Thursday, March 31, 2016

How To Search Articles In Moethagyar

မိုးသိကြား ဘလောခ့်ကို လာရောက် ဖတ်ရှုလေ့လာကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်...

မိုးသိကြား ဘလောခ့်ကို ၂၀၀၈ ခုနှစ်က စတင်ခဲ့ပြီး ယခုဆိုရင် ခြောက်နှစ်တာ ခရီးပေါက်ခဲ့ပါပြီ၊ တစ်နေ့တစ်ခြား ဖတ်ရှုသူ အရေအတွက် များပြာလာခဲ့ပြီး အသစ်ရောက်လာတဲ့ စာဖတ်သူများက ရှိထားပြီးသား အကြောင်းအရာများကို မကြာခဏ မေးမြန်လေ့ရှိပါတယ်၊ Online မှာ ကျွန်တော်ရှိနေတဲ့ အချိန်ဆိုရင် တိုက်ရိုက် ညွှန်ပြပေးနိုင်ပေမယ့် Offline ဖြစ်နေချိန်ဆိုရင်တော့ မပြန်ကြားပေးနိုင်တာကြောင့် ယနေ့ မိုးသိကြား ဘလောခ့်ရဲ့ "MENU" အသုံးပြုပုံလေးကို တင်ပြပေးလိုက်ပါတယ်...

ယခုဆောင်းပါးလေးကို ဘလောခ့်ရဲ့ ထိပ်ဆုံးနေရာမှာ အမြဲထားရှိပေးသွားမှာ ဖြစ်လို့ ဆောင်ပါးအသစ်များရဲ့ အထက်မှာ အမြဲရှိနေမှာကို သတိပြုပေးကြပါ..


မိုးသိကြား "MENU" မှာ
['Home' 'News' 'Jailbreak' 'Unlock' 'Downgrade' 'Errors' 'Downloads' 'Myanmar Font' 'Guide' 'Others' 'Forum' 'Contact'] ဟူ၍ အခန်းစဉ် (၁၂)မျိုး ခွဲခြားထားပါတယ်။

သတိပြုရမည့် အချက်မှာ ">>" လက္ခဏာ ပါရှိပါက အဆိုပါ အခန်းအောက်တွင် အခန်းငယ်ခွဲလေးများ ထပ်မံ ရှိနေပါသေးသည်။

Home
မည်သည့် နေရာတွင် ရောက်ရောက် ပထမဆုံး စာမျက်နှာကို ပြန်ရောက်ရန် 'Home' ကို နှိပ်ပါ။

News >>
သတင်းများ၏ အခန်းတွင် 'Mobile News' နှင့် 'SG Info' ခွဲခြားထားပြီး


[Mobile News] တွင် Apple iDevice များ၏ သတင်းများကို ရေးသားဖော်ပြလျှက်ရှိပါတယ်..

[SG Info] တွင် စင်ကာပူ သတင်းများ ဖော်ပြထားပြီး ထပ်မံ၍ Update အသစ်ရေးသားခြင်း မရှိတော့ပါ။


Jailbreak >>
Jailbreak လုပ်လိုသူများအတွက် Jailbreak Tutorials များကို ဖော်ပြပေးထားပြီး အဆိုပါ အခန်းအောက်တွင် ['Must Read' 'iPhone >>' 'iPad >>' 'iPodTouch >>'] တို့ကို ထပ်မံ ပိုင်းခြားပေးထားပါတယ်။


[Must Read] တွင် Jailbreak လုပ်မည့်သူများ မသိမဖြစ် အခြေခံရှိထားသင့်သော အသိပညာ ဆောင်းပါးများ ပါရှိပါတယ်။

['iPhone >>' 'iPad >>' 'iPodTouch >>'] တွင် iDevice ၏ အမျိုးအစားခွဲများကို ထပ်ဆင့်ခွဲခြားထားပြီး Jailbreak လုပ်သူများ သက်ဆိုင်ရာ iDevice ကို ရွေးလိုက်ရုံနှင့် Jailbreak လုပ်နည်း ဆောင်းပါးများကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ (အသစ်ထွက်လာမည့် Device များကို အမြဲ Update လုပ်ပါမည်)

