iTunes မလို၊ Original SIM ရှိဖို့  မလိုပဲ iPhone ကို Unlock လုပ်နိုင်မယ့် အနေအထားဖြစ်အောင် SAM က ထပ်မံ၍ update လုပ်ပေးထားပါပြီ။ ထို့ ကြောင် ယခင် နည်းလမ်းနှင့် အဆင်မပြေကြသူများ အောက်ဖော်ပြပါ နည်းလမ်းကို ပြောင်းလဲ အသုံးပြုနိုင်ကြပါပြီ။
ယခုဖော်ပြပါ နည်းလမ်းသည် မိတ်ဆွေများ အားလုံး အတွက် အဆင်အပြေဆုံး နည်းလမ်း ဖြစ်မည်ဟု မျှော်လင့်ပါသည်။
ထုံစံ အတိုင်း iPhone iOS 5.++ ကတော့ Jailbreak ဖြစ်နေဖို့ လိုပါတယ်။
လုပ်ငန်းစဉ်များ
အဆင့် ၁)
Cydia -> Sources -> Edit -> Add မှတစ်ဆင့် repo.bingner.com ကို ထည့်သွင်းပါ။
အဆင့် ၂)
SAM ကို installလုပ်ပါ။
အဆင့် ၃)
သင်အသုံးပြုလိုသော SIM (unofficial card) ကို ဖုန်းထဲသို့  ထည့်ပါ။
အဆင့် ၄)
Home screen ရှိ SAM ကို ဖွင့်ပြီး Utilities -> Attempt Activation ကို နှိပ်ပါ။
အဆင့် ၅)
iPhone respring လုပ်နေပါလိမ့်မည်။ ထို့ နောက် ထည့်ထားသော unofficial SIM ကို သိပါလိမ့်မည်။
** "You must select the original carrier SIMID of your iPhone" သို့ မဟုတ် အခြား error message တက်လာပါက ပြဿနာ ဖြေရှင်းနိုင်ရန် အောက်ပါအတိုင်း ဖြေရှင်းနိုင်ပါသည်။ **
ဤနည်းလမ်းကို အသုံးပြုနိုင်ရန် သင့်တွင် "iFile" install လုပ်ထားရန် လိုအပ်ပါသည်။
Cydia -> Manage -> Sources -> Edit -> Add တွင် "sinfuliphonerepo.com" ကို ထည့်သွင်းပြီး "iFile Cracked" ကို ရယူ install လုပ်နိုင်ပါသည်။
ပြဿနာဖြေရှင်းနည်း
အဆင့် ၁)
SIM card ကို ဖုန်းထဲမှ ထုတ်လိုက်ပါ။
အဆင့် ၂)
iFile ကိုဖွင့်ပြီး၊ "var/root/Library" သို့ သွားပါ။ထို့ နောက် ညာဘက် ထောင့်ရှိ "Edit" ကိုနှိပ်ပြီး "Lockdown" folder ကိုရွေးပါ။ ထို့ နောက် zip ကိုနှိပ်ပြီး ဦးစွာ Backup အရင်လုပ်ပါ။
အဆင့် ၃)
ထို့ နောက် "Lockdown" folder ကို ဖျက် (delete) လိုက်ပါ။
အဆင့် ၄)
/User/Library/Preferences လမ်းကြောင်းကို သွားပြီး SAM ကိုရှာပါ။
ပြီးနောက် SAM ထဲက "com.bingner.sam.plist" file ကို delete လုပ်ပါ။
အဆင့် ၅)
ဖုန်းကို power OFF လိုက်ပြီးနောက် ပြန်ဖွင့်ပါ။
အဆင့် ၆)
Unofficial SIM ကို ဖုန်းထဲသို့  ပြန်ထည့်ပါ။
အဆင့် ၇)
SAM ကိုဖွင့်ပြီး "Attempt Activation" ကိုနှိပ်ပါ။ iPhone respring လုပ်နေပါမည် ခတ္တစောင့်ပါ။
အဆင့် ၈)
ဖုန်းပြန်တက်လာပါက သင်ထည့်ထားသော unofficial SIM Carrier ကို သိသွားပါလိမ့်မည်။
Video Tutorial
အဆင်ပြေကြလိမ့်မယ်လို့  မျှော်လင့်ပါတယ်။
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
မိုးသိကြား
This comment has been removed by the author.
