Wednesday, October 12, 2011

Are You Ready For iOS 5 ..?????

သင့် iDevice က iOS 5 အတွက် အသင့်ဖြစ်နေပြီလား...? iPhone, iPod Touch, iPad တို့ အတွက် iOS 5 က New features 200 ကျော်တို့ ဖြင့် ရောက်ရှိလာပါပြီ။

ကျွန်တော်တို့ ဘက်ကသာ iOS 5 ကို update လုပ်ဖို့  အသင့်ပြင်ထားရမှာပါ၊ အကယ်၍များ iOS 5 အတွက် သင် အဆင်သင့် မဖြစ်သေးဘူးဆိုရင် အောက်ပါ အချက်လက်တွေ အတိုင်း ပြင်ဆင်နိုင်ပါတယ်။

iOS 5 Supported Devices :

@ iPhone 4S (shipping with iOS 5)
@ iPhone 4
@ iPhone 3GS
@ iPod Touch 4G
@ iPod Touch 3G
@ iPad 2
@ iPad 1

iOS 5 ကို Update မလုပ်မီ iPhone, iPod touch, iPad တို့ ကို ပြင်ဆင်ရန်...

အဆင့် (၁)
သင့် iPhone, iPod touch, iPad တို့ မှာ download လုပ်ထားပြီး တစ်ကယ် မလိုအပ်သော Apps, Music တွေနှင့် အခြားအရာတွေ ရှိနေရင် ဖျက်ပစ်ပါ။

အဆင့် (၂)
iDevice ကို iTunes နှင့်ချိပ်ဆက်ပြီး ဘယ်ဘက် ကော်လံရှိ မိမိ၏ Device ကိုရွေးပြီး Right click မှ တစ်ဆင့် "Transfer Purchases" ကိုရွေးပေးခြင်းဖြင့် Device တွင်းရှိ Apps နှင့် Music (iTune Store မှ ဝယ်ယူထားသော) တို့ ကို PC တွင် Backup လုပ်ပါ။



အဆင့် (၃)
Apps နှင့် Media များကို အမျိုးအစားလိုက်ပြီး သက်ဆိုင်ရာ Folder တွင် စုစည်းထားခြင်းဖြင့် ရှာဖွေရတာ ပိုမိုလွယ်ကူ လျှင်မြန်စေပါသည်။


အဆင့် (၄)
သင့် iDevice ကို iOS 5 update မလုပ်မီ နောက်ဆုံးတစ်ကြိမ် "Sync" လုပ်ပါ။

အဆင့် (၅)
မဖြစ်မနေ iDevice ရဲ့  SHSH files ကို TinyUmbrella သုံးပြီး Save ထားသင့်ပါတယ်။ (iOS 5 ကနေ Downgrade ပြန်ဆင်းဖို့  လိုအပ်လာရင် အသုံးပြုနိုင်ရန်)
TinyUmbrella နှင့် SHSH file တည်ဆောက်နည်း

အဆင့် (၆)
iTunes 10.5 ကို Download (သို့ ) iTunes -> Help -> Check for Updates ကနေ update လုပ်ပါ။

အခုဆိုရင် သင့်ရဲ့  iDevice က iOS 5 အတွက် အသင့်ဖြစ်နေပါပြီ....

4 comments :

  1. jailbreak ကောရပြီလားဗျာ

    ReplyDelete
  2. ကိုမိုးသိကြားရေ
    Version 4.3.5 ကနေ ios 5 ကို upgrade လုပ်လို့ မရဘူး ဖြစ်နေတယ်ဗျာ... Upgarde လုပ်တိုင်း အောက်က စာအတိုင်း ချည်းဘဲ ပေါ်နေတယ်...နည်းလမ်း ရှိရင် မစပါနော်....

    the Iphone “thandar’s iPhone” could not be restored. An unknown error occurred (3194).

    ကျေးဇူး
    td

    ReplyDelete
  3. ပာုတ်ပ... ကျွန်တော်လည်းအဲ့လိုဖြစ်နေတာ.. ကူညီပါအုံးနော်

    ReplyDelete
  4. အိုကေ...ကိုမိုးသိကြားရေ.....
    hosts file က ဘယ်လိုပြင်ပြင် မရဘူး....နောက်ဆုံးတော့...hosts file ထဲက စာသားတွေကို...အခြား note pad တခုနဲ့ copy/ paste လုပ်ပြီး....အခြားနေရာမှာ ခဏ သိမ်းပြီး....ပြီးတော့...မူရင်း Location က..hosts file တခါတည်း...ဖြစ်ချင်တာ ဖြစ်ဆိုပြီး..delete အပြီးလုပ်ပြီး... တော့...ခုန..hosts file အတုကို...မူရင်း file delete လုပ်ထားတဲ့..location မှာ...copy/paste လုပ်ပြီး.. file name ကို....မူရင်း hosts file အတိုင်း ပြန်ပြင် လိုက်တာ...version အသစ်ကို..တန်းတင်လို့...ရသွားတော့တာဘဲ....
    မှတ်ချက်.... version တင်တာ..နည်းနည်း တော့..ကြာတယ်နော်....

    ကျေးဇူး
    td

    ReplyDelete