Apple ရဲ့  AppStore မှာ နေ့ စဉ်နေ့ တိုင်း အချိန်နှင့်အမျှ ပိုက်ဆံနဲ့  ရောင်းနေတဲ့ Apps တွေ Free ပေးနေတာ၊ အထူးလျှော့ဈေးနဲ့  ချရောင်းပေးနေတာကို မိတ်ဆွေတို့  သတိပြုမိကြပါရဲ့ လား...?
သတိပြုမိဖို့  ဘယ်လွယ်ပါ့မလဲ iTunes ကနေပဲ ဖြစ်ဖြစ် iDevice ကနေပဲဖြစ်ဖြစ် AppStore ကို ဝင်လိုက်ရင် တစ်နေ့ တစ်နေ့  Update တွေ Apps အသစ်တွေနဲ့  ပြည့်နေပြီး "Top Free Apps" section မှာလည်း နဂိုကတည်းက FREE ပေးထားတဲ့ Apps တွေသာ တွေ့ ရမှာဖြစ်လို့ ၊ "Buy" ကနေ "FREE" ဖြစ်သွားတဲ့ တန်ဖိုးရှိတဲ့ Apps တွေကို ရှာဖွေဖို့ က အလွန်ခက်ခဲပါတယ်...
အခုကျွန်တော် လမ်းညွှန်ပေးမယ့် Application ကိုသာ သင့် iDevice မှာ Install လုပ်ထားလိုက်ပါ၊ အချိန်နဲ့ အမျှ Apps တွေရဲ့  အခြေအနေတွေကို Update လုပ်ပေးနေမှာဖြစ်လို့  နှစ်သက်ရာ Apps လေးတွေကို လက်မလွတ်စတမ်း
Free အနေနဲ့  ရယူနိုင်ပါလိမ့်မယ်....
"Appsfire Deals" လို့  အမည်ရတဲ့ App ကို AppStore မှာ "FREE" ရယူ Install လုပ်ပါ၊ အဲဒီ Apps လေးက သင့်ကို အချိန်နဲ့  အမျှ Update လုပ်ပေးနေပါလိမ့်မယ်။
ဒီApp လေးကို နေ့ တစ်နေ့ မှာ ပထမဦးဆုံး စဖွင့်လိုက်ပြီ ဆိုတာနဲ့  "APP OF THE DAY" ဆိုပြီး အဲဒီနေ့ အတွက် "FREE" ဖြစ်သွားတဲ့ အကောင်းဆုံး App တစ်ခုကို ရယူနိုင်ဖို့  ပေါ်လာပါလိမ့်မယ်။
"Appsfire Deals" မှာ အဓိက Section (3) ခု အနေနဲ့  "Now Free" "Top Free" "Price Drops" ဆိုပြီး ပါဝင်ပါတယ်။ အသေးစိတ်ကို ရှင်းပြဖို့  မလိုလောက်ဘူး ထင်ပါတယ်။ အောက်မှာ sceen shot လေးတွေကို ကြည့်ကြပါဦး....
>> Download Appsfire Deal (AppStore)
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
မိုးသိကြား
Sunday, June 17, 2012
Daily FREE Apps on AppStore
Subscribe to:
Post Comments
(
Atom
)
that great app.ကိုမိုးတစ်ခုလောက်မေးပရစေ၊ SAM က ဥပမာ japan က phone ကို japan sim card နဲ့  unlock လုပ်ခဲ့တဲ့ phone ကို တခြားနိုင်ငံတွေအတွက်ရော unlock ဖြစ်ပါသလား။ပီးတော့ unlocked ticket ကို တစ်ခြား phone တွေ ကိုရော share သုံးလို့ ရပါသလား
ReplyDeleteUnlocked လုပ်တဲ့ ကိစ္စမှာ SIM က သိပ်အရေးမကြီးပါဘူး၊ မိမိသုံးနေတဲ့ iOS version အတွက် unlock လုပ်ပေးနိုင်တဲ့ application ရှိလား ဆိုတာက အရေးကြီးပါတယ်၊ ထားပါတော့ ဂျပန်မှာ ကုမ္ပဏီ ၁ က သူ့ လိုင်းနဲ့ သုံးဖို့  ထုတ်ပေးထားတဲ့ ဖုန်းကို ကုမ္ပဏီ ၂ ရဲ့  SIMCard နဲ့ သုံးမရဘူး ဆိုကြပါဆို့ ၊ ဒါဆို ဒီဖုန်းကို unlock လုပ်ပြီးသွားတဲ့ အခါ ကုမ္ပဏီ ၂ ရဲ့  SIM Card ကို အလုပ်လုပ်နိုင်ပြီဆိုရင် တစ်ကမ္ဘာလုံးက SIM Card ကြိုက်ရာထည့်လို့ ရပါပြီ။ SAM ရဲ့  Activation Ticket က Share သုံးလို့ မရပါဘူး။ ShSh Bloobs ပေါ့ဗျာ သူ့ ဟာသူ ကိုယ့်ဟာက်ုယ်ပေါ့။
ReplyDeleteSIM မဟုတ်ဘူး အကို ကျွန်တော်ပြောတာက apple က server ကိုမပိတ်ခင် SAM နဲ့  UNLOCK လုပ်ခဲ့တဲ့ PHONE ကိုပြောတာပါ
ReplyDeleteSorry ပါ၊ ကျွန်တော် ဖတ်တာ လျှမ်းသွားတယ်... SAM Activation Ticket နဲ့  လုပ်ပြီးသားဆိုရင် ရပါတယ်၊ ဘယ်နိုင်ငံက ဖြစ်ြဖစ်ပါ။
Deleteကျေးဇူးအများကြီးတင်ပါတယ်။
ReplyDelete