Game တွေကို တော်တော်ခုံမင်သူလို့  ရင်းနှီးသူများက ကျွန်တော့်ကို မှတ်ချက် ပြုတတ်ကြပါတယ်၊ ဟုတ်ပါတယ် ကျွန်တော် Game တွေကို တစ်ကယ် စွဲလန်းပါတယ်။
ဒါပေမယ့် Game တိုင်းကိုတော့ မဟုတ်ပါဘူး ကျွန်တော် အကြိုက်ဆုံး အမျိုးအစားက "Racing Game" ပါ၊ အဲဒီအထဲမှာမှ Car Racing game တွေကိုသာ သဲကြီးမဲကြီး ဆော့တတ်ပါတယ်။
အခုတစ်ခေါက် အိမ်ပြန်ခဲ့စဉ် ခရီးထွက်ခဲ့တုန်းက Highway မှာ 110km လောက်နဲ့  မောင်းနေတဲ့ အဖေ့ကို အရှိန်လျှော့မောင်းပါလို့  ပြောတဲ့ ကျွန်တော်က Game ထဲမှာဆိုရင်တော့ အမြဲ 1st မရမချင်း အရှိန်အမြင်ဆုံးနဲ့  မောင်းတတ်ပါတယ်။
ကျွန်တော် Car Racing game တွေကို စွဲလန်းတတ်အောင် ပြုလုပ်ခဲ့တဲ့ ပထမဦးဆုံး Game ကတော့ Electronic Arts က ထုတ်တဲ့ "Need For Speed Porsche Unleashed" ဖြစ်ပြီး ၂၀၀၀ ခုနှစ်လောက်က ထုတ်ခဲ့တဲ့ Need For Speed ရဲ ၁၃ ခုမြောက် စီးရီးပါ။ ကြိုက်လွန်းလို့  အဲဒီ Game CD လေးကို ခုထိ သိမ်းထားဆဲပါ...
"Need For Speed" ကို PC version Game တိုင်းနီးပါးကို ဆော့ဖူးခဲ့ပြီး "Most Wanted" ကိုဆော့ပြီး နောက်ပိုင်း၊ အချိန်တွေကို ဖြုန်းပစ်နေတယ်လို့  ခံစားမိပြီး PC Game တွေနဲ့  လုံးဝ အဆက်သွယ်ဖြတ်ခဲ့ပါတယ်။
Smart Phone တစ်လုံးဖြစ်တဲ့ iPhone ကို သုံးခဲ့ပြီးတဲ့နောက်မှာ "Mobile Game" တွေက ကျွန်တော့ကို စွဲဆောင်ခဲ့ပြန်ပါတယ်၊ Mobile game ဆိုတာကတော့ PC game တွေလောက် အချိန်မပေးရတော့ ရံဖန်ရံခါဆိုသလို အချိန်အားရင် ကစားဖြစ်နေပါတယ်။
Car Racing game App တွေ အများကြီး ရှိတဲ့အနက် ကျွန်တော် အကြိုက်ဆုံး Game ကတော့ "Real Racing" ပါပဲ။ "Need For Speed" ကို မွေးဖွားပေးခဲ့တဲ့ "Electronic Arts" ကပဲ ထုတ်လုပ်လိုက်တာဖြစ်ပြီး Mobile Game မှာဆိုရင် "Need For Speed" ထက် ကျွန်တော် ပိုပြီးကြိုက်ပါတယ်။
"Real Racing" အမည်နဲ့  လိုက်ဖက်အောင် တစ်ကယ့်ကို အပြင်မှာ ကားမောင်းရတဲ့ အယူအဆ Skill မျိုးနဲ့ မောင်းရတာမို့  အရသာတစ်ကယ်ရှိပါတယ်။
အခုဆိုရင် "Real Racing" က Three ရောက်သွားပါပြီ၊ အရင် One, Two တို့ ထက် Graphic, Road, Car Model, Cup တွေ တော်များများ လုံးဝ ပြောင်းလဲသွားပါတယ်။
အဲဒီလို ပြောင်းလဲသွားတဲ့ အထဲမှာ ကစားသူတွေ အတွက် အဆင်မပြေနိုင်တဲ့ ကိစ္စတွေပါ ပါလာပါတယ်။
