iTunes Store မှာရှာဝယ်လို့  မရပဲ Cydia Store မှာသာ ဝယ်ယူနိုင်ပြီး Jailbreak iDevice များတွင် အသုံးပြုနိုင်သော အချို့  အလွန် အသုံးဝင်တဲ့ Applications လေးတွေများစွာ ရှိပါတယ်။
အခုလိုရောင်းချတဲ့ Cydia Store က App လေးတွေကို ကတုံးပေါ်ထိပ်ကွက်ပြီး ပြန်လည် ဖောက်ချ cracked လုပ်ထားတဲ့ (.deb) file လေးတွေ အများအပြား ရှိပါတယ်။
ယင်း file များကို iDevice မှာ install လုပ်နိုင်မယ့် နည်းလမ်းတွေလဲ အများကြီးရှိပါတယ်။ အားလုံးထဲကမှ Wifi မလို internet connection မလိုတဲ့ အလွယ်ကူဆုံးနည်း အချို့ ကို ရွေးချယ် ဖော်ပြပေးလိုက်ပါတယ်။
ပထမနည်းလမ်း
iPhone Explorer
၁) iPhone Explorer ကို download လုပ်ပြီး PC တွင် install လုပ်ပါ။
၂) iDevice ကို PC နှင့်ချိပ်ပြီး iPhone Explorer ကို Run ပါ။ (iTunes တက်လာပါက ပိတ်နိုင်ပါသည်)
၃) Root Directory ကို ဖြန့် ချလိုက်ပါ။
၎) အောက်ဆုံးက Var ကိုပါဖြန့် ချပြီး (user’s iPhone/Root Directory/var/root/Media)လမ်းကြောင်း အတိုင်းသွားပါ။
၅) (media) folder ထဲတွင် (cydia) folder မရှိပါက၊ ညာဘက် ကော်လံအတွင်း Right Click နှင့် Add New Folder ဖြင့် တည်ဆောက်ပါ။
၆) (untitled folder) ရလာပါလိမ့်မည်။ ယင်း folder ကို Left click တစ်ချက်နှိပ်ပြီး (cydia) ဟုပြောင်းပါ။
၇) (cydia) folder ထဲကိုဝင်ပြီး အထက်ပါအတိုင်း folder တစ်ခုအသစ် တည်ဆောက်ပြီး (Auto Install) ဟု အမည် ပြောင်းလိုက်ပါ။
၈) .deb file ကို ထည့်သွင်းရန် အောက်ဆုံးတွင် Download လုပ်ပါ။ Download လုပ်လားသော .deb file ရှိရာ folder ကိုဖွင့်ပြီး (auto install) folder ထဲသို့  Drag & Drop ချလိုက်ပါ။
Install လုပ်ရမည့် လမ်းကြောင်းသည် အောက်ပါ အတိုင်းဖြစ်သည်...
user’s iPhone/Root Directory/var/root/Media/Cydia/AutoInstall
၉) သင့် Device ကို Reboot လုပ်ပါ။
ဒုတိယနည်းလမ်း
iFunBox
ဒီနည်းလမ်း ကတော့ အရှင်းဆုံးနဲ့  အလွယ်ကူဆုံးပါပဲ...
၁) iDevice ကို USB သုံး၍ PC နှင့်ချိပ်ဆက်ပြီး iFunBox ကို Run ပါ။
၂) (user's) iPhone | iPhone (version) ကိုဖြန့် ချလိုက်ပြီး Cydia App Install ကို ရွေးပါ။
၃) .deb file ကို "Cydia App Install" ၏ ညာဘက် ကော်လံ ထဲသို့  Drag & Drop ချပေးလိုက်ပါ။
၎) Reboot လုပ်ပါ။
I AM Busy SMS
သင်က အစည်းဝေးခန်းထဲမှာ (သို့ ) အရေးကြီး ကိစ0x081စတစ်ခု လုပ်နေတဲ့ အချိန်မှာ ဖုန်းဝင်လာပြီ ဆိုပါစို့  ဖုန်းဖြေဖို့  အခွင်းအရေး မပေးတဲ့ အခြေအနေမှာ I am Busy SMS App လေးက ကူညီပါလိမ့်မယ်.. Slide တစ်ချက် ဆွဲလိုက်ရုံ နဲ့  မိမိမအားလို့  ပြီးမှ ဖုန်းပြန်ခေါ်မည့် အကြောင်း SMS လေးက ခေါ်ဆိုသူထံ အလိုလျှောက် ရောက်သွားမှာ ဖြစ်ပါတယ်။
message ကိုလဲ နှစ်သက်ရာ ကြိုတင် ရိုက်သွင်းထားနိုင်ပါတယ်။ SMS အတွက်ကတော့ သင့်ဖုန်း plan ထဲကနေ သွားမှာဖြစ်ပါတယ်...