ReplyDeleteရသွားပြီ အစ်ကိုရေ .....ပြန် check ကြည့်လိုက်တာ အိုကေ သွားပြီ .....
ReplyDeleteကျေးဇူးပါ အစ်ကို ....လုပ်လို့ရသွားပြီ ......အဆင်ပြေပါတယ် ......ipod လိုဘဲ သုံးရတာ ....ကြာတော့ငြီးငွေ့ လာပြီ
ReplyDeleteအခုမှဘဲ ...အိုကေ သွားတော့တယ် .....
မင်္ဂလာပါအစ်ကို
ReplyDeleteကျွန်နော်က ထိုင်းမှာနေတာပါ.. ကျွန်နော့် သူငယ်ချင်းဆီကနေ iphone ၀ယ်လိုက်တာ..passcode ခံထားတော့ ကျွန်နော် jailbreak လုပ်လိုက်တာ.. ဗားရှင်းက ၅.၁ နှင့် bb u 4.12.01 ဖြစ်နေပြီး power ပိတ်လိုက်ရင် ပြန်မတက်လာတော့ဘူး.. အဲဒါ just boot နှင့် ပြန်ခေါ်မှရတယ်.. အဲဒါကျွန်နောဘယ်လိုလုပ်ရမလဲ ခင်ဗျာ... ကျေးဇုးပြုပြီး ကူညီပေးပါခင်ဗျာ...
အားကိုးပါတယ် အကို...အထက်ကနည်းနှင့်လုပ်တာလဲ power ပိတ်လိုက်ရင် ပြန်မတက်လာတော့လို့ပါ..
ကျေးဇူးတင်ပါတယ် အစ်ကို
This comment has been removed by the author.
ReplyDeleteမနေ့ကတလုံးလုပ်လိုက်တာ လွယ်လွယ်ဘဲရလိုက်တယ်။ ဒီနေ့တလုံးလုပ်ကြည့်တာ မိုးလင်းကနေ အခုအချိန်ထိ မရသေးဘူး။ တိုင်ပတ်နေတုန်းဘဲ။ နည်းတွေလဲ အမျိုးမျိုးစမ်းကြည့်ပြီးနေပြီ။ အင်္ဂလိပ်နည်း၊ ဗမာနည်းအစုံပါဘဲ။ ဒီနေ့ပြသဒါးနဲ့တူတယ်။ ဟား ဟား ဟား ဟား ဟား။
ReplyDeleteအကိုရေ ကျွန်တော်ဖုန်း ပန်းသီးမှာပဲ ရပ်နေတယ်...restore လုပ်ပြီးတော့ အဲလိုဖြစ်သွားတာပဲ... လုံးဝကိုတက်မလာတော့တာ.. ဘာဆက်လုပ်ရမလဲ နည်းလမ်းလေးပေးပါအုံးဗျာ...
