Saturday, October 22, 2011

FaceBook သူငယ်ချင်းများသို့  ပေးစာ

သူငယ်ချင်းတို့ ရေ...

မဂင်0x081လာပါ... FB မှာ အဆင်ပြေကြရဲ့ လားး...?
ကိုယ့်ကိုတော့ Blog ရေးနေတဲ့ သာမန်လူ တစ်ယောက် (မိုးသိကြား) အနေနဲ့  မင်းတို့  မှတ်မိကြမယ်ထင်ပါ။ ကိုယ့် အကြောင်းကိုတော့ မင်းတို့  သိတန် သလောက်တော့ သိပြီးကြမှာပါ။ မသိသေးတဲ့ သူငယ်ချင်းတော့ကိုတော့ ကိုယ် ဘလောက်ခ့် ရေးတာ နာမည်ကြီးချင် မဟုတ်ဘူး ဆိုတာ ထပ်ပြောလိုက်ပါရစေ....

နည်းပညာ အသီးပွင့်တွေ ဝေဆာဖြစ်ထွန်း နေချိန်မှာ ကိုယ်တို့  လူမျိုးတွေ မျက်စိသူငယ် နားသူငယ်နဲ့  မကျန်ခဲ့ကြပါစေနဲ့  ဆိုတဲ့ စေတနာနဲ့  ကိုယ်ပိုင် အချိန်များစွာကို ရင်းနှီးပြီး ဘာ ကိုယ်အကျိုးမှ မရပဲ တီးခေါက် မိသလောက် နည်းပညာ သေးသေးလေးတွေ ဖြန့် ဝေရုံသက်သက် ဘလောခ့် ရေးဖြစ်သွားတာပါ။

ဒီလိုရေးလိုက်လို့  "မိုးသိကြား သောက်ကြီး... သောက်ကျယ် ပြောတယ်ကွာ" ဆိုရင်လဲ ကိုယ်ခံနိုင်ပါတယ်။
သူငယ်ချင်းရေ ... ကိုယ့်မှာ ခံယူချက်လေး တစ်ခု ရင်ထဲမှာစွဲနေတယ် "ဒို့ အရေး... ဒို့ အရေး..." လို့  ထပြီးအော်နေမှ နိုင်ငံရေးလုပ်တာ မဟုတ်ဘူး ဆိုတာပဲ၊ ကိုယ့်လူမျိုးနဲ့  ပက်သက်ပြီး ဘယ်လို တိုးတက်ရာ တိုးတက်ကြောင်း ကိုပဲ ဖြစ်ဖြစ် မိမိ တတ်နိုင်တဲ့ ကဏ0x081ဍလေးကနေ အကျိုးအမြတ်မကြည့်ပဲ ဆောင်ရွက် နေကြတာလဲ နိုင်ငံ့အရေး တစ်ခုလုပ်နေတာ လို့  ကိုယ် ခံယူထားတယ် သူငယ်ချင်းးးး....

ဒီလို နိုင်ငံရေးသမားတွေ မင်းတို့  ငါတို့  အနားမှာ အများကြီးရှိနေပါတယ်၊ မင်း ကိုယ်တိုင်လဲ ဖြစ်ချင်ဖြစ်မှာပေါ့ သူငယ်ချင်းရယ်....

FaceBook ဆိုတာကိုတော့ ကိုယ်သုံးတတ်တာ သိပ်မကြာသေးပါဘူး။ မသုံးသေးခင် ကိုယ် လေ့လာပါသေးတယ် ဘယ်သူတွေ အဲဒီထဲမှာ ဘာတွေ လုပ်ကြလဲပေါ့....

အမှန်အတိုင်း ဝန်ခံရရင် ကိုယ် FaceBook ကို လုံးဝ မနှစ်သက်ပါဘူး (မင်းတို့ ဝိုင်းပြောရင်လဲ ခံရမှာပါပဲ) FaceBook မှာ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ အများကြီးရှိတယ်ဆိုတာ ကိုယ်ယုံကြည်ပါတယ်။
ဒါပေမယ့် အရေမရ အဖတ်မရတွေက များနေတယ်(အားလုံးကို မဆိုလိုပါ) လို့  ဆိုရင် မင်းတို့  ကိုယ်ကို ထကန်ချင်ကြလိမ့်မယ် ထင်တယ်။
အဲဒီလို ဆိုးကျိုး ကောင်းကျိုး ရောနေတဲ့ အထဲမှာ information တွေက အမြန် ပျံ့ နှံဖို့  သိပ်လွယ်တဲ့ အချက် တစ်ခုထဲကို ကိုယ် သဘောကျလို့  FaceBook မှာ member ဝင်ဖြစ်ခဲ့တာပါ။ နည်းပညာဆိုတာ ဒီခေတ်မှာ ပုတ်သိုးလွယ်တဲ့ အရာတစ်ခုဖြစ်နေပြီ ဆိုတာ ကိုယ့်ထက် သူငယ်ချင်းတို့  ပိုသိပါတယ်လေ။
ဒီတော့ နည်းပညာတွေ မပုတ်သိုးခင် FaceBook Express နဲ့  သုံးစွဲသူတွေဆီ လွှတ်ချင်လို့ ပေါ့။ ဟော.... ဒီတော့ FaceBook မှာ မင်းတို့ နဲ့  သူငယ်ချင်း ဖြစ်ခဲ့ရတယ်၊ မင်းတို့ ကနေ တစ်ဆင့် information တွေ ထပ်ပျံ့ သွားတယ်....
ကိုယ် မင်းတို့ ကို အများကြီး ကျေးဇူးတင်ပါတယ်။

