Wednesday, September 24, 2008

လူငယ်တွေလမ်းလွဲနေကြပြီလား .....

Forward mailထဲကရတဲ့ ဆောင်းပါးလေးတစ်ခုပါ အကြောင်းရာလေးကောင်းလို့  ပြန်လည်ဖော်ပြမေးလိုက်ပါတယ်....

အင်းဘယ်လိုပြောရမလဲ .. လူတွေကနိုင်ငံခြား နိုင်ငံခြားဆိုပြီးအထင်ကြီးကြတယ် ... မှန်ပါတယ်အထင်ကြီးစရာတွေရှိပါတယ် .. ဒါပေမယ့်တခိျု့ကတော့ အဲ့လိုထင်ရင် ဘယ်လိုပြန်ထင်ကြသလဲဆိုတော့ သူကကိုယ့်နိုင်ငံကိုယ်အထင်မကြီးဘူး နိုင်ငံခြားမှအထင်ကြီးတာ ဘာညာပေါ့ ဟုတ်ကဲ့ အထင်ကြီးသင့်ပါတယ် အထင်ကြီးတယ်ဆိုတဲ့နေရာမှာ ကောင်းတာကိုပြောတာပေါ့ သူတိုဘယ်လိုကြိုးစားတယ် ဒါကြောင့်သူများနိုင်ငံတွေနဲ့မတူဘဲ တိုးတက်ကြတယ် ဒါကိုအတုယူသင့်ပါတယ် တိုးတက်တဲ့နိုင်ငံတွေကိုအတူယူသူတို့ဘယ်လိုလုပ်တယ်ဆိုတာကို ကိုယ်ကသိမှကိုယ့်မှာဘာချွင်းချက်ရှိတယ် ဘာကိုဘယ်လိုပြင်ရမယ်ဆိုတာသိတာပေါ့ ..တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုးတဲ့ ... ဒီလိုအတုယူပါမှတိုးတက်မှာပေါ့ ......အခုတော့ အခုခေတ်လူငယ်တွေ အတုယူပုံမှားနေကြတယ် ...