ဒါကလည်း ထုတ်လုပ်တဲ့ ကုမ္ပဏီဘက်က ကြည့်ရင် မမှားပါဘူး၊ Cracked တွေ သောင်းကျန်းမှုကို မထားဆီးနိုင်တဲ့ အချိန်မှာ မိမိ product ကို ကာကွယ်တဲ့ အနေနဲ့  နည်းလမ်းသစ်တွေ ရှာဖွေ အကောင်ထည်ဖော်လာတဲ့ သဘောပါပဲ ဒါပေမယ့် စားသုံးသူတွေဘက်က ဒီ Game တစ်ခုအတွက် စွဲလန်းရင် စွဲလန်းသလို ပိုမို ကုန်ကျစရာ လမ်းပေါက်တွေ အများကြီးရှိနေပါတယ်။
အခုဆိုရင် "Real Racing 3" Game ကြီး တစ်ခုလုံးကို "Free" ပေးထားပါတယ် ဒါပေမယ့် ကစားသွားတဲ့အခါ "In App Purchase" ကို မသုံးလို့  မရတဲ့ အနေအထားမျိုးကို တမင် ဖန်တီးထားတာကို တွေ့ ရပါတယ်။
အရင် 1, 2 မှာတုန်းက ဆိုရင် ကားတွေကို ပိုက်ဆံရှိရင် ဝယ်ပြီး ပိုက်ဆံမရှိရင် ပြန်ရောင်းနိုင်တဲ့ "Market" ပါ ပါတယ်၊ အခု 3 မှာတော့ "Buy Car" သာ တွေ့ ရပြီး "Sell Car" မရှိတဲ့အတွက် ကားတစ်စီး ဝယ်တော့မယ် ဆိုရင် အဝယ်မမှားဖို့  အရမ်းသတိထားဖို့  လိုပါတယ်။
ဒါမှသာ နောက် Cups တွေကို ခရီးဆက်နိုင်ပါလိမ့်မယ် ကိုယ်ကြိုက်လို့  ဝယ်လိုက်တဲ့ ကားက နောက် level တွေမှာ ပြိုင်ခွင့်မရတဲ့ ကားမျိုးဖြစ်နေရင် ကိုယ့်မှာလဲ ပိုက်ဆံ မရှိတော့ပါဘူး၊ ကိုယ်ကလဲ အရှိန်တက်နေပါပြီ ဒါဆိုရင် ဘာလုပ်မလဲ "Store" မှာ "R$" လို့ ခေါ်တဲ့ Cash ကို တစ်ကယ် ဝယ်သုံးရပြီပေါ့။
ဒီနေရာမှာ ပါးနပ်တဲ့ သူတွေက မဝယ်တော့ပဲ ပိုက်ဆံပြန်စုတဲ့ အနေနဲ့  အောင်ပြီးသား Cup တွေကို သီးခံ ပြန်ဆော့ရင်း ပိုက်ဆံပြန်စုလို့ လည်း ရနိုင်ပါတယ်။
ဒါပေမယ့် ဒီအကွက်ကို သိထားပြီးတဲ့ Game Developer တွေက "Real Racing 3" မှာ ဘာထပ်ပြီး ဖြည့်ထားသလဲ ဆိုတော့ ကားဝင်ပြိုင်တဲ့ အချိန်မှာ အတိုက်အခိုက်ကြောင့် ကားပျက်စီးမှုကို "Repair" တစ်ချက်ထဲနဲ့  အားလုံးမပြီးပဲ အစိတ်ပိုင်း တစ်ခုခြင်းစီရဲ့  ပြင်ဆင်မှုကို "R$" သုံးပြီး ပြုပြင်ပြီးသည့်တိုင် ပြင်ဆင်တဲ့ အချိန်ကို ပြင်ဆင်မှုအလိုက် နာရီနဲ့ ချီပြီး စောင့်ဆိုင်း ခိုင်းပါတယ်။ ဒါ့အပြင် ကားအသစ် တစ်စီး ဝယ်ပြီးရင်လဲ "Delivery Time" ကို ဒီလိုပဲ မီနစ်အနည်းငယ် စောင့်ရတတ်ပါတယ်။
ဒီလိုမှ မဟုတ်ပဲ ချက်ချင်း ပြင်ပြီး စေချင်ရင်တော့ "Gold Coin" ဆိုတာကို သုံးရပါတယ်။ ခက်တာက ဒီ "Gold Coin" က Cup တွေကို ပြန်ပြိုင်တိုင်းလဲ မရပါဘူး Cup အသစ်တစ်ခုကို ထိပ်ဆုံးက အောင်မြင်ပြီးမှသာ ပေးတဲ့ အတွက် အဟောင်းတွေကို ပြန်ပြိုင်သော်လည်း အချည်းအနှီးပါပဲ။ တစ်ခါပေးခဲ့ရင်လဲ "3 to 5 Coins" ပဲရတဲ့ အတွက် "Gold Coin" ဆိုတာ လိုမြဲလိုနေဆဲပါ၊ ဒီအခါမှာ အချိန် မစောင့်နိုင်ရင် "Store" မှာဝယ်ပေတော့ဗျို့ ....
