Saturday, October 15, 2011

iOS 5 Unlock with Ultrasn0w 1.2.4

ယခင်နေ့ က iPhone Dev-team က အတည်ပြု ပြောကြားခဲ့သည့် အတိုင်း ယနေ့ တွင် iOS 5 သုံး iPhone 3Gs, iPhone 4 (unlockable basebands) တို့ အတွက် Unlock လုပ်ပေးနိုင်မယ့် "ultrasnOw 1.2.4" ကို ထုတ်ပေးလိုက်ပါပြီ။
ပထမဦးစွာ iOS 5 အသုံးပြုနေတဲ့ iPhone 3Gs, 4 တို့ ကို custom IPSW သုံးပြီး Jailbreak အရင်လုပ်ရပါမယ်...

အသစ်ထွက်ရှိလာတဲ့ RedsnOw 0.9.9b5 က custom IPSW ဆောက်ဖို့  ကူညီနိုင်ပါလိမ့်မယ်။
လောလောဆယ်မှာတော့ RedsnOw 0.9.9b5 က Mac user များအတွက်သာ ရရှိနိုင်ပါသေးတယ် Windows များအတွက် မကြာမှီလာမည်... မျှော် ပေါ့။

အဲဒီနောက်မှာမှ သင့်ရဲ့  iPhone 3GS, 4 တို့ ကို "ultrasnOw 1.2.4" နဲ့  Unlock လုပ်ရပါလိမ့်မယ်...



ultrasnOw 1.2.4 နဲ့  Unlock လုပ်ပေးနိုင်မယ့် Baseband များ

>> iPhone 3G and 3GS : 04.26.08, 05.11.07, 05.12.01, 05.13.04, and 06.15.00
>> iPhone 4 : 01.59.00

3GS Baseband 06.15.00 သမားများ အထူးသတိပြုရန်

>3GS Baseband 06.15.00 မှာ iOS 5 ကိုသွင်းပြီး ပထမဦးဆုံး အကြိမ် စဖွင့်လိုက်ချိန်မှာ "Setup screen" ပေါ်လာပြီး "Location Services" နဲ့ ပက်သက်တဲ့ ရွေးချယ်မှုပေါ်လာပါက "Disable Location Services" ကိုသာ (သေချာစွာ) ရွေးချယ်ပါ။

နောက်ပိုင်းမှ Setting ထဲမှ ပြန်ပြီး ဆန္ဒရှိရင် "Enable" ပြန်လုပ်ယူပါ၊ လောလောဆယ် ပထမဦးဆုံးအကြိမ် မှာတော့ "Disable" သာရွေးချယ်ပါ။

3GS Baseband 06.15.00 သမားများ Stock iOS 5 ကို Update လုပ်မိသူများ

>3GS Baseband 06.15.00 သမားများ Stock iOS 5 ကို Update လုပ်မိပါက Baseband မကိုက်ညီမှုများ ဖြစ်ပေါ်ပြီး ပြဿနာပေါ်နိုင်ပါလိမ့်မယ်။ ဘာကြောင့်ဆိုသော် 06.15.00 သည် iPad Baseband ဖြစ်၍
06.15.00 ကိုပြောင်းခဲ့စဉ် ကတည်းက "နောင်တွင် Stock iOS များကို update လုပ်၍ မရနိုင်ပါ" ဟု ပြောထားခဲ့ပြီးဖြစ်သည်။ ဒီနေရာမှာ ပြန်ဖတ်နိုင်ပါသည်။

> ထိုကဲ့သို့  ဖြစ်ပေါ်ခဲ့ပါက RedsnOw custom IPSW အရင်တည်ဆောက်ပြီး ကျန်အဆင့်များအတွက် ဤနေရာတွင် ဖော်ပြထားသော အဆင့်များအလိုက် RedsnOw ကိုသုံးပြီး ပြန်လည် ဖတ်ရှု လုပ်ဆောင်ပါ။

>> Download Redsn0w 0.9.9b5 (Mac)
>> Download Redsn0w 0.9.9b5 (Windows) COMING SOON !!