ReplyDeleteJailbreak ပြန်ဖောက်လိုက်ရင်လည်း ရတာပါဘဲဗျာ။
DeleteSAM နဲ့ဖွင့်လို့မရတော့ဘူး။ Apple ကုမ္ပဏီက ၂၇ ရက်ကစပြီး ပိတ်လိုက်ပြီ။
ReplyDelete5.1မြန်မာစာ ကီးဘုတ် ရနေပြီ
ReplyDeleteitune မလို orginal sim ရှိဖို့ မလိုဘူးဆို။apple က ပိတ်၇င်လဲ itune က activate လုပ်တာကိုဘဲပိတ်လို့ ရမှာပေါ့။
ReplyDeleteအဆင်မပြေဘူးအကိုတို့ရေ
ReplyDeleteဘယ်လိုလုပ်ရမလည်းကိုမသိတော့ဘူး
ကူညီပါဦး
ညီလေး http://www.moethagyar.info/2012/01/ios-501-iphone-4-3gs-unlock-with.html မှာ ဖတ်လိုက်ပါဦး။
Deleteအစ်ကိုရေ
ReplyDeleteကျွန်တော်စမ်းကြည့်တာ Attempt Activation မပေါ်ဘဲ Restore Activation တစ်လုံးတည်းပဲပေါ်နေလို့ ကူညီပါအုံး ခင်ဗျား ဘာဆက်လုပ်ရမလဲဆိုတာ ကျေးဇူးပြုပြီး ထပ်ကူညီပါအုံးနော
အကိုရေကျတော်Iphone 4s IOS 5.1.1ကိုခုလောလောဆယ်မှအကိုပြောတဲ့နည်းလမ်းတွေတိုင်းလိုက်လုပ်ကြည့်တာဖုန်းကျတော်စင်းကယ်ရီယာကိုမသိပါဘူးဒါပေမယ်လေလိုင်းအတုန်းလေးတွေအပြည့်ပေါ်တယ်3Gလည်းပေါ်တယ်သူကိုခေါ်ကြည့်၇င်စင်တာကmassageပိုတယ်you have 1Miss call from+60105222655ဆိုပြီးလာပို့ပါတယ်ပိုက်ဆံဖော်ကြည့်လိုလည်း၇တယ်ဖုန်းခေါ်လိုပဲမ၇တာ......နည်းလမ်းတွေစုံအောင်အကုန်လိုက်ကလိုက်တာဖုန်းdisplayကတော့အိုင်ကွန်တွေဆို၇င်ဟိုက်လိုက်တွေတောင်ပေါ်လာတယ်.......ဟတ်ဝဲကိုထိမှာဆိုးလိုထပ်ပြီးမကလိရဲတော့ပါဘူးလော့ပြုတ်သလိုလိုနဲ့ဖုန်းခေါ်လိုတော့မ၇ပါဘူးရနိုင်တဲ့နည်းလမ်းလေးများရှိ၇င်ပြောပါဦး....ကျတော်လည်းအိုင်ပက်ကြီးလိုကိုင်နေ၇တာကြာမြင့်လှပါပြီကူညီပါဦးနော်......
ReplyDeleterespring တက်နေတယ်ကူညီပါအုံ့း
ReplyDeleterespring ပဲတက်နေပြီး logo and respring ပဲတက်နေတယ်ဘာမျှဖွင့်လို့မ၇တော့လို့ပါ
ReplyDeleteဒီနည်းက ကြာခဲ့ပါပြီ အခု ဆိုရင် SAM က အလုပ်မလုပ်တော့ပါဘူး။
DeleteiPhone 4 32G Japan Softbank ဖုန်းကို Official Unlock or Unlock လုပ်လို့ရသလား၊ FW 5.1 BB 04.12.01 ဖြစ်နေပါတယ်. ဖုန်းကအခု Unlock ဖြည်မရသေးဘဲ iPod အဖြစ်နဲ့ ဂိမ်းဆော့နေရတာ ၁ နှစ်တောင်ရှိတော့မယ်ဗျာ. အကြံပေးပါဦး. ကျေးဇူးပါ...
ReplyDeleteအိုး ကျေးဇူးဘဲ အကိုရေ ကျွန်တော့ဖုန်း 3gs ကို 6.1.3 တင်ထားပြီးတော့ ဂျေးဘရိတ် တော့ရတယ် sim unlock ကိုမရဘူး အခုတော့လုံးဝအဆင်ပြေသွားပြီး တော်သေးတာပေါ့ဗျာဖုန်းကိုပစ်ထုတ်ချင်စိတ်တောင်ပေါက်နေတာ အားလုံး ok သွားတဲ့အတွက်အရာအားလုံးအတွက်ကျေးဇူးပါဘဲဗျာ..............
ReplyDeleteunlock sim
ReplyDelete