iPhone စတင်ပေါ်ပေါက်ခဲ့တဲ့ လွန်ခဲ့သော ခုနှစ်ခန့်ကစလို့ Jailbreak လုပ်ခြင်းဆိုတာ တစ်ဖြည်းဖြည်း တိုးတက်များပြားလာခဲ့ပါတယ်။ အဲဒီကာလ တစ်လျှောက်လုံးမှာ Apple က iOS device အလုံးပေါင်း သန်းရှစ်ရာကျော် ရောင်းချခဲ့ပြီးပါပြီ။
Jailbreak လုပ်ခြင်း အရေအတွက် များပြားလာတာမှန်သော်လည်း စစ်တမ်းများအရ ဆိုလျှင် iOS device (၁၀)လုံးမှာ (၁)လုံး အချိုး ပမာဏတောင် မပြည့်တဲ့ အရည်အတွက်သာ Jailbreak လုပ်ထားကြတာကို တွေ့ရှိရပါတယ်။ ဒါဟာ Jailbreak လုပ်လိုက်ရင် မလိုအပ်တဲ့ ပြဿနာတွေကို ရင်ဆိုင်ရမှာကို များသောအားဖြင့် မလိုလားသောကြောင့် ဖြစ်ပါတယ်...
ဒီလိုပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ရယ်နှင့် Jailbreak လုပ်တဲ့ ပရိသတ်ကို ချဲ့ထွင်ဖို့အတွက် "iMods" လို့ အမည်ပေးထားတဲ့ jailbreak store တစ်ခုကို iPhone, iPad, iPodTouch အားလုံးတို့မှာ အသုံးပြုနိုင်အောင် developers အဖွဲ့တစ်ဖွဲ့က စတင် အကောင်အထည်ဖော်နေပါပြီ..
ဆောင်းပါတွင် ဖော်ပြပါရှိသော ပုံများကို အပြင်မှာ တစ်ကယ် မတွေ့ရှိရသေးတဲ့အတွက် "iMods" ကျိမ်းသေပေါက် ထွက်လာမှာလားဆိုတာ အာမ မခံနိုင်သေးပါဘူး။ ဒါပေမယ့် "iMods" ကို ဖန်တီးနေတဲ့ အဖွဲ့ထဲက developer တစ်ယောက်ကတော့ "iMods" ဘယ်လို အလုပ်လုပ်မယ် ဆိုတာ အောက်ပါအတိုင်း ပြောပြထားပါတယ်..
ကျွန်တော်တို့ ဖန်တီးထားတဲ့ features တွေကို တက္ကသိုလ်ကျောင်းက သူငယ်ချင်းတွေကို ဆာဗေးဆင်းကြည့်တော့ တော်တော်များများက နှစ်သက်တာကို သိခဲ့ရပါတယ်။ ဒါပေမယ့် သူတို့က ဒီ features တွေကို ကြိုက်ပေမယ့် Jailbreak လုပ်ရမှာကိုတော့ အကြောင်းအမျိုးမျိုးကြောင့် ချီတုံချတုံ ဖြစ်နေသူတွေပါ။ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေအတွက် "iMods" ဟာ Jailbreaking ကို တံဆိပ်ပြောင်းတပ် လိုက်တာပါ။
"iMods ကို သုံးဖို့ဆိုရင် Jailbreak လုပ်ဖို့လိုမှာလား" ဆိုရင်တော့ မလိုပါဘူး၊ 'iMod' လုပ်ဖို့ပဲ လိုပါလိမ့်မယ် (အမှန်တော့ Jailbreak လုပ်ဖို့လိုပါတယ် ဒါကို iMod လုပ်တယ်လို့ ပြောင်းသုံးလိုက်တာပါ)။
ကျွန်တော်တို့ iMods အတွက် လုပ်နေကြတာ ၃လ လောက်ရှိပါပြီ၊ အဓိက က ဒီဇိုင်းပိုင်းနဲ့ UI(User Interface) တို့ကို အချိန်ပေးနေကြလို့ပါ။ နောက် ၂လ လောက်ဆိုရင် Store အနေနဲ့ အလုပ်လုပ်နိုင်ပါပြီ၊ Server နဲ့ ပက်သက်တဲ့ အပိုင်းတော်တော်များများလည်း ပြီးစီးနေပါပြီ၊ App အဖြစ်ပေါင်းစည်းဖို့နဲ့ mobile App အဖြစ် အလုပ်လုပ်နိုင်ဖို့ပဲ လိုပါတော့တယ်။