ရန်ကုန်မှာဆို အခုဆို အထူးသဖြင့်ကိုရီးယားပေါ့ ...ကိုရီးယားကားတြွေကည့် ကြည့်ပြီးတော့ အတုယူ ဟိုမင်းသမီးကဘယ်လိုဝတ်တာ ဆံပင်ကဘယ်လိုလေး.. အွန်စောခေတ်တုံးကတောင်ခေတ်စားလိုက်သေးတယ် ...ဆံပင်တွေလဲဟိုရွဲ.ဒီရြွဲဖစ်ကုန်လို့ တော်၂လဲရီရပါပေတယ် .... အခုခေတ်အဝတ်အစားတွေလဲ တော်၂လေးကိုကြည့်လို့မကောင်းတော့ဘူး အကုန်တိုနန့်နန့်နဲ့ ဟိုပေါ်ဒီပေါ်လို့ ... မဝတ်နဲ့လိုမပြောပါဘူး ၀တ်ပေါ့ ကိုယ့်အကြိုက်နဲ့ကိုယ်ဝတ်ကြတာ အဲ့လိုဝတ်တော့လဲကြည့်ရတာပေါ့ ......ဒါကိုကြည့်သူအပြစ်လားလို့ဆိုရင်ပြရင်တော့ကြည့်မှာပဲပေါ့ ...... အဲ့တော့လဲစကားစတွေထွက်ကုန်တာပေါ့ ..ထွက်မှာပေါ့ လူ့ပါးစပ်ဆိုတာ အကုန်ထွက်တဲ့အပေါက် ....ဒါကိုဂရုမစိုက်လဲနေပေါ့......ဒါပေမယ့်ကိုယ်နေတာကအနောက်နိုင်ငံမဟုတ် မြန်မာနိုင်ငံ အရှေ့နိုင်ငံသား ......အများပြောအရ ယျေဘူယျခြုံငုံပြောရင် အရှေ့တိုင်းသားတွေကသိပ်အရှက်အကြောက်ကြီးကြတာတဲ့.... အခုလား မရှက်လားရှက်လားတော့မသိတော့ဘာဘူး ....ကိုယ့်နိုင်ငံအတွင်းမှာ နေပြီးတော့ ကိုယ့်နိုင်ငံယဉ်ကျေးမှုလေးတောင်မလိုက်နာနိုင်ကြဘူး .... ဒါကြောင့်မြန်မာ့ယဉ်ကျေးမှုဆိုတာ ပျောက်ကွယ်ကုန်တာ ... ခေတ်နဲ့အညီတော့ဝတ်စားနေထိုင်သင့်ပေမယ့် ခေတ်ကိုအပြိုင်လိုက်ဝတ်နေစရာမလိုပါဘူး ..... ကိုယ်ခန0x081ဓာမှာ အဝတ်တစုံသပ်၂ရပ်၂ကလေးရှိရင်လူတောတိုးလို့ရပါတယ် ..... တချို.့တွေများဆို သနားစရာကောင်းပါတယ် သူတို့မှာမရှိလို့မဝတ်နိုင်ကြဘူး ...အပြဲကလေးနဲ့နေရတယ် ....နယ်မှာဆိုကျမမြင်ဖူးတယ် ...ကလေးလေးတွေနှပ်ချီးတွဲလောင်းနဲ့ ......တစ်ရှူးရှိဖို့လား ဝေလားဝေးပဲ အကျီင်0x081 စွပ်ကျယ်အရှည်ကြီးအဖေဝတ်တဲ့ဟာကြီးနဲ့တူပါတယ် ဘောင်းဘီမပါဘူး .....အဲ့ဒီရှည်နေတဲ့အကျီက တကိုယ်လုံးခြုံလို့ရတယ်လေ ..လျှောက်သွားနေတာ သူတို့များ အကျီတောင် တကြိုးဆိုလားပဲ ၀တ်တာ ... ပိတ်စမလောက်လို့တော့မဟုတ်ဘူး တမင်သက်၂အတိုဝတ်ကိုဝတ်ကြတာ နဲ၂နော၂တိုရင်မပြောလိုပါဘူး ... အံ့ပါရဲ့တော် ဒီလောက်ပူအိုက်နေကြရင်လဲ ကျောက်ခေတ်ကိုပြန်သွားပြီး သစ်ရွက်ကလေးနဲ့နေကြပါလား ... ဒါဆိုကျောက်ခေတ်လူသားဆိုပြီး လူတွေပြောစရာမဖြစ်တော့ပါဘူး........... ကဲပါလေ ဒါတွေပြောလို့ကတော့ ကျမထမင်းစားရမှာမဟုတ်ဘူး .... ပြောချင်တာက Edu & job topic ဆိုတော့ အဲ့အကြောင်းပြောမလို့ ဘယ်လိုလုပ်တော့ပစ်ချော်သွားလဲမသိဘူး တကယ်တော့လေ ကျမတို့နိုင်ငံရဲ့ပညာရေးအနိမ့်ကြီးတော့မဟုတ်ဘူးထင်တယ်.. ပြန်တော့အသုံးချလို့ရတယ် .... ကျမသူငယ်ချင်းပြောတာကြားဖူးတယ် china မှာဆိုရင် university ကအစ တရုတ်လိုသင်တာတဲ့ အဂင်0x081လိပ်စာကလွဲလို့ပေါ့ ..... ကျမတို့စီမှာ ကိုးတန်းကစပြီးအဂင်0x081လိပ်လိုသင်ရတယ် မြန်မာစာကလွဲလို့လေ ...