ကိုယ့် ဘလောခ့်မှာ သတင်းတွေ အသစ်တင်တိုင်း မင်းတို့  သိစေချင်လွန်းလို့  မင်းတို့ ရှိရာ FaceBook မှာ ဦးဦးဖျားဖျား အမြဲတင်ပေးနေပါတယ်၊ မင်းတို့ ဆီက အကျိုးရှိတဲ့ Comment တွေ၊ မေးခွန်းတွေ တစ်ခါတစ်ရံ အများကြီး တက်လာတဲ့ အခါ
ကိုယ်ပြန်ဖြေဖို့ လဲ ဝန်မလေးခဲ့ပါဘူး...

ဒါပေမယ့် FaceBook မှာ post အသစ်တစ်ခုတက်လာရင် အဟောင်းတွေက နောက်ရောက် ရောက်သွားပြီး၊ သိပ်ဟောင်းသွားရင် ပြန်ရှာဖို့  အလွန်ခက်တယ် ဆိုတာ ဟိုးး တစ်လောက post တစ်ခုကို ပြန်ရှာတဲ့ အခါမှာ
ကိုယ်တိုင် သိလိုက်ရတယ် (FaceBook မှာဖတ်ထားတယ်ဆိုတာ သိသိကြီးနဲ့ ကာလ ကြာသွားလို့ ပြန်ရှာရခက်တာနော်)။ FaceBook ဂုရုကြီးတွေ ဆီမှာတော့ အခြားမြန်ဆန်တဲ့ ရှာနည်းတွေ ရှိချင်ရှိမှာပေါ့၊ ကိုယ်က သာမန်လူတစ်ယောက် အနေနဲ့  ဆိုလိုတာပါ။

အခုကိုယ်တစ်ခု စိတ်ကူးမိတာက ဒီလိုပါ... ကိုယ်ရဲ့  ရေးသားမှုတွေက moethagyar.info မှာ ကိုယ် Domain ဝယ်ထားသရွေ့ ရှိနေမှာပဲ..... ကိုယ် နှမြောတာက အကြောင်းအရာ တစ်ခုပေါ်မှာ မင်းတို့  ဆွေးနွေးလိုက်တဲ့ Comments တွေကိုပါပဲ....
ဒီလို Comments တွေကို moethagyar.info ရဲ့  သက်ဆိုင်ရာ ပိုစ့်အောက်မှာသာ တစ်ခါထဲ ဝင်ဆွေးနွေးသွားခဲ့ရင် အဖိုးတန်ပြီး အခြား သူတွေ အတွက်လဲ ဘယ်လောက် အကျိုးရှိလိမ့်မလဲလို့  ကိုယ် တွေးနေ ခံစားနေမိတယ်...

ဒီတော့ ... သူငယ်ချင်းတို့ ကို မေတ0x081တာရပ်ခံချင်ပါတယ် .....
ကိုယ့် ပိုစ့်တွေ အတွက် Comments တွေကို moethagyar.info မှာ တစ်ခါထဲ ဝင်ရေးသွားခြင်းဖြင့် ပိုမိုထိရောက် မြန်ဆန်တဲ့ သတင်းတွေကို အားလုံး အတူတစ်ကွ လက်တွဲပြီး ဖြန့် ဝေပေးကြပါလို့ ...
အကယ်၍ FaceBook မှာ ကိုယ် တိတ်တိတ်လေးပဲ နေတာကို ဘာဘာ ညာညာ အတွေးမျိုး မဝင်ကြပါနဲ့ လို့  အသိပေး မေတ0x081တာရပ်ခံချင်ပါတယ်...

လွန်တာရှိရင် ဝန0x081တာမိပါ...

12 comments :

  1. ကိုမိုးသကြားရာ... အဲလိုမတွေးပါနဲ့ ကျနော်က လည်း အကို ကို ကျေးဇူးတင်ပါတယ်..ဘာပဲ ပြောပြော..လုပ်ချင်တဲ့စိတ်ရိှတဲ့အကို့ကိုလေးစားပါတယ်..လူမျိုးကောင်းဖို့ဆိုတဲ့ရည်ရွယ်ချက်လေးကိုလေးစားပါတယ်..ကိုမိုးသကြားအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်...