Unlock >>
Unlock လုပ်ချင်သူများအတွက် Unlock Tutorials များကို ဖော်ပြပေးထားပြီး အဆိုပါ အခန်းအောက်တွင် ['Must Read' 'iPhone >>'] တို့ကို ထပ်မံ ပိုင်းခြားပေးထားပါတယ်။


[Must Read] တွင် Unlock လုပ်မည့်သူများ မသိမဖြစ် အခြေခံရှိထားသင့်သော အသိပညာ ဆောင်းပါးများ ပါရှိပါတယ်။

[iPhone >>] တွင် iPhone version များကို ထပ်ဆင့်ခွဲခြားထားပြီး Unlock လုပ်သူများ သက်ဆိုင်ရာ iDevice ကို ရွေးလိုက်ရုံနှင့် Unlock လုပ်နည်း ဆောင်းပါးများကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ (အသစ်ထွက်လာမည့် Device Unlock လုပ်နိုင်ပါက ထပ်မံ၍ Update လုပ်ပါမည်)

Downgrade >>
iDevice ကို Downgrade လုပ်ချင်သူများ အတွက် နည်းလမ်းဆောင်းပါများ ပါရှိပြီး ['iTunes' 'iPhone >>' 'iPad >>' 'iPodTouch >>'] တို့ကို ထပ်မံ ခွဲခြားပေးထားပါတယ်။


[iTunes] တွင် iTunes version downgrade ချနည်းများ ဆောင်းပါးများ ဖတ်ရမှာ ဖြစ်ပါတယ်။

['iPhone >>' 'iPad >>' 'iPodTouch >>'] တို့တွင်လည်း iDevice model များကို ထပ်ဆင့်ခွဲထားပြီး အသီးသီးတွင် သက်ဆိုင်ရာ ဆောင်းပါးများ ပါရှိပါသည်။

Errors
iTunes တွင် ဖြစ်တတ်သော Errors များနှင့် ဖြေရှင်းနည်း ဆောင်းပါးများကို ဖတ်ရှုနိုင်ပါတယ်။

Downloads >> ၏ အောက်တွင် ['Firmwares' 'iTunes' 'Tweaks' 'Software >>' 'Apps' 'iBooks >>' 'RingTones'] တို့ ထပ်မံ ခွဲခြားပေးထားပါတယ်။


[Firmwares] များကို Update ထပ်မံ မလုပ်တော့ပဲ အလွယ်တစ်ကူ ရယူနိုင်ရန် ညာဘက်ခြမ်းရှိ Side bar တွင် 'iOS Download' အနေနဲ့ ဖော်ပြထားပါတယ်။

[iTunes] မှာတော့ ပြန်လည် ရယူရန် မလွယ်ကူတော့သော iTunes Old version များကို တင်ပေးထားပါတယ်။

[Tweaks] များအကြောင်း ရေးသားဖော်ပြထားခဲ့ပြီး နောက်ပိုင်းတွင် Tweaks များကြောင့် iDevice များ ပြဿနာဖြစ်စေနိုင်သည့် အတွက် မရှိမဖြစ် Tweaks များကိုသာ ရွေးချယ် ဖော်ပြနေဆဲ ဖြစ်ပါသည်။

[Software >>] ကတော့ Jailbreak နှင့် သက်ဆိုင်သော Software များကို စုစည်း ပေးထားခဲ့ပြီး ယခုအခါ Update မလုပ်တော့ပါ။ သက်ဆိုင်ရာ Software များကို Tutorial ဆောင်းပါးများတွင်သာ တိုက်ရိုက် ထည့်သွင်း ဖော်ပြနေပါသည်။

