Monday, September 21, 2015

WeChat App အပါအဝင် Malware ပါသော App များကို Apple မှ ဖယ်ရှားနေရ

Apple App Store တွင် ရာနှင့်ချီသော App များ၌ malware ပါရှိနေကြောင်း တွေ့ရှိရသဖြင့် Apple မှ ဖယ်ရှားမှုများ စတင်ပြုလုပ်နေရပါပြီ..။

iOS Applications များ ဖန်တီးရေးဆွဲရာတွင် အသုံးပြုရသော Apple ၏ Application “Xcode” ကို အတုဖန်တီးထားသော “XcodeGhost” ဖြင့် Applications များ Store ပေါ်သို့ တင်နေသည့် အချိန်တွင် အန္တရာယ်ပေးနိုင်မည့် code များကို ရောနှောထည့်သွင်းခဲ့ခြင်း ဖြစ်ပါတယ်..။

Hackers များက Developers များကို Apple ရဲ့ တရားဝင် Xcode ကို အသုံးပြုမယ့်အစား သူတို့ ဖန်တီးထားသော Xcode tools ကို အသုံးပြုဖို့ တစ်နည်းနည်းနဲ့ စည်းရုံးခဲ့တာလည်း ဖြစ်နိုင်သလို Apple sever ကို တရုပ်ပြည်မှ download ချရတာ နှေးတာကို အကြောင်းပြုပြီး ပိုမိုမြန်ဆန်တဲ့ ‘mirror’ စနစ်ကို အသုံးပြုခဲ့ပြီး Xcode applications ကို download ရယူခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

“WeChat” App လည်း အဆိပ်သင့်တဲ့ အထဲမှာ ပါဝင်ခဲ့တာကြောင့် “WeChat” အသုံးပြုနေသူတွေ ယခုနောက်ဆုံး ဗားရှင်းဖြစ်တဲ့ WeChat version6.2.6 ကို ချက်ခြင်း Update လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။ Apple ရဲ့ စစ်ဆေးချက်အရ ယခု နောက်ဆုံးဗားရှင်းဟာ အန္တရာယ်ကင်းပါတယ်။ တရုပ်ဈေးကွက်ကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ပေမယ့် “WeChat” လို နိုင်ငံတစ်ကာမှာ အသုံးပြုနေတဲ့ App တွေ ပါဝင်ခဲ့တာကြောင့် အကောင်းဆုံးက မိမိရဲ့ iCloud နှင့် အခြားအကောင့် password တွေကို ချက်ခြင်းပြောင်းပါ။

** “Xcode Ghost” နဲ့ ပက်သက်ပြီး သိထားသင့်သည်များ **

XcodeGhost ဆိုသည်မှာ
XcodeGhost သည် iOS malware တစ်ခုဖြစ်ပြီး Apple application “Xcode” အတု တစ်ခုဖြစ်ပါတယ်။

ဘယ်လိုပျံ့နှံ့ခဲ့သလဲ..?
Xcode version အတုကို China Cloud file sharing service Baidu ပေါ်မှာ တင်ပေးခဲ့ပြီး တရုပ်ပြည်က Developers တွေက ရယူ သုံးဆွဲခဲ့ခြင်း ဖြစ်ပါတယ်။ modified လုပ်ထားတဲ့ Xcode IDE နဲ့ သူတို့ရဲ့ App တွေကို AppStore ပေါ်ကို တင်မိခဲ့ကြပါတယ်.
တင်လိုက်တဲ့ App တွေက Apple ရဲ့ code review လုပ်ငန်းစဉ်ကိုလည်း ကျော်ဖြတ်နိုင်ပြီး သုံးစွဲသူတွေရဲ့ Device ထဲကို အောင်မြင်စွာ install လုပ်ပြီး ရောက်ရှိသွားပါတယ်။

Malware ထိသော App များ..
WeChat, NetEase Cloud Music, WinZip အစရှိတဲ့ Apps များအပါဝင် iOS applications ၅၀ကျော်မက malware ထိခဲ့တယ်လို့ Palo Alto Networks က ဖြန့်ဝေအသိပေးခဲ့ပါတယ်..။ ဤနေရာတွင် ကြည့်ပါ

အဆိပ်မိခဲ့သော အသုံးပြုသူများ…
XcodeGhost ကြောင့် iOS users ပေါင်း သန် ၅၀၀ ကျော်လောက် ထိခဲ့မယ်လို့ ခန့်မှန်းထားပြီး အဓိက ကတော့ Asia-Pacific မှာ လူသုံးများ နာမည်ကြီးခဲ့တဲ့ “WeChat” App ကြောင့်ဖြစ်ပါတယ်။

မည်သည့် တရားမင် Xcode versions တွေမှာ အဆိပ်မိခဲ့လဲ…?
တရားမဝင်နည်းလမ်းဖြင့် ရယူထားသည့် Xcode 6.1 ကနေ Xcode 6.4 ကြား versions တို့မှာ အဆိပ်မိခဲ့ပါတယ်။

XcodeGhost က iOS device ကို ဘာတွေလုပ်နိုင်သလဲ..?
XcodeGhost ပါတဲ့ iOS App က device ရဲ့ informations တွေအားလုံးကို သိမ်းယူနိုင်ပါတယ်၊ ထို့နောက် encrypt လုပ်ပြီး hackers တွေဆီကို ပြန်လည်ပေးပို့ပါလိမ့်မယ်။

အောက်ပါအချက်လက်များကို သိမ်းဆည်းရယူနိုင်ပါတယ်..
  • Current time
  • Current infected app’s name
  • The app’s bundle identifier
  • Current device’s name and type
  • Current system’s language and country
  • Current device’s UUID
  • Network type

XcodeGhost အန္တရာယ်က ဘယ်လိုကာကွယ်ကြမလဲ…?

iOS users များအနေနဲ့ ဤနေရာတွင် ဖော်ပြထားသော စာရင်းပါ App များကို သွင်းထားမိပါက ချက်ခြင်း Uninstall လုပ်ပါ။ (သို့မဟုတ်) Version အသစ်ကို ချက်ခြင်း Update လုပ်ပါ။ iCloud အပါအင် အခြားဆက်စပ်နေသော Account password များကို ချက်ခြင်း ပြန်ပြောင်းပါ။

Developers များအနေနဲ့ Xcode Application ကို Apple Official website မှ လွဲ၍ အခြားသော နေရာများမှ Download ရယူ သုံးစွဲခြင်းကို ရှောင်ကျဉ်ပါ။


Credit to : macrumors


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့်မှန်းလို့ မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်ပေးကြပါ...


မိုးသိကြား

Facebook Comments

0 comments :

Post a Comment