    ReplyDelete
  2. ကိုမိုးသိကြားရိှ လို ကျနော်တို့ လို င ပိန်းတွေ ....နိုင်ငံခြားသားတွေ ...ရှေ့ မှာမျက်နှာ မငယ် တော့ ဘူဗျ...ကျေးဇူးအထူးသင်ပါတယ် ....

    ReplyDelete
  3. အင်း မိုးသိကြားဆိုတဲ့နာမည်လေးကိုတော့ တကယ်ကိုမသိတာ....
    ဒီလိုပြောလို့စိတ်ဆိုးမယ်ဆိုလည်းခံမယ်ဗျာ......
    အဲ......တနေ့တော့ သူငယ်ချင်းမလေးတယောက်ကပြောတယ်...
    သူ iphone လေးကို ကလိချင်ပါတယ်တဲ့...ကျွှန်တော်ကို ၀က်ဘ်ဆိုဒ်လိပ်စာလာတောင်းတယ်...(အားကိုးတကြီးနဲ့)
    အသုံးကျတဲ့ကျွှန်တော်က (ဟီး ..ဘာမှမသိတဲ့) ရှာမပေးနိုင်ဘူးပေါ့ဗျာ
    ဒီလိုနဲ့နောက်တခါတွေ့တော့ သူက သတင်းပေးတယ်လေ....
    iphone နဲ့ပတ်သပ်လို့ရှိရင် မိုးသိကြားဆိုဒ်ကိုသာပေးပေတော့တဲ့
    ကျေးဇူးတင်မိပါရဲ့.....တကယ်ပါ... သူလည်း ကိုမိုးသိကြားတို့နဲ့တြွေပီးအဆင်ပြေပြေလေးသုံးနိုင်ခဲကတယ်ဆိုရမှာပဲ...
    ဘာပဲဖြစ်ဖြစ်ပါ... ဒီလို information နဲ့ ပတ်သပ်တာတွေပျံနှံသွားအောင်(မြန်မာလူငယ်တွေအတွက်) လုပ်ဆောင်ပေးတယ်ဆိုတာက လူငယ်တွေကိုအသိညဏ်မြင့်မားအောင်လုပ်ဆောင်ပေးတယ်လို့ယူဆပါတယ်.....ဒါပေမယ့် နားမလည်တဲ့သူတွေ(နည်းနည်းလေး) တွေအတွက်နဲ့တော့ လက်မလျှော့ပဲ ဆက်လက်တင်ထားပေး(ဖြန့်ဝေပေးနိုင်ပါစေ) လို့ ဆန္ဒပြုလိုက်ပါတယ်.
    ကျွှန်တော်လည်းခင်မင်ချင်ပါတယ်....masterchitoomg.24@gmail.com ပါ... နာမည်က ချစ်ဦးမောင်ပါ...

    ReplyDelete
  4. ကျွန်တော့်အတွက်တော့ ကိုမိုးသကြားဟာ တကယ့်ကို..
    မိုးသကြားပါဘဲဗျာ...။

    ReplyDelete
  5. ko moethagyar yay
    my phone 3g version 4.1 ka nay 3.1.3 ko down like tar sim card ma tii taught bu
    help me .
    reply me
    thanks

    ReplyDelete
  6. Kyawmyowin ရေ ဖုန်းမော်ဒယ် နံပါတ်နဲ ့ ဖြစ်ပျက်ပုံ အသေးစိတ်လေး ပြောပြနိုင်ရင် ကူညီရတာ ပိုထိရောက်တာပေါ့။ moethagyar@gmail.com ကို မေးလ်ပို ့ရင်လဲရပါတယ်။

    ReplyDelete
  7. bro yay
    phone ka usa phone bar
    a sa ka 3.1.3 ko tone tar version 4.1 ko change like tar
    a yan nay thar lo version 3.1.3 ko down grade load like tar sim ma ti lo
    a dar bar bal pyar
    help me

    ReplyDelete
  8. cydia mar hactive source lay ti chin lo bar
    shop mar thar load thar source ko pyat thar lo bro
    help me & reply me
    thanks

    ReplyDelete
  9. ဖုန်းက USA ဖုန်းဆိုတော့ Lock ဖုန်းဖြစ်ဖို ့ 99% ရှိပါတယ်။ ဒီတော့ အခု 3.1.3 ကို JB လုပ်ထားတယ်ဆိုရင် http://www.moethagyar.info/2010/11/sim-card-unlock-for-iphone-ios41.html အတိုင်း ဆောင်ရွက်ကြည့်ပါ။

    ReplyDelete
  10. This post has been removed by the author.

    ReplyDelete