Saturday, September 17, 2011

Angry Birds Theme Park Open In China

ကမ္ဘာကျော်တဲ့ လောက်လေးဂွ (သို့ ) Angry Birds game ကို Smart phone,Tablet နှင့် PC တွေမှာ လူတော်တော်များများ ကစားဖူးကြမှာပါ။ စတင် ကစားလိုက်ပြီ ဆိုတာနဲ့  ရပ်လို့ မရတဲ့ အထိအောင် ဆွဲဆောင်မှုကောင်းတဲ့ Game လေးပါ။
အပြင်ကမ္ဘာ လက်တွေ့ မှာ ဒီလို ကစားနိုင်ဖို့  ခဲယဉ်းလှပါတယ်၊ ကျွန်တော်တို့  ငယ်ငယ်ကတော့ ရွာမှာ ဒီလို အခွင့်ရေးမျိုး ရခဲ့ကြဖူးပါတယ်၊ ယနေ့ ခေတ်မှာတော့ မလွယ်တော့ပါဘူး။ ဒါပေမယ့် ယနေခေတ် တစ်ကယ့် အပြင်လောကမှာ ဒီလိုမျိုး ကစားချင်စိတ်တွေ သင့်မှာ ဖြစ်ပေါ်နေပါပြီလား....?

ဒီလိုကစားချင်စိတ် ဖြစ်ပေါ်နေသူများ အတွက် တရုပ်နိုင်ငံ Changsha မှာ Angry Birds Theme Park ကို ဖွင့်လှစ်လိုက်ပါပြီ။



Theme Park တစ်ခုလုံးကို Angry Birds game ထဲက အတိုင်း တန်ဆာဆင်ထားပြီး လာရောက် လည်ပတ်ကြသူများက ဧရာမ လောက်လေးဂြွကီး များနဲ့  ပစ်ဆော့ ကစားနိုင်ပါတယ်။
အခုလို ကြီးမားတဲ့ Angry Birds Theme Park ကို ထယ်ထယ်ဝါဝါ တည်ဆောက်ထားပေမယ့် ဒီလုပ်ငန်းကြီးမှာ Angry Birds game ရဲ့ မူပိုင် ဖြစ်သူများ မပါဝင်တာကြောင့် Theme park ပိုင်ရှင် သူဌေး ကတော့ မူပိုင်ခွင့် ချိုးဖောက်မှု ပြဿနာတွေနဲ့  ရင်ဆိုင်နိုင်ဖွယ်ရာ ရှိပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ဒီလို Angry Birds ကို အပြင်မှာ ကစားဖို့  အခွင့်ရေးရှိလာပြီဆိုတာ ကိုတော့ ကြိုဆိုလျှက်ပါ။

Facebook Comments

0 comments :

Post a Comment