Apple က မနေ့က Japan မှာ စတင်ပြီး iTunes Store အတွက် စိတ်ဝင်စားဖွယ်ရာ ဝန်ဆောင်မှု အသစ်ကို အကောင်အထည်ဖော်ခဲ့ပါတယ်။
iTunes Pass လို့ ခေါ်တဲ့ ဝန်ဆောင်မှုဟာ iTunes Store, App Store, iBookstore တို့အတွက် iPhone နဲ့ iPodTouch တို့ကနေ အသုံးပြုနိုင်အောင် ပြုလုပ်ထားတာပါ။ အသုံးပြုလိုသူများဟာ Apple Store သို့ ကိုယ်တိုင်သွားရောက်ပြီး 'Credit' ပိုက်ဆံဖြည့်သွင်းရမှာ ဖြစ်ပါတယ်၊ အဆိုပါ credit ဟာ မိမိရဲ့ Apple ID နဲ့ တိုက်ရိုက် ချိပ်ဆက်သွားပြီး iTunes Store, App Store, iBookstore တို့မှာ လွယ်ကူစွာ ဝယ်ယူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အဆိုပါ ဝန်ဆောင်မှုကို ယနေ့မှာတော့ United States နှင့် Australia တို့မှာပါ ရရှိသွားပါပြီ...
Gift card နေရာမှာ အစားထိုးနိုင်ဖို့ အတွက် ရည်ရွယ်ထားတဲ့ iTunes Pass ကို iTunes Store App ထဲမှာ install လုပ်ထားပြီးပါပြီ။
အသုံးပြုဖို့ဆိုရင်တော့ iTunes Store App ကိုဖွင့်ပြီး "Use iTunes Card/Code" ကို နှိပ်ပါ။ iTunes Pass ကို တွေ့ရပါလိမ့်မယ်။ Account ထဲကို ငွေဖြည့်ဖို့ဆိုရင်တော့ နီးစပ်ရာ Apple Store ကိုသွားပြီး ကျွမ်းကျင်ဝန်ထမ်းက သင့်ရဲ့ iTunes Pass ကို scan ဖတ်ပေးပါလိမ့်မယ်၊ Payment အတွက် accept လုပ်ပြီးတဲ့ အခါမှာတော့ ဖြည့်သွင်းလိုက်တဲ့ ပိုက်ဆံဟာ Apple ID နဲ့ ချိပ်ဆက်သွားပြီ ဖြစ်ပါတယ်။
"Use the iTunes Pass, you can now deposit directly to the account of the App Store or iTunes Store you. Go to the iTunes Store in the iOS device you have, if you tap “Use iTunes Card / Code” button and scroll down, you can get the iTunes Pass.
Please tell specialist that then, the Apple Store near you, you want to deposit into account. When you open the iTunes Pass from the Passbook, specialists will scan it, and accepts the payment. Balance is updated on the fly, available immediately."
Please tell specialist that then, the Apple Store near you, you want to deposit into account. When you open the iTunes Pass from the Passbook, specialists will scan it, and accepts the payment. Balance is updated on the fly, available immediately."
အဆိုပါ ဝန်ဆောင်မှုဟာ Credit card အသုံးပြုနေသူ Gift Card သုံးနေသူများ အတွက်တော့ အနည်းငယ် ကို့ယို့ကားယားဆန်တယ်လို့ ထင်ရပါတယ် ဒါပေမယ့် အဲဒီလိုမျိုး နည်းလမ်းတွေကို အသုံးမချနိုင်တဲ့ သူတွေ အတွက်တော့ အဆင်ပြေတဲ့ အခြားရွေးချယ်စရာ နည်းလမ်း အသစ်တစ်ခု ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။
ဒါ့အပြင် Apple က Touch ID နှင့် Passbook ကိုပူးပေါင်းပြီး အနာဂါတ်မှာ iTunes ကို အခြေခံတဲ့ Mobile Payment service အတွက် ပြင်ဆင်နေတာ ဖြစ်တယ်လို့လည်း ကြားသိထားပါတယ်..
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်
မိုးသိကြား ဘလော့ခ်အား မေတ္တာတုန့်ပြန်လိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...
မိုးသိကြား
0 comments :
Post a Comment