iPhone နဲ့  Android phone တွေအကြောင်း ယှဉ်ပြီးပြောလာကြရင် iPhone က ဘယ်နေရာက ဘယ်လိုအားသာချက် ရှိတယ်လို့ ပဲဆို ဆို၊ နောက်ဆုံးမှာ Android သမားများတွေက Android phone ရဲ့  Features တွေနဲ့  ကိုင်ပေါက်လာတဲ့ အခါကျရင်တော့ ကျွန်တော်တို့ တွေမှာ ပြောအား မရှိလှပါဘူး။
ဟုတ်ပါတယ် iPhone ရဲ့  iOS ဟာ Open source မဟုတ်တဲ့ အတွက် Android လောက် Features မစုံလင်ပါဘူး၊ ဒါပေမယ့် Jailbreak လုပ်ထားတဲ့ iDevice တွေမှာတော့ Tweaks တွေကိုသုံးလိုက်တဲ့ အခါမှာ နောက်ထပ် feature တော်တော်များများကို ထပ်မံ သုံးနိုင်လာပါတယ်၊ ဒါဟာ Jailbreak လုပ်ခြင်း၏ အကျိုးကျေးဇူးများထဲမှ တစ်ခုဖြစ်ပါတယ်..
ဟိုးတစ်လောက ကျွန်တော့်ထံသို့  ဆက်သွယ်မေးမြန်းလာတဲ့ စာတွေထဲမှာ Phone Call တွေကို record လုပ်လို့ ရတဲ့ App လေးများ မရှိဘူးလားလို့  တော်တော်များများက မေးဖူးကြပါတယ်။
ရှိတော့ရှိပါတယ် ဒါပေမယ့် Recording service ပေးတဲ့ website တစ်ခုခုမှာ Register လုပ်ရပါတယ်၊ ဒါ့အပြင် recording hour ကိုလည်း ဝယ်ယူရပြန်ပါတယ်၊ Call recording လုပ်နိုင်ဖို့ ၊ ပြန်လည် နားထောင်ဖို့  အတွက်လည်း Internet connection ရှိနေမှ ရတဲ့အတွက် လုံးဝ အဆင်မပြေနိုင်ပါဘူး။
ယခုတော့ Cydia ၏ Tweak တစ်ခုဖြစ်တဲ့ "Audio Recorder" က အဲဒီလိုအပ်ချက်များကို အပြည့်အဝ ဖြည့်ဆည်းနိုင်ပါလိမ့်မယ်။
Phone call များကို Internet connection မလိုပဲ မိမိဖုန်းထဲမှာတင် recording လုပ် သိမ်းထားနိုင်ပြီး အချိန်မရွေး ပြန်လည် နားထောင်နိုင်ရုံသာမက email အဖြစ်ပေးပို့ ခြင်း၊ မလိုအပ်ပါကလည်း ပြန်လည် ဖျက်ပစ် နိုင်ပါသေးတယ်။
တစ်ခုသတိပြုဖို့  ရှိတာကတော့ "Audio Recorder" သုံးပြီး recording လုပ်ပါက ယခုပြောဆိုနေမှုများကို recording လုပ်မှာဖြစ်ကြောင်း voice message ကို Call ရဲ့  အစမှာ နှစ်ဖက်စလုံးက ကြားရမှာဖြစ်ပြီး အဲဒီ function ကိုတော့ "Disable" လုပ်နိုင်မှာ မဟုတ်ပါဘူး။
"Audio Recorder" ကို iPhone 4S နှင့် iPhone 5 တို့ မှာသာ အသုံးပြုနိုင်ပါတယ်။ Speaker ဖွင့်ပြီး သုံးဖို့  အတွက်တော့ iPhone 4S မှာပဲ အလုပ် လုပ်နိုင်ပါလိမ့်မယ်။
"Audio Recorder" ကို Cydia Store မှာ $3.99 နဲ့  ဝယ်ယူရရှိနေပါပြီ..
ဝယ်ယူဖို့  အခက်အခဲရှိနေတဲ့ မိတ်ဆွေများ အတွက်တော့ FREE ရယူနိုင်ဖို့  အတွက် Cydia မှာ "http://igoldhouse.myrepospace.com" ကို Add လုပ်ပြီး "Audio Recorder" လို့  ရှာပြီး install လုပ်၍ သုံးနိုင်ကြပါပြီ... version ကတော့ (v0.2-220) ဖြစ်ပါလိမ့်မယ်။
"Audio Recorder" ရဲ့  Setting ကို Settings ထဲမှာ တွေ့ ရှိ ပြုပြင်နိုင်ပါတယ်... အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ် မိုးသိကြား
ဘယ်သူတွေဘာပဲပြောပြော ဒို့ ကတော့ forever iUser ပဲ
ReplyDeleteSoftDFU mode ကနေ ထွက်လို့ မရဘူးဖြစ်နေတယ်..... ဘယ်လိုလုပ်ရမလဲ ?
ReplyDeleteမရ ရအောင် ထွက်လို့ ရမယ့် နည်းလမ်းတွေရှိပါတယ် ဒါပေမယ့် ဘယ်နည်းလမ်းနဲ့  ကျိမ်းသေပေါက်ရမလဲ ဆိုတာတော့ မပြောတတ်ပါ၊ ဥပမာ manual ပဲဖြစ်ဖြစ် software အကူညီနဲ့ ပဲ ဖြစ်ဖြစ်ပေါ့၊ redsn0w, sn0wbreeze, tiny umbrella အစုံသုံးကြည့်ပါ။
Deleteကျွန်တော်4sမှာ စမ်းကြည့်တာ Speakerဖွင့်ပြောမှ ရတယ်ဗျ..
ReplyDeleteSpeaker မဖွင့်ဘဲဘယ်လိုလုပ်ရမလဲဗျ..?
iPhone 3gs ကို ios 6.1.2 ကို မြှင့်ပြီး jailbreak ပြန်လုပ်ပေမဲ့ lock ပြန်ကျသွားတယ်ထင်တယ် လိုင်းမမိတော့လို့ ပါ။ အဲ့ဒါ lock ပြန်ဖြည်လို့ ရမဲ့  နည်းလေးရှိရင်သိချင်လို့ ပါ အကို ။ အရင်က cydia ထဲက ultrasnow နဲ့  unlock လုပ်ထားတာပါ ။
ReplyDeleteThis comment has been removed by the author.
ReplyDelete