iPhone 6 အတွက် အခက်အခဲ တစ်ခုဖြစ်နေတာကတော့ ဘက်ထရီပြဿနာပါ။ ပါးသည်ထက် ပါးလွှာအောင် ဒီဇိုင်းပြုလုပ် ဖန်တီးထားတဲ့ iPhone 6 အတွက် ဆိုရင် အလွန့်အလွန် ပါးလွှာတဲ့ ultra-thin battery လိုအပ်ပါတယ်၊ လက်ရှိမှာ Apple ကိုပံ့ပိုးပေးနေတဲ့ Samsung နဲ့ LG တို့ရဲ့ အားထုတ်မှုဟာ iPhone 6 နဲ့ အဆင်ပြေမှုမရှိပါဘူး။
အဆိုပါ အခက်မခဲကို Apple က တိုင်ဝမ်ရှိ နောက်ထပ် စက်ရုံအသစ် တစ်ခုနဲ့ ပူပေါင်းဆောင်ရွက်ခဲ့လို့ iPhone 6 အတွက် ဘက်ထရီပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီဟု တိုင်ဝမ် Economic Daily News က ဖော်ပြလိုက်ပါတယ်..
"Hsin Chu" လို့ အမည်ရတဲ့ တိုင်ဝမ် အခြေစိုက် စက်ရုံက iPhone 6 နဲ့ သင်လျှော်မယ့်၊ တပ်ဆင်နိုင်မယ့် ultra-thin battery အမျိုးအစားကို Apple အတွက် ထုတ်လုပ်နိုင်ပါပြီ။
iPhone 6 ရဲ့ ဒီဇိုင်းအသစ် အတိုင်းဆိုရင် ဘက်ထရီရဲ့ အထူဟာ ၂ မီလီမီတာထက် ပိုပြီး ထူလို့မရပါဘူး၊ ဒါဟာ ယခုလက်ရှိ handset တွေမှာ သုံးနေတဲ့ ဘက်ထရီများထက် အများကြီး ကျုံ့အောင် လုပ်နိုင်ခဲ့တာဖြစ်ပါတယ်..
iPhone အသစ် နှစ်မျိုးလုံးကို ယခုနှစ် အတွင်းမှာ ထုတ်နိုင်ဖို့ မျှော်လင့်ထားပြီး၊ နှစ်မျိုးစလုံးရဲ့ Screen size ဟာ လက်ရှိ iPhone တွေထက် ပို၍ကြီးမားလာမှာ ဖြစ်ပါတယ်။
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်
မိုးသိကြား ဘလော့ခ်အား မေတ္တာတုန့်ပြန်လိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...
မိုးသိကြား
0 comments :
Post a Comment