Friday, May 22, 2015

Smart phone တွင် free VPN ထည့်သွင်းနည်း

Virtual Private Network (VPN) ဆုသည်မှာ internet သုံးစွဲသည့်အခါ Data အပို့အယူများတွင် လုံခြုံစိတ်ချရမှု ရှိစေရန်၊ မည်သည့် အတားအဆီးမျှ (နိုင်ငံ၊ နယ်နမိတ်) မရှိပဲ သီးသန့် လွပ်လပ်စွာ အသုံးပြုလိုသည့် အချိန်အခါမျိုးတွင် မိမိ အသုံးပြုနေသည့် internet လိုင်းပေါ်တွင် private အနနှင့် ထပ်ဆင့်ခံ၍ အသုံးပြုရသည် ဆိုတာကို လူအတော်များများ သိပြီးသား ရင်းနှီးပြီးသား၊ သုံးစွဲဖူးကြပြီးသား ဖြစ်ကြပါလိမ့်မည်။

Smart phone အသုံးပြုသူများအတွက် သက်ဆိုင်ရာ VPN applications များကို install လုပ်၍ အသုံးပြုနိုင်ပါသည်။

အခက်အခဲ ရှိတာကတော့ အဆိုပါ VPN service အတွက် လစဉ်ကြေး/နှစ်စဉ်ကြေး ပေးကြရခြင်းပါ (သို့မဟုတ်) serial key များကို hacked လုပ်ပြီးမှ သုံးကြရပါတယ်....။

ယခုဖော်ပြမယ့် VPN ကတော့ Subscription fees လည်းပေးစရာမလို၊ hacked လုပ်ဖို့လည်း မလိုသလို အခြားမည်သည့် third party App ကိုမှလည်း install လုပ်ရန် မလိုပဲ 24/7 VPN ကို free အသုံးပြုနိုင်ပါလိမ့်မည်။

"UK VPN" နှင့် "US VPN" နှစ်မျိုးလုံး ရယူထည့်သွင်းနည်းကို လွယ်ကူ ရှင်းလင်းစေရန် ပုံနှင့်တစ်ကွ ဖော်ပြပေးလိုက်ပါတယ်။

၁) ပထမဦးစွာ Settings -> VPN -> Add VPN Configuration ကို သွားပါ။


၂) "PPTP" ကို ရွေးပေးပါ။


၃) ပုံပါအတိုင်း ရိုက်သွင်းပါ။ Password: freevpn ဖြစ်သည်။


Android phone များတွင်လည်း ဖော်ပြပါနည်းအတိုင်း ထည့်သွင်းနိုင်ပါလိမ့်မည်....။





အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

1 comment :