>> iOS 5 IPSW Official Download

>> iPhone 3Gs, 3G ကို Unlockable Baseband 06.15.00 ပြောင်း၍ Jailbreak လုပ်ခြင်း

>> ultrasnOw နှင့် Unlock လုပ်ခြင်း

10 comments :

  1. အကိုရေ ကျွန်တော့ရဲ့
    iPhone 3GS
    iOS version 4.2.1
    baseband 06.15.00 မှာ sim card က ရုတ်တရက် အလုပ်မလုပ်တော့လို ့ အချိန်ရရင် ကူညီပါအုံး

    ReplyDelete
  2. အကိုရေ ကျွန်တော်ကတော့ အိုင်ဖုန်းကို အခုမှစတင်ကလိသူပါ ကျွန်တော်ဖုန်းက iOS version 4.1 ပါ ကျွန်တော် 4.3.3 ကိုသွားချင်ပါတယ် ဘယ်လိုများသွားရမလဲ ဆိုတာ နည်းနည်းလောက်ပြောပြပေးပါလား ခင်ဗျာ

    ReplyDelete
  3. min min ရေ SIM card အလုပ်မလုပ်တာ ကတော့ SIM card နဲ ့ပဲဆိုင်ပါလိမ့်မယ်။ အခြား SIM card တွေရော ထည့်စမ်းပြီးပြီလားဗျ..

    ReplyDelete
  4. aprilone: iOS 4.3.3 ကိုသွားဖို ့ဆိုရင် လက်ရှိ မိမိ iTunes version ကို အရင်စစ်ဆေးပါ။ version 10.2.2 ဖြစ်ရင်တော့ အသင့်တော်ဆုံးပဲ..
    ပြီးရင် iPhone အမျိုးစား အလိုက် သက်ဆိုင်ရာ iOS 4.3.3 ကို http://www.moethagyar.info/2011/05/ios-433-unterthered-jailbreak-redsnow.html မှာ ဒေါင်းပြီး။ iTunes မှတစ်ဆင့် Restore ပြန်လုပ်နိုင်ပါတယ်။

    ReplyDelete
  5. အကိုရေ ဒုက္ခနဲ ့လှလှတွေ ့ နေပြီ
    ကျွန်တော့ရဲ့
    iPhone 3GS
    iOS version 4.2.1
    baseband 06.15.00ကို OS 5 update လုပ်လိုက်တာ recovery mode မှာရပ်နေလို ့ ဘာဆက်လုပ်ရမလဲ မသိတော့လို ့ ပြောပြပါအုံး
    အကိုပြောသလို Disable Location Services လုပ်ထားပါတယ်

    ReplyDelete
  6. min min: iOS 5 ကို iTunes နဲ ့ တန်းပြီး update လုပ်တယ်ထင်တယ်။ baseband 06.15.00 က iPad baseband ဖြစ်လို ့ update လုပ်ချင်ရင် iTunes ကနေ တိုက်ရိုက် လုပ်လို ့မရပါ။
    http://www.moethagyar.info/2011/10/ios-5-beta-jailbreak-with-snowbreeze.html ဒီဟာနဲ ့ ပြန်ကြိုးစားကြည့်ပါ။

    ReplyDelete
  7. အကိုရေ error 1604 ပြနေလို ့ ဘယ်လိုဆက်လုပ်ရမလဲ မသိတော့လို ့ ကူညီပါအုံး

    ReplyDelete
  8. min min: http://www.moethagyar.info/2011/10/itunes-error-16xx-1600-1601-1602-1603.html နဲ ့လုပ်ကြည့်ပါ။
    မရပါက အောက်ပါ နည်းလမ်း ထပ်သုံးကြည့်ပါ။
    c:\Windows\System32\Drivers\etc\hosts file ကို Note pad နှင့် ဖွင့်ပြီး gs.apple.com ပါသော စာကြောင်းတိုင်းကို အရင်ဖျက်ပါ ပြီးမှ အောက်ဆုံးမှာ 74.208.10.249 gs.apple.com ဆိုတာ ဖြည့်ပြီး save လိုက်ပါ။

    ReplyDelete
  9. အကိုပြောသလို လုပ်ကြည့်ပေမယ့် မရဘူး ( ကျွန်တော် သိပ်မလုပ်တတ်တာလည်းပါပါတယ် ) jailbreak လုပ်လို ့ မရရင်တောင် ပုံမှန်အတိုင်း ပြန်သုံးလို ့ ရအောင် ဘယ်လိုလုပ်ရမလဲ အကို ( အခုက ဘာမှကို နှိပ်လို ့ မရလို ့) အချိန်ရရင် ကူညီပါအုံး အကို။

    ReplyDelete
  10. အကို ရေ ကျွန်တော် iphone 3gs update လုပ်လိုက်တာ jailbreak တော့ရသွားပီ SIM CARDထည့်ဖို့ အတွက် unlock လုပ်ချင် လို့ ကူညီပါ အုံးအကို

    ReplyDelete