Saturday, October 8, 2011

ရှောင်လေဝေးဝေး jailbreakme.com

Jailbreak လုပ်သူတွေ အကြိုက်ဖြစ်ခဲ့ကြတဲ့ Jailbreakme.com ဟာ နောက်ဆုံး စစ်ဆေးချက်အရ iDevice နှစ်သန်းခန့်  ကို online Jailbreak ချပေးနိုင်ခဲ့ပါတယ်။ အခုတော့ jailbreakme.com ပိုင်ရှင် Comex ကို Apple က ငှားရမ်းလိုက်ပြီဖြစ်လို့  Jailbreakme.com ကိုလည်း အခြားတစ်ယောက်ထံ လွှဲပြောင်း ရောင်းချလိုက်ပြီဖြစ်ပါတယ်။

iOS 4.3.3 အထိ နောက်ဆုံး Jailbreak လုပ်ပေးနိုင်ခဲ့တဲ့ Jailbreakme.com ဟာ အခုလို ပိုင်ရှင်အသစ်ရဲ့  လက်ထဲ ရောက်ရှိသွားပြီဖြစ်လို့  စိတ်မချရတော့ဘူး “untrusted” လို့  Dev Team ရဲ့ ရှေ့ ဆောင်သူ တစ်ဦးဖြစ်တဲ့ MuscleNerd က Jailbreakers တွေကို သတိပေးထားပါတယ်။
အထူးသဖြင့် jailbreakme.com ကနေ iOS malware တွေပျံ့ နှံ့ နိုင်လို့  လက်ရှောင်ကြရန် အထူး သတိပေးထားပါတယ်...



MuscleNerd ကပဲ Comex ရဲ့  JailbreakMe tool တွေကို မကြာခင်မှာ Domain အသစ်ဖြစ်လာမယ့် jailbreaks.me မှာပြန်လည် ရရှိနိုင်လိမ့်မှာ ဖြစ်လို့  စိုးရိမ်စရာမရှိဘူးလို့ လဲ ဖော်ပြထားပြီး jailbreaks.me ဟာ online Jailbreakers များအတွက် အနာဂါတ်မှာ New Home ဖြစ်လာလိမ့်မယ် လို့  ဆိုထားပါတယ်။

Facebook Comments

0 comments :

Post a Comment