iMods ကို သုံးတဲ့အခါမှာ tweak တွေ အဆင်မပြေတာဖြစ်စေ၊ ကောင်းကောင်း အလုပ်မလုပ်တာဖြစ်လာပါက အသုံးပြုသူတွေ မထိတ်လန့်စေပဲ ကျွန်တော်တို့က ပြန်လည် ဖယ်ရှားပေးနိုင်တဲ့ အထိ ကွပ်ကဲနိုင်အောင် Store ကို ဆောက်နေပါတယ်။
Cydia repositories ရဲ့ ဥပဒေက လုပ်ဆောင်ချက် တူညီတဲ့ package တစ်ခုကို နှစ်နေရာမှာ တင်ထားခွင့်မရှိပါဘူး၊ ဒါကြောင့် iMods က Debian server ကိုအခြေခံမှာ မဟုတ်သလို Cydia ကနေလည်း ဖြတ်မှာ မဟုတ်ပါဘူး။
iMods က Cydia source တစ်ခု မဟုတ်ပါဘူး။
အထက်ပါ အချက်လက်များကတော့ iMods ဖန်တီးသူ developer တစ်ဦး ဖြေကြားထားတာ ဖြစ်ပါတယ်....
အဆိုပါ "iMods" နဲ့ ပက်သက်လို့ "Cydia" ဖန်တီးသူ "saurik" က သူ့ရဲ့ ကိုယ်ပိုင် blog မှာ “Competition vs. Community” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးရှည် တစ်ပုဒ်ရေးသားခဲ့ပါတယ်။
ဆောင်းပါရဲ့ အနှစ်ချုပ်မှာ "Cydia" ကို သူဖန်တီးခဲ့တာဟာ 'ယှဉ်ပြိုင်ချင်လို့ မဟုတ်သလို ငွေကြေးရလိုမှုကြောင့်လည်း မဟုတ်ပါဘူး၊ community အတွက်သာ ရည်ရွယ်လုပ်ဆောင်ခဲ့တာဖြစ်ပြီး အဆိုပါ Jailbreak အလုပ်တွေ အတွက် ၂၀၀၇ ခုနှစ်နဲ့ ၂၀၀၈ အစပိုင်းမှာဆိုရင် အကြွေး $20K လောက်တင်ခဲ့ပါတယ်။ အကယ်၍ သူဟာ ယှဉ်ပြိုင်ရမယ့် အခြေအနေမျိုး ဖြစ်လာမယ် ဆိုရင်တော့ ဒီမြင်ကွင်းထဲကနေ ပျောက်ကွယ်သွားမှာ ဖြစ်ကြောင်း အစရှိသည်ဖြင့် အကျယ်တစ်ဝင့် ရေးသားခဲ့ပါတယ်....
>> “Competition vs. Community” အပြည့်အစုံ ဖတ်ရန်
iMods အဖွဲ့သားများကလည်း သူတို့ရဲ့ page မှာ Saurik အတွက် ပြန်စာကို ရေးသားဖော်ပြခဲ့ကြပါတယ်၊ သူတို့အနေနဲ့ Cydia ကို ယှဉ်ပြိုင်ဖို့ ရယ်ရွယ်ခြင်း မဟုတ်ပဲ Saurik နဲ့ လက်တွဲဆောင်ရွက်လိုခြင်းသာ ဖြစ်ကြောင်း၊ iMods ရဲ့ purchase data တွေကို Cydia နဲ့ အခြားသော jailbreak store များမှ access လုပ်နိုင်အောင် API တွေကို ပြင်ဆင်နေကြောင်း အစရှိသည်တို့ကို တုန့်ပြန်ပြောကြားထားပါတယ်။
>> "iMods’ Response to Saurik" အပြည့်အစုံ ဖတ်ရန်
iOS 8 jailbreak ထွက်လာတဲ့ အခါမှာတော့ iMods Store ကို Install လုပ်နိုင်ဖို့ အခြားသော Tool တစ်ခုပါလာနိုင်တယ်လို့ သုံးသပ်မိပါကြောင်း...
Credit to : iPhonehacks
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်
မိုးသိကြား ဘလော့ခ်အား မေတ္တာတုန့်ပြန်လိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...
မိုးသိကြား
0 comments :
Post a Comment