[App] တွင် Applications များသတင်းနှင့် ဘယ်လို Hack လုပ်နိုင်မလဲ ဆိုတာကို ဖော်ပြလျှက်ရှိပါတယ်။

[iBooks >>] တွင် Digital eBooks များ ရရှိနိုင်ပြီး 'ePub' နှင့် 'PDF' နှစ်မျိုး ခွဲခြားထားပါသည်။

[RingTones] ကို ထပ်မံ Update ပေးခြင်းမရှိတော့ပါ။


Myanmar Font
တွင် မြန်မာစာ သွင်းယူနည်းများကို iOS version များအလိုက် စုစည်း ဖော်ပြပေးထားပါတယ်။

Guide >>
တွင် ['How To..' 'Tips & Tricks' 'Q & A'] အခန်းခွဲများပါရှိပါတယ်။


[How To..] တွင် လုပ်နည်း လုပ်ဟန် နည်းလမ်းများ စုစည်းထားပါတယ်။

[Tips & Tricks] တွင် App များနှင့် သက်ဆိုင်သော လှည့်ကွက်လေးများကို ရေးသားထားပါတယ်။

[Q & A] မှာ အရင်တုန်းက မေးထားခဲ့ဖူးသော မေးခွန်းဟောင်းလေးများ စုစည်းပါရှိပါတယ်။



Others >>
မှာတော့ ['Photoshop' 'Feeling' 'About Me'] တို့ ပါရှိပါတယ်။


[Photoshop] မိုးသကြား စတင်ချိန်က ရေးသားခဲ့ဖူးသော Photoshop tutorials အချို့ကို တင်ထားခဲ့ပြီး ထပ်မံ Update ရေးသားခြင်း မရှိတော့ပါ။

[Feeling] ကျွန်တော်၏ ကိုယ်ပိုင်အတွေ့အကြုံများနှင့် ခံစားချက်များကို ရံဖန်ရံခါ ရေးသားလျှက် ရှိနေပါသေးသည်။

[About Me] မှာတော့ 'မိုးသိကြား' စတင် ဖြစ်ပေါ်လာပုံ အကျဉ်းကို ဖတ်ရှုနိုင်ပါလိမ့်မယ်။



Forum
ကို Application အထူးသဖြင့် Game cracked file များကို အားလုံးအတူတစ်ကွ မျှဝေနိုင်ရန် ထည့်ထားခဲ့ပြီး member ဝင်ထားမှသာ တွေ့မြင် ရယူနိုင်ပါလိမ့်မည်။

Contact
ကျွန်တော့်ထံ မေးမြန်းဆက်သွယ်နိုင်ရန် ထည်းသွင်းထားပါတယ်။ သို့သော် မကြာသေးမီကမှ ခတ္တ ပြန်လည် ပိတ်ထားခဲ့တာကြောင့် အလုပ်မလုပ်သေးပါ။

**************************************

Powerful Search
"မိုးသိကြား" ဘလောက်ခ့်မှာ ရှာဖွေရန် Powerful အဖြစ်ဆုံး လက်နက် တစ်ခုကတော့ "ဤနေရာတွင်ရှာပါ" ဟု ဖော်ပြထားသော side bar ရှိ 'Search Box' ပဲ ဖြစ်ပါတယ်။
မိမိရှာဖွေလိုသော အကြောင်းအရာ တစွန်းတစ်စကို 'English' 'မြန်မာလို' keywords ရိုက်ထည့်ပြီး "Go" နှိပ်လိုက်ရုံနဲ့ အားလုံးကို ဖော်ပြပေးပါလိမ့်မယ်။


**************************************

မိုးသိကြား ဘလောခ့်သည် ပြီးပြည့်စုံသည်ဟု မဆိုလိုသော်လည်း iDevice နှင့် ပက်သက်သမျှကို အတတ်နိုင်ဆုံး စုံလင်စွာ ရေးသားနှင့်ပြီး ဖြစ်သည့် အတွက် မိမိသိလိုသော အကြောင်းအရာများကို ကိုယ်တိုင် ရှာဖွေကြည့်ကြရအောင်လားဗျာ..





အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား မေတ္တာတုန့်ပြန်လိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

9 comments :

  1.ေ​ကျးဇူးတင်​ပါတယ်​ခဗျာ

    ReplyDelete
  2. Nay Lin
    အကိုမင်းအခုတစ်လောiPhone 5တွေကိုios7တင်လိုက်ရင်charging ကြိုးတော်ရွေးတယ်ဘက်ထရီပါတဲ့ကာဗာကိုလည်းလက်ခံတော့ဘူးIos6တုန်းကဆိုဘာမှမဖြစ်ဘူးအခု7တင်လိုက်တော့အဲဒီလိုတွေဖြစ်သွားသူကOriginal ကြိုးမှလက်ခံမယ့်ပုံပြတယ် တခြားဖုံးနဲ့စမ်းကြည့်လည်းအဲဒီလိုပဲ Ios6ဆိုရင်တော့ဘာမှမဖြစ်ဘူးအဲဒါဘယ်လိုလုပ်လို့ရနိုင်မလဲအကိုတို့ခင်ဗျားကျေးဇူးပြုပြီးဖြေပေးကြပါခင်းဗျားကျေးဇူးတင်ပါတယ်

    ReplyDelete
  3. sim lock ဖွင့် ချင် လို့ ပါ ကူ ညီ ပေး ပါ ဘယ် လောက် ကြာ မယ် ဘယ် လောက် ကြမယ် ဆိုတာ ကို ပါ သိချင် လို့ ပါ IMEI 012545002825495 ပါ model A 1332 ပါ အရင် က ဒီ ဖုန်း ကို jailbreak လုပ်ပြီး သုံး ဖူး ပါတယ် နောက် 7.1.2 ကို computer နဲ့ joy လိုက် ပြီး လက် သရန်း လိုက် တာ ပွင့် မလာ တော့ ဘူး သိတဲ့ သူ တွေ မေး ကြည့် တော့ sim locl ဖွင့်မှ ရ တော့ မယ် တဲ့ ကူညီ ပေး ပါ

    ReplyDelete
  4. ကူညီပေးပါကိုမိုးသကြား iphone 5s ကို unlock လုပ်ချင်လို့ပါ အကိုတင်ထားတဲ့ post အတိုင်းလုပ်ကြည့်ပြီးပါပြီ ultrasnow ကို install လုပ်တာ error တက်နေပါတယ် 5s ကိုလုပ်လို့မရဘူးနဲ့တူပါတယ် ဖြစ်နိုင်ရင် 5s အတွက် unlock လုပ်နည်းလေးတင်ပေးပါလား အကို

    ReplyDelete
    Replies
    1. ဘယ်ရမလဲ Software Unlock က မထွက်တော့တာ ကြာပြီလေ.. လောလောဆယ်ထိတော့ သေချာရေရာတဲ့ Unlock နည်းလမ်းမရှိသေးပါဘူး၊ Hardware SIM unlock ကလည်း ရချင်မှ ရတာပါ..

      Delete
  5. ဘာမှဒေါင်းမရဘူး ခွေးကောင်

    ReplyDelete
  6. Iphone 6 မှာ Bluetooth ချိတ်မရဘူးဖြစ်နေတယ် ကိုမိုးသကြား
    အဲဒါဘယ်လိုလုပ်ရမလဲဆိုတာ ကိုမိုးသကြားအားတဲ့အချိန်မှာ တစ်ချက်လောက်ဖြေကြားပေးပါခင်ဗျား

    ReplyDelete
  7. Bro ipad2 ios 9.1မြန်​မာ font ရလား
    အလှမ်း​ဝေး​နေတာ​မို့ မသိလို့ပါ

    ReplyDelete
  8. Please help me for iphone6Plus.How to download for Myanmar keyboard and Myanmar font.

    ReplyDelete