** ဒါဖတ်ပြီးမှ အသုံးပြုပါ **
Tweaks များကို install လုပ်၍ အသုံးပြုရာ၌ ရံဖန်ရံခါ Application တစ်ခုခု နှင့် crash ဖြစ်ခြင်း အကြောင်းရင် မရှိပဲ ဘက်ထရီ အစားမြန်နေခြင်း၊ မိမိ Device တွင် အလုပ်မလုပ်ခြင်းများ ဖြစ်တတ်ပါသည်။
ဤကဲ့သို့  အဆင်မပြေခြင်းများ ဖြစ်ပေါ်လာခဲ့ပါက မိုးသိကြားမှ ပြန်လည် ဖြေကြားခြင်း၊ ဖြေရှင်းမှုများ မလုပ်ပါမည့် အကြောင်းကို တင်ကြို အသိပေးအပ်ပါတယ်... ဤအချက်များကို မိမိကိုယ်တိုင် သဘောတူပြီးမှ Tweaks များကို အသုံးပြုပါ။
ကိုမိုးသိကြားခင်ဗျား။ ဒီနည်းလမ်းတွေက Jailbreak မလုပ်ထားတဲ့ ဖုန်းတွေမှာရော သုံးလို့ရမရ သိချင်ပါတယ်။ ကျေးဇူးပြုပြီး ပြန်လည်ဖြေကြားပေးစေလိုပါတယ်။
ReplyDeleteReboot က ဘဲ လို လုပ် ရ မှာ လဲ ဗျ ???????
ReplyDeleteကိုမိုးသိကြား မအားသေးလို့ မဖြေဖြစ်သေးတာကို ကျွန်တော် ဖြေကြည့်ပေးပါ့မယ်ဗျာ ဒီနည်းလမ်းတွေသည် jailbreak မလုပ်ထားသော idevice တွေမှာ အသုံးပြုလို့ မရပါဗျာ .. reboot အတွက်ကတော့ idevice မှာ SBSettings ဆိုတာကို cydia မှ ဒေါင်းထားပြီး နာရီပေါ်နေသော နေရာကို တစ်ချက်လောက် အသာလေး ပွတ်ဆွဲလိုက်ရုံဖြင့် settings box ကလေး ကျလာပါမည် .. အောက်ဆုံးညာဘက်ထောင့်တွင် power ကို ဝင်လိုက်ပါက စိတ်တိုင်းကျ reboot သာမက ကျန်သောအရာများကိုလဲ အသုံးပြုနိုင်မှာဖြစ်ပါတယ် safe mood ဆိုတာကတော့ ကျွန်တော်တို့ရဲ့ device တွေကို jailbreak လုပ်ထားပြီးအသုံးပြုထားသော settings များကို အသုံးပြုလို့မရအောင်( အော် ) အတိုင်း ဖြစ်အောင် ကာကွယ်ထားခြင်းဖြစ်ပါသည် .. ထို့ကြောင့် tweaks များအသုံးပြုထားခြင်းကြောင့် ဘထ္ထရီ အစားမြန်နေလို့ ကုန်ခါနီးတွင် ထို safe mood ကို ပြောင်းသုံးထားခြင်းဖြင့် ဘထ္ထရီ ကို ချွေတာနိုင်ပါကြောင်း .. SBsettings တွင် အများအပြားပါဝင်ပြီး မိမိကိုယ်တိုင် ကလိ ကျပါကြောင်း အဓိက ပြောသည်မှာ reboot အတွက်သာဖြစ်ကြောင်း ပါဗျာ .. အမှားများပါလျှင် ဖြည့်စွက် နားလည်ကြပါရန် ...
ReplyDeleteကိုမိုးသကြား .deb file တွေကိုဘယ်ကဒေါင်းရမလဲဟင်. ကျေးဇူးပြုပြီဖြေပေးပါနော်
ReplyDeletehttp://www.moethagyar.info/search/label/Tweaks
ReplyDeleteကိုမိုးသိကြား install လုပ်ပြီးတဲံ့(.deb)file ကိုဘယ်လိုပြန်ဖြုတ်လို့ ရမလည်း
ReplyDeleteကိုမိုးသိကြား ကျေးဇူးပြုပြီး ipad 2 ios 5.1 ကနေ downgrade လုပ်နည်းအလွယ်ဆုံးလုပ်နည်းလေးသင်ပြပေးပါခင်ဗျ
ReplyDeleteiFunbox နဲ့ .deb ဖိုင် ကို ထည့်တဲ့နည်းကို လုပ်ချင်တာ Cydia App Install ကို ဘယ်မှာမှ မတွေ့လို့ ကိုမိုးသကြားရေ
ReplyDeleteဘယ်လိုလုပ်ရမလဲဆိုတာလေးပြောပြပေးပါဦး