မကြာမီမှာ iDevice သုံးသူများထံကို Apple ရဲ့  iOS 6 ဟာ Features အသစ်တွေနဲ့ အတူ ရောက်ရှိလာပါတော့မယ်။ Jailbreak လုပ်ကြဦးမည့် သူတွေအတွက် သတင်းကောင်း တစ်ခုကတော့ iOS 6 beta ကို Jailbreak လုပ်နိုင်တဲ့ Redsn0w 0.9.13dev1 ကို စမ်းသပ်ပြီးနောက် Dev Team က Developer တွေအတွက် ထုတ်ပေးထားပါပြီ။ Developer တွေအတွက်သာ ရည်ရွယ်ထားတာဖြစ်လို့  လုပ်နည်းလုပ်ဟန် တွေက သာမန်ပုံစံနှင့် မတူကွဲပြားမှာဖြစ်လို့  User တွေအနေနဲ့  လက်တည့်မစမ်းသင့်ပါဘူး။
Redsn0w 0.9.13dev1 ဟာ iOS 6 သုံးထားတဲ့ iPhone 4, 3Gs, iPod Touch 4G တို့  အတွက်သာ အလုပ်လုပ်နိုင်မှာဖြစ်ပြီး အခြား iDevice များအတွက်တော့ စမ်းသက်နေဆဲဖြစ်ပါတယ်။
သတိပြုရမှာကတော့ Developers တွေအတွက် ရည်ရွယ်ထားတာဖြစ်လို့  Device မှာ Cydia install မလုပ်တဲ့ အပြင် Hacktivate လဲမဖြစ်သေးတဲ့အတွက် Unlock သမားတွေအတွက် ပြဿနာရှိနိုင်ပါတယ်။
ဒါ့အပြင် A5 iDevice တွေမှာ အလုပ်မလုပ်နိုင်သေးပဲ Jailbreak ဟာလည်း Tethered Jailbreak သာဖြစ်ပါတယ်။
>> Download Redsn0w 0.9.13dev1 (Win, Mac)
လုပ်ငန်းစဉ်
အဆင့် ၁)
Run Redsn0w 0.9.13dev1 -> Extras -> Select IPSW (iOS 6 IPSW) ကိုရွေးပါ။
iOS 6 beta ကို Developer account ရှိသူတိုင်း Apple ရဲ့  iOS Dev Center မှာ ရယူပါ။
အဆင့် ၂)
Back ကိုနှိပ်ပြီး Jailbreak ကိုနှိပ်ပါ။ DFU mode ဝင်ပါ၊ Jailbreak စလုပ်နေပါပြီ။
အဆင့် ၃)
Redsn0w က SSH install လုပ်ဖို့  ပေါ်လာပါက install လုပ်ရန် "check" လုပ်ပါ။ ထို့ နောက် Next နှိပ်ပါ။ Jailbreak ဖြစ်သည်အထိ အလိုလျှောက် လုပ်ဆောင်သွားပါလိမ့်မည်။
အဆင့် ၄)
Jailbreak ပြီးသွားပါက Tethered ဖြစ်သည့်အလျှောက် Extras -> Just Boot ပြန်လုပ်ပေးပါ။
အဆင့် ၅)
အားလုံးပြီးစီးသွားပါက SSH ကိုအသုံးပြု၍ Apps, Tweaks တို့ ကို manually သွင်းယူနိုင်ပါပြီ။
အကြံပေးချက်။ ။ သာမန် သုံးစွဲသူများ အနေနဲ့  မစမ်းသပ်ကြဖို့  တိုက်တွန်းပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် iOS 6 က တရားဝင် ထွက်မလားသေးခင်မှာတောင် Tethered Jailbreak ရနေပြီ ဆိုတော့
Untether Jailbreak အတွက် ကျွန်တော်တို့  အကြာကြီး စောင့်ရလိမ့်မယ် မဟုတ်ဘူးလို့  မျှော်လင့်ပါတယ်။
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
မိုးသိကြား
Friday, June 15, 2012
iOS 6 Jailbrake အတွက် ပူစရာမလိုတော့...
Subscribe to:
Post Comments
(
Atom
)
ကိုရီးယားမှာ Unlock ph သုံးလို့ရလား သိချင်လို့ပါ
ReplyDelete