ဒီနေရာမှာယှဉ်ရင် ပိုမကောင်းဘူးလား ...ဒါကြောင့် ပညာဆိုတာသင်ထားသမျှအသုံးချတတ်ရင်အကျိုးရှိပါတယ် .... ဒါကိုအပျင်းကြီးပီးစာမကျက် စာမဖတ်ပဲ မြန်မာနိုင်ငံပညာရေးက နိမ့်သလေးဘာလေးလုပ်ချင်တဲ့လူကတော့ တော်၂အဆံချောင်တာပဲ ( သူများပြောတာနော် ) သူတို့စာဘယ်နှခေါက်ဖတ်လဲဖတ်စာအုပ်ထဲရှိသမျှစာတွေကိုပြောပါတယ် .... ကျူရှင်တက် မေးခွန်းရိုက်နဲ့ စားပွဲထိုး ..အဲအဲ..တပွဲတိုး ကျက်ဖြေလာတဲ့သူအဖို့ကတော့ ဒီဦးနှောက်ပဲရမှာပေါ့ :/ .... ကြိုးစားတဲ့လူလည်းကြိုးစားပါတယ် .... အခုခေတ်က ရွှေအိုးရှိမှပညာရဆိုတော့..... တော်၂တန်ဖိုးထားသင့်တယ် ... ကျမရန်ကုန်မှာ BC library / American library သွားတယ် ... လူတွေမှအများကြီးပါပဲ ..... အထူးသဖြင့်ပေါ့ BC library လေ သူထိန်း သားသမီးတွေချည်းပဲ ...ကိုယ်ကတော့ မထိန်းပါဘူး ....မရှိမဲ့ ရှိမဲ့ နဲ့ မေ၂တို့က သွားစေချင်လို့သာသွားတာ ... အဲ့မှာက english classes တွေအများကြီးပဲ ..ဒေါးလာပေးရတာ ..ကျမတော့မတက်နိုင်ပါဘူး ... ဟိုအလကားရတဲ့ဈေးပေါတဲ့ ဆီမှာပဲ အရှေ့ဆုံးတန်းထိုင်နေရာဦးပီးပဲတက်တယ် ... အဲ့ အဲ့လိုပြောလို့အဲ့သူထိန်းတွေကို မနာလိုတိုရှည် ဖြစ်နေတယ်လို့မထင်ပါနဲ့ ...အနေသာကြီးပါ ကိုယ့်ထမင်းကိုယ်စားတာ ... ဒါပေမယ့်မပြောမပီး မတီးမမြည် ဆိုလို့သာပြောကြည့်ရတာ .... ပြန်ဆက်ရရင်တော့ ...အဲ့ သူထိန်းလေးတွေကလေ လိုက်ဘရီလာတယ် ကလပ်စ်လာတက်တယ် ... ဘိုလိုတော့မှုတ်သလားမနေးနဲ့ ကျမတောင်အနားမကပ်ရဲ့ဘူးသိလား ကြောက်လွန်းလို့ပါ ( တံတွေးစင်မှာ ) သူတို့တော့မိုးကိုထိနေတာပဲပြောတာ လေသိလား ... ဂုဏ်ယူပါတယ် သူတို့အစား ... ပြီးရင်ပုံစံတွေက ထောင်၂ထောင်နဲ့ လူတွေကလေ ကိုယ့်ကိုယ်ကိုဘာမှတ်နေလဲမသိဘူး ( ထင်တာကတော့ စာခြောက်ရုပ်လို့ထင်တယ် အမြဲထောင်နေလို့လေ ) အရမ်းကိုတော်နေတတ်နေရင်တော့ထောင်ပေါ့ကြိုက်သလောက်သာထောင် လက်မထောင်နိုင်ရင်မပြောပါဘူး .... တခိျု့ကဂလေတွေရိုက်နေတာ ၊ ကောင်မလေးရော ကောင်လေးရော ... ရမ်းပြောတာလို့တော့မထင်နဲ့နော် ( ရမ်းစရာလဲအမြီးမပါဘာ ) ကိုယ်တွေ့မို့လို့ပြောတာပါ .... အခုခေတ်ကြပ်ကြီးထဲမှာစားဝတ်နေရေးကလည်းအဆင်မပြေကြရတဲ့ကြားထဲ ..... ပိုက်ဆံတန်ဖိုးလဲနားမလည် အဲ့ဂလေရိုက်နေတာတော့သနားတယ် ... တခိျု့တွေဆိုလေ မတတ်နိုင်ရှာလို့ ကျောင်းထွက်ပြီး အလုပ်လုပ်ကတဲ့လူတွေတပုံကြီး ...