Thursday, April 26, 2012

Unlock iOS 5.++ for ANY iDevices ANY baseband

iDevice ကို Unlock လုပ်နိုင်ဖို့  မျှော်လင့်နေကြတဲ့ မိတ်ဆွေများအတွက် နည်းလမ်း အသစ်လေး တစ်ခုကို တင်ဆက်လိုက်ပါတယ်။ ယခုလို Unlock ပြုလုပ်တဲ့  (SAM) နည်းလမ်းဟာ iOS 5 နှင့် အထက် မည်သည့် iDevice မဆို Baseband မရွေးပဲ Unlock ပြုလုပ်နိုင်ကြောင်း တွေ့ ရှိရပါတယ်။

Unlock လုပ်ရန် အခြေခံ လိုအပ်ချက်ကတော့ မိမိ iPhone သည် iOS 5 နှင့် အထက် ဖြစ်၍ Jailbreak လုပ်ထားရန် လိုအပ်ပါသည်။(Baseband သတ်မှတ်ချက်မရှိပါ)

** ပြဿနာ တစ်ခု အနေနဲ့  Lock phone ရဲ့  အသိမှတ်ပြု Carrier ၏ SIM card တစ်ခုတော့ လိုအပ်ပါလိမ့်မည်။ **

ယခုတင်ပြမည့် နည်းလမ်းသည် Unlock လုပ်ရာတွင် လွယ်ကူသော နည်းလမ်းတစ်ခု ဖြစ်သော်လည်း လုပ်ငန်းစဉ် အဆင့် အနည်းငယ် များပြား၍ နားလည်အောင် ဖတ်ရှု ပြီးမှ လိုက်လံ လုပ်ဆောင်စေလိုပါသည်။

Video Tutorial နှင့် တစ်ကွ ဖော်ပြထားပါ၍ အဆင်ပြေပြေ လုပ်ဆောင်နိုင်ပါလိမ့်မည်။

လုပ်ငန်းစဉ် အဆင့်များ

** iPhone ထဲရှိ အသိမှတ်ပြု SIM card ကို အဆင့် (၅) မရောက်ခင်အထိ ဖုန်းထဲမှနေ၍ မထုတ်ပါနဲ့  **

အဆင့် ၁)

Cydia -> Manage-> Sources -> Edit -> Add မှတစ်ဆင့် repo.bingner.com ကို ထည့်သွင်းပါ။




အဆင့် ၂)

SAM ကို installလုပ်ပါ။


အဆင့် ၃)

SAM ကို ဖွင့်ပြီး Utilities ကိုသွား၍ "Deactivate" ကို နှိပ်ပါ။



အဆင့် ၄)

SAM ရဲ့  Main Menu သို့ ပြန်သွားပြီး More Information ကိုနှိပ်ပါ။
SIM Details အောက်ရှိ IMSI number အားလုံးကို Copy ယူထားပါ။



အဆင့် ၅)

အသိမှတ်ပြု SIM Card ကို ထုတ်ပြီး အသုံးပြုလိုသော နှစ်သက်ရာ SIM Card ကို ထည့်ပါ။

အဆင့် ၆)

More Information ကို ပြန်သွားပြီး "Spoof Real SIM to SAM" ကိုနှိပ်ပါ။


အဆင့် ၇)

SAM Details အောက်ရှိ လက်ရှိပြနေသော IMSI number များကို ဖျက်ပစ်ပါ။
ထိုနောက် အဆင့် (၄) တွင် Copy ကူးယူထားသော number များကို အစားထိုး Paste လုပ်ပေးလိုက်ပါ။


အဆင့် ၈)

SAM ၏ Main Menu ရှိ Utilities ကိုသွားပြီး Attempt Activation ကိုနှိပ်ပါ။
မှန်မှန်ကန်ကန် အဆင်ပြေပြေ ဖြစ်ပါက iPhone Respiring လုပ်ပါလိမ့်မည်။

အဆင့် ၉)

SAM ကို ဖွင့်ပြီး Subscriber Artificial Module တွင် Disable လုပ်ပါ။ SAM ကို ပိတ်ပစ်လိုက်ပါ။


အဆင့် ၁၀)

iTunes ကို ဖွင့်ပြီး iPhone ကို PC နှင့် ချိပ်ဆက်လိုက်ပါ။
iTunes က message တစ်ခု အနေနဲ့  Failed to Activate Your Device ပြပါလိမ့်မည်။


ဒီလိုပြောခဲ့ရင် အဆင်ပြေတဲ့ လက္ခဏာပါပဲ OK သာနှိပ်ပေးလိုက်ပါ။
ခတ္တသီးခံ စောင့်ပြီးနောက် သင်ထည့်ထားသော SIM Carrier ရဲ့  logo ကို တွေ့ မြင် ရပါလိမ့်မည်။

( အထက်ပါ အတိုင်း message မပေါ်လာပါက Device ကို PC နှင့် plug / unplug ကစားပေးပါ၊ စိတ်ရှည်ရှည် ထားရပါလိမ့်မယ်..)

အားလုံး အဆင်ပြေသွားပြီ ဆိုပါက ယခုအချိန်မှ စ၍ သင့်ဖုန်းထဲသို့  Original SIM နှင့် New SIM ကို အချိန်မရွေး ပြောင်းလဲသုံးစွဲနိုင်ပါပြီ။ ဤကဲ့သို့  ပြောင်းလဲမှု ပြုလုပ်တိုင်း အခြားအဆင့်များကို ထပ်မံ ပြုလုပ်ရန် မလိုတော့ပဲ အဆင့် (၁၀) ကိုသာ ပြုလုပ်ပေးခြင်းဖြင့် SIM Card ကို switch လုပ်နိုင်ပါတယ်။

ဒါဟာ အထက်ပါ Original SIM နှင့် New SIM နှစ်ခုမှာသာ အကျုံးဝင်ပါတယ်။

Video Tutorials









အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

မိုးသိကြား

1 comment :

  1. Failed to activate your device ဆိုတဲ့ message မပြဘူး ...ဘယ်လိုဖြစ်တာလည်း...ကျန်တာ အကုန်မှန်တယ်...

    ReplyDelete