Apple က သူရဲ့  mobile products တွေမှာ Adobe Flash platform အတွက် plug-in support မလုပ်တဲ့ အတွက် လွန်ခဲ့တဲ့ လေးနှစ်ကျော် iPhone ကို စတင် မိတ်ဆက်ခဲ့သော ၂၀၀ရ ကာလများဆီက Flash အသုံးပြုနိုင်သော iPhone, iPad တို့ ကို ကျော်လွှားနိုင်ဖို့  အမြဲအားစိုက်နေတဲ့ Android Product များနဲ့  အဓိက ယှဉ်ပြိုင်ခဲ့ရပါတယ်။ Internet မှာ website ပေါင်း ၁၀၀ ရှိရင် ၈၀% လောက်က Flash ကိုသုံးထားကြပါတယ်။ ဒီအတွက် Apple customer တွေ ကသိကအောက် ဖြစ်ကြရပါတယ်။
သို့ ပေမယ့် Steve Jobs က Adobe အတွက် အိပ်ဖွင့်ပေးစာမှာ Flash ရဲ့  လုပ်ဆောင်မှု အရည်အသွေး ညံ့ဖျင်းမှု၊ ဘက်ထရီကို ပိုမိုအသုံးချရမှု နှင့် အခြား လုံခြုံရေးဆိုင်ရာ အားနည်းချက်များကြောင့် Apple's product တွေမှာ အသုံးမပြုကြောင်း ဒီနေရာတွင် ရေးသားခဲ့တာကို ဖတ်ရှုနိုင်ပါတယ်။
Jobs က programmers တွေကိုလဲ Flash အစား ပိုမိုလွပ်လပ်ပွင့်လင်းသော Web technolgy ဖြစ်တဲ့ HTML5 ကို သုံးကြဖို့  ထောက်ခံ ပြောကြားခဲ့ပါတယ်။
အခုဆိုရင် Steve Jobs ရဲ့  ယုံကြည်ချက်ကို Adobe ကိုယ်တိုင်က လက်ခံလာပြီး သူရဲ့  Flash Developer များကို mobile web browser များအတွက် Flash player development ဆက်လက်လုပ်ကိုင်မှုကို ရပ်လိုက် ကြပြီး ကုမ္ပဏီက HTML 5 အတွက် ရင်းနှီးမြုတ်နှံမှု တိုးမြှင့်၍ HTML 5 အပေါ် အာရုံစူးစိုက်ဆောင်ရွက်ကြဖို့  ZDNet မှာ ကြေငြာချက်ထုတ်လိုက်ပါတယ်။
Adobe's Official Statement:
Our future work with Flash on mobile devices will be focused on enabling Flash developers to package native apps with Adobe AIR for all the major app stores. We will no longer adapt Flash Player for mobile devices to new browser, OS version or device configurations. Some of our source code licensees may opt to continue working on and releasing their own implementations. We will continue to support the current Android and PlayBook configurations with critical bug fixes and security updates.
ဒါဟာ Steve Jobs ရဲ့ တွေးခေါ်မျှော်မြင်မှု မှန်ကန်တယ်ဆိုတာကို သူသေဆုံးသွားသည့်တိုင် သက်သေပြသွားခဲ့တာ ဖြစ်ပါတယ်။
နောင်အနာဂါတ်ရဲ့  Web Browser တွေမှာ HTML 5 က အလျှင်အမြန် အစားထိုးလာကြလိမ့်မယ်လို့  မျှော်လင့်ရပါတယ်။
Apple လား? Android လား? ဆိုတဲ့ User တွေရဲ့  ဒွိဟတွေ လုံးဝ ကင်းစင်သွားလိမ့်မည်ဟု ယုံကြည်လျှက်....
Safari မှာ FlashPlayer ထဲ့သွင်းပုံ http://iosflashvideo.fw.hu
ReplyDelete