မြင်ချင်စမ်းပါပေ့ ... ကျမကြားဖူးတာပေါ့နော် အဲ့လို စက်ရုံတွေမှာ တောင်ဒဂုံတို့ လှိုင်သာယာတို့သိတယ်မဟုတ်လား ...အဲ့ဘက်တွေမှာ ဆိုအလုပ်လုပ်တဲ့ကောင်မလေးတွေကငယ်၂လေးတွေတဲ့ .... အင်း ..ဒါကလည်းလူတွေကသူ့ကုသိုလ်နဲ့ သူလာတာဆိုတော့လည်းမပြောချင်ပါဘူး .... ကျမနောက်ထပ်ဘာသွားသေးလဲဆိုတော့ ပြည်သူ့စာကြည့်တိုက်သွားတယ် ၊ အမျိုးသားစာကြည့်တိုက်သွားတယ် ၊ ယူနီဆက်(ဖ်)၊ ယူအန်ဒီပီ စာကြည့်တိုက်တွေသွားတယ် ...(အထင်မကြီးနဲ့သွားတယ်ဆိုလို့ ဟိုရောင်၂ဒီရောင်နဲ့ လိုက်သွားပေးတာအဖော်ရအောင် အဲ့လိုနဲ့ရောက်၂သွားတာ ) ကြွားလိုက်အုံးမယ် စာဆိုတအုပ်မြှပီးအောင်မဖတ်ဖူးဘူး
အဲ့စာကြည့်တိုက်တွေများဆိုလေ လူတွေလား ...ပျားပန်းခတ်မကျစည်ကားနေတယ်လို့ထင်လေသလား ...မှားသွားမယ် :keep: ခြောက်ကပ်လို့နေရော သရဲတောင်ခြောက်လို့ရတယ် အဲ့ကဝန်ထမ်းတောင်မှ အလုပ်ဆိုလို့သာလာရတယ်ထင်တာပဲ .... ပြည်သူ့စာကြည့်တိုက်ကတော့လေ မြို.့ထဲမှာရှိလို့သာတော်၂ရယ် ... လာတာတော့တွေ့တယ် အဖိုးကြီးတွေလေ ..ပင်စင်စားတွေနဲ့ တူပါရဲ့ အလုပ်သွားစရာမရှိတော့ စာကြည့်တိုက်လာ စာလာဖတ်တယ်နဲ့တူပါရဲ့ .... ကြည့်စမ်းနော် .....ပညာလို အိုသည်မရှိတဲ့ ... အသက်ပင်ကြီးသော်ငြား စာကဖတ်ဆဲ လေးစားပါတယ် ... အခုတော့ရန်ကုန်မှာ အလကားရတဲ့သင်တန်းတွေ ပိုက်ဆံနဲ၂ပဲပေးရတဲ့သင်တန်းတွေအများကြီးပေါ်လာပြီ အဲ့လူတွေက စေတနာသက်၂နဲ့ ပညာလှုတဲ့လူတွေပါ ...သူတို့လဲလေးစားပါတယ်... အခွင့်ကြုံရင်တောင်သွားတောင်တက်ချင်သေးတယ် အလကားဆိုတော့လေ ..ပညာလဲရ အလကားလဲရ( ဟီးး မြန်မာ မဟုတ်လား အလကားရရင်အကုန်ယူတယ် နောက်တာပါ ) .... အခုလေ ကျမတွေ.့ဖူးတာကိုပြောတာပါ အဘွားကြီးနော် ၉၀ကျော်ပီ သူကစာဖတ်တယ် magnifier နဲ့ ..အိုးမိုင်ဂေါ့ ... ဟောင်းကမ်း အဲ့အနောက်တိုင်းသားတွေကစာအရမ်းဖတ်တာပဲ ရထားပေါ်မှာလဲဖတ် . ကားပေါ်မှာလဲဖတ် ဘယ်နေရာသွား၂ဖတ်နေတာကြီးပဲ ဒါကြောင့်လဲ သူတို့တော်တာပေါ့ ....နောက်တယောက်ဆိုလဲသတင်းစာဖတ်သလားမမေးနဲ့ ..... သူကကျမကိုပြောတယ် ...အားရင်စာဖတ်တဲ့ ဖတ်ရင်းနဲ့ အဲ့အထဲကနေ ကိုယ်တခုခုရလိမ့်မယ်တဲ့ ... ကျမလောက်စာဖတ်ပျင်းတာကျမပဲရှိတယ် 8/ အင်း နာလဲလေတော်၂ပစ်လိုက်လို့ နဲ၂တောင်ညောင်းလာပီ .... ဒီဟာကိုဒီမှာ ခနရပ်လိုက်မယ်နော် ..နောက်ကြုံရင်ထပ်ပွား အဲလေ ...မှောက်ကုန်ပီ ...ထပ်ရေးပါ့မယ် ဖတ်ချင်တဲ့သူရှိရင်ပေါ့ .. မျက်မှန်လေးလဲဆောင်နော်...

မိုးသိကြား

Facebook Comments

0 comments :

Post a Comment