ကိုယ့်လိုပဲ "Real Racing" ကို ကြိုက်ကြသူတွေ အတွက် တစ်ကယ့် ပိုက်ဆံတစ်ပြားမှ မကုန်စေရပဲ၊ စိတ်ကြိုက် ဆော့ကစားနိုင်မယ့် နည်းလမ်းလေးကို တင်ပြပေးလိုက်ပါတယ်။
ရိုးလွန်းလို့  မရေးတော့ဘူးလို့  စဉ်းစားထားပေမယ့် တစ်နေ့ က FB မှာ ကစားသူတစ်ယောက် ဆက်မကစားနိုင်တော့တဲ့ အခြေနေလေးကို screen shot လေးနဲ့  တင်ထားတာကို တွေ့ မိလိုက်ပါတယ်။
တင်တဲ့သူက သူ့ ဟာသူ တင်တာပါ ကျွန်တော်က မနေနိုင်တော့လို့  ကိုယ် စဉ်းစား ရှာဖွေတွေ့ ထားတဲ့ နည်းလေးကို ဝေမျှတာပါ။
ဒီနေရာမှာ ကိုယ်တိုင် ရှာဖွေတွေ့ တယ်လို့  သုံးနှုန်းလိုက်ရတာ ဒီဂိမ်း အတွက်ပါ။ တစ်ကယ်တော့ ဒါဟာ ပဝေသနီတုန်းကထဲက နည်းလမ်းဟောင်းကြီးပါ၊ ဘာလုပ်ရင် ရနိုင်မလဲနဲ့  စဉ်းစားတော့ အဲဒီ concept လေးကို ပြန်တွေးမိပြီး "Real Racing 3" မှာ သုံးလိုက်တာ အောင်မြင်သွားပါတယ်။
ကဲ...စမယ်
အပေါ်မှာ ပြောခဲ့သလိုပဲနော် ဒီဂိမ်းမှာ "In App Purchase" မသုံးသုံးအောင် ဖမ်းထားတာ နှစ်နေရာရှိပါတယ်။
ပထမ "R$"
ဒါကို နိုင်ပြီးသား Cup အဟောင်းတွေ ပြန်လည် ကစားခြင်းဖြင့် ပြန်ဖြည့်ပါ။ ကားဝယ်မယ်ဆိုရင် သတိထားပြီးမှ ဝယ်ယူပါ။
ဒုတိယ "Gold Coin"
ပိုက်ဆံရှိလို့  ကားပြင်ပြီးပြီ "Repairs Compete" ဖြစ်ဖို့ ကို ပုံပါအတိုင်း နှစ်နာရီကျော် စောင့်ခိုင်းပြီ...
Gold Coin ပေးလို့ ရရင်လည်း မပေးပါနဲ့ 
လှည့်ဖြားမှု ပါးပါးလေး လုပ်လိုက်ရုံပါပဲ ဖြေရှင်းနည်းက အရမ်းလွယ်တယ်...
အဆင့် ၁)
Internet Connection ကို ပိတ်လိုက်ပါ။
Settings -> Airplane Mode "ON" လိုက်ပါ။
အဆင့် ၂)
Settings -> General -> Set Date & Time -> Date ကို မနက်ဖန် တစ်ရက် ရွေ့ လိုက်ပါ။ (ဥပမာ ယနေ့  ၁၇ ဆိုရင် ၁၈ သို့ )
အဆင့် ၃)
Game ကို ပြန်သွားကြည့်ပါ ချက်ချင်း Complete ဖြစ်သွားတာကို တွေ့ ရပါပြီး "Continue" ဆိုတာကို တွေ့ ရပါလိမ့်မယ်။ "Continue" နှိပ်လိုက်ပါ။
အဆင့် ၄)
Settings -> General -> Set Date & Time -> Date ကိုပြန်ပြီး ယနေ့ သို့  ပြန်ပြောင်းလိုက်ပါ။
အဆင့် ၅)
Airplane Mode ကို "OFF" လိုလျှင် "OFF" လို့ ရပါပြီ...
ကဲလာ... ပျက်ချင်သလောက်ပျက် ချက်ခြင်းပြင် ချက်ခြင်းပြိုင်ပွဲဝင်လို့  ရပြီပေါ့... ဒါဟာ မည်သူ့ ကိုမျှ မထိခိုက်စေပဲ ပါးပါးလေး လှည့်စားလိုက်တာပါ...
>> Free Download Real Racing 3
"Real Reacing 3" ကို နှစ်သက်သူအားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာနှင့် ဆက်လက် ယှဉ်ပြိုင်နိုင်ကြပါစေ.. "LET's RACE!!!"...
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ် မိုးသိကြား
iap free နဲ့လည်း လုပ်လို့ရတယ်ဗျ :P
ReplyDelete