုပ်လို့မရလို့ verification fail ပဲပြနေတယ် အဲဒါဘယ်လိုသွင်းရမလဲ ကူညီပါအုံးနော် ကျွန်တော့် email က helpyou1991@gmail.com ပါ

    ReplyDelete
    Replies
    1. Cydia ထဲက appsync ကိုအရင်ဖုန်းထဲမှာinstall လုပ်မှရမှာ

      Delete
  14. ကျေးဇူးပါအကို
    ဒါပေမယ့် phone က jailbreakမလုပ်ရသေးဖူး အဲဒါဘယ်လို cydiaထဲကိုဝင်ပြီး appsync ကိုလုပ်ရမလဲမသိဖူးခင်ဗျာ လုပ်တဲ့နည်းလေးရှိရင်ပြောပြပါအုံးနော်

    ReplyDelete
    Replies
    1. Appsync ဟာ Jailbreak tweak တစ်ခုဖြစ်လို့ Jailbreak လုပ်ပြီးမှသာ လုပ်နိုင်တာပါ။ အကယ်၍ Jailbreak မလုပ်ပဲ App တွေကို Free သွင်းနိုင်တဲ့ နည်းကို http://www.moethagyar.info/2013/09/ios-7.html မှာ ဖတ်နိုင်ပါတယ်။

      Delete
  15. ကိုစွမ်းထက်မေးတာကို...ကျနော်လဲသိချင်တယ်ဗျာ...
    ကျနော်လဲသူနဲ့..အတူတူဖြစ်နေတယ်...

    ReplyDelete