Saturday, October 8, 2011

စင်္ကာပူရောက် မြန်မာ ၄၂ ဦး၏ ပတ်စ်ပို့ နှင့် ငွေများ အလိမ်ခံရ

စက်တင်ဘာလ ၂၆ရက်နေ့ က စင်္ကာပူနိုင်ငံတွင် လိမ်လည်မှုတစ်ခု ဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ Shwe Thadar Pte.,Ltd. ( 111 North Bridge Rd #04-45A, Peninsula Plaza, Singapore 179098 ) ၏ ပိုင်ရှင်ဖြစ်သူ စံဦး ( အသက် ၂၆ ) Passport Number 863028 ၊ Employment Pass FIN No. G0648722Q ကိုင်ဆောင်သူသည် မြန်မာနိုင်ငံသံရုံးတွင် Passport သက်တမ်းတိုး၊ အခွန်ဆောင် ၊ မှန်ကန်ကြောင်း ထောက်ခံချက်များကို ကိုယ်စားလှယ်လွှဲစာများနှင့်အတူ တရားဝင် တာဝန်ယူ ဆောင်ရွက်ပေးနေသူ ဖြစ်ပါသည်။



အဆိုပါနေ့ စွဲတွင် Passport စာအုပ် ၄၂ အုပ် ၊ ကိုယ်စားလှယ် လွှဲစာများ ၊ အခွန်ဆောင်ရန် ငွေကြေး ( စင်္ကာပူ တစ်သိန်းနီးပါး ) နှင့်အတူ ထွက်ပြေးတိမ်းရှောင်သွားပါသည်။

အဆိုပါနေ့ ညနေပိုင်းတွင် ဒေါ်သန်းသန်းနု ( သပြေနု ) မှ အခွန်ဆောင်ရန် အပ်နှံထားသော စာအုပ်များကို ပြန်လည်ရယူရန် တယ်လီဖုန်းဖြင့် ဆက်သွယ်တောင်းရမ်းရာတွင် တယ်လီဖုန်း ပြန်လည်ဖြေကြားခြင်း မရှိသောကြောင့် ဒေါ်သန်းသန်းနုမှာ စိုးရိမ်ပူပန်စိတ်ဖြင့် စံဦး ရှိနေသည်ဟု သတင်းရရှိသော “ မိုး ” Passport အခွန်ဆောင် သက်တမ်းတိုးအိမ် ( Blk 27, #05-186 Lorong 6, Toa Payoh, S310027 ) သို့ လိုက်လံရှာဖွေရာတွင် တရားခံ စံဦးအား မတွေ့ ရှိပဲ မိခင်ဖြစ်သူ ဒေါ်သဒ္ဒါဖြူနှင့်သာ တွေ့ ဆုံခဲ့ရသည်။


ဒေါ်သဒ္ဒါဖြူအား စစ်ဆေးမေးမြန်းရာတွင် သားဖြစ်သူ စံဦးသည် ငွေများနှင့်အတူ ထွက်ပြေးသွားကြောင်း ၊ သူမ၏ နိုင်ငံကူးလက်မှတ်ကိုပါ ပေါင်နှံထားကြောင်း သိရှိရသည်။ ၄င်း၏ သားဖြစ်သူ စံဦး၏ လုပ်ဆောင်ချက်များသည် သူမနှင့် မပတ်သက်ကြောင်း ၊ မည်သို့ မျှ လုပ်ဆောင်ပေးရန် မတတ်နိုင်ကြောင်း ၊ နိုင်ငံကူးလက်မှတ်များမှာ စံဦး၏ အလုပ်သမားဖြစ်သူ မအေးမာ ( ASK AMYA Travels and Tours Pte., Ltd. ) ထံတွင် အပ်နှံထားကြောင်း ဝန်ခံပြောဆိုသွားပါသည်။

အထက်ပါဝန်ခံချက်အရ မအေးမာ၏နေအိမ် ( Blk 113, Braddle Rd, Lorong 1 ) တွင် Passport စားအုပ်များကို လိုက်လံသိမ်းဆည်းရာ မအေးမာကို စာအုပ်များနှင့်အတူ ဖမ်းဆီးရရှိပါသည်။

သိမ်းဆည်းရရှိသော စာအုပ်များကို ဒေါ်သန်းသန်းနု ( သပြေနု ) မှ သက်ဆိုင်ရာ ကာယကံရှင်များအား စက်တင်ဘာလ ၂ရ ရက်နေ့ တွင် ပြန်လည်ပေးအပ်လျက်ရှိရာ တချို့ သော သက်ဆိုင်သူများမှာ ယနေ့ အထိ လာရောက်ယူဆောင်ခြင်း မရှိသေးပါ။ တရားခံ စံဦးမှာလည်း ယနေ့ ထက်တိုင် လွတ်မြောက်နေဆဲ ဖြစ်ပါသည်။

ထို့ ကြောင့် သက်ဆိုင်ရာ ပတ်စပို့ ပိုင်ရှင်များ ဒေါ်သန်းသန်းနု ( သပြေနု ) ထံတွင် စာအုပ်များ အမြန်ပြန်လာယူရန်နှင့် ထိုကဲ့သိုသော လိမ်လည်မှုများ နောက်နောင် မဖြစ်ပွားစေရန် ကာယကံရှင်များမှ မြန်မာသံရုံးသို့ တိုင်စာများပေးပို့ စေလိုကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ရေးသားသူ : Eric Kim
"အဝေးဆီက မလေးရောက် ခရီးသည်" မှ ပြန်လည် ဖော်ညွှန်းသည်။

1 comment :

  1. ဒီလိုလူမျိုးကိုတော့ ထိုက်တန်တဲ့အပြစ်ပေးသင့်တယ်...
    လုံးဝအားမပေးဘူး
    သူတစ်ပါး ပိုက်ဆံကိုအလကားလိုချင်တဲ့သူတွေ